Quantcast
Viewing all articles
Browse latest Browse all 7343

လီဗြောင်ဟွန်းပါဝင်တဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲ ဇူလိုင်လ ၇ ရက်နေ့မှာ ပြမည်

ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်မယ့် “Mr. Sunshine” ဇာတ်လမ်းတွဲရဲ့ ပိုစတာတွေ ဇွန်လ ၇ ရက်နေ့မှာ ထွက်ရှိ လာခဲ့ပါတယ်။ “Mr. Sunshine” ဇာတ်လမ်းတွဲကတော့ ကိုရီးယားလေ့လာရေးအဖွဲ့နဲ့အတူ ၁၈၇၁ ခုနှစ်မှာ အမေရိကန် နိုင်ငံကို စစ်သင်္ဘောတစင်းနဲ့ ပါသွားပြီး အမေရိကန် စစ်သားတယောက်အနေနဲ့ ကိုရီးယားမှာ စစ်မှုထမ်းဆောင်ဖို့ ပြန်လာတဲ့ ကိုရီးယားအမျိုးသားတယောက်ရဲ့ အကြောင်းကို ပုံဖော်မယ့် သမိုင်းနောက်ခံ ဒရာမာ ဖြစ်ပါတယ်။

နာမည်ကျော် ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “Descendants of the Sun” နဲ့ “Goblin” ဇာတ်လမ်းတွဲတို့ိုမှာ အတူတူ အလုပ် တွဲလုပ်ခဲ့ကြတဲ့ ဇာတ်ညွှန်းရေး ဆရာမ Kim Eun Sook နဲ့ ဒါရိုက်တာ Lee Eung Bok တို့ရဲ့ ဖန်တီးမယ့် အခု ဒရာမာ အသစ်မှာတော့ နာမည်ကျော် သရုပ်ဆောင် တော်တော်များများ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲမှာတော့ မင်းသား လီဗြောင်ဟွန်း၊ မင်းသမီး Kim Tae Ri (ကင်ထယ်ရီ) နဲ့ Yoo Yeon Seok (ယူယောင်းဆော့) တို့က ကိုရီးယားသမိုင်းမှာ မှတ်တမ်းတင်ထားတာမရှိနိုင်တဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းမှာ ပါဝင်မယ့် သူရဲကောင်းတွေကတော့ ကိုရီးယားနိုင်ငံ လွတ်မြောက်ရေးအတွက် တိုက်ခိုက်ပြီး တရားမျှတမှုကို ဦးတည်ကြမှာလည်း ဖြစ်ပါတယ်။

မင်းသား လီဗြောင်ဟွန်းကတော့ ဒီဇာတ်လမ်းထဲမှာတော့ ကိုရီးယားမှာ ကျွန်အဖြစ် မွေးဖွားလာပြီး အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ Eugene Choi အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ မင်းသမီး Kim Tae Ri ကတော့ ထက်မြက်တဲ့ စိတ်ရှိပြီး အပြစ်ကင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်တဲ့ မြင့်မြတ်တဲ့မိသားစုရဲ့ သမီး Go Ae Shin အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

မင်းသား Yoo Yeon Seok ကတော့ အသားသတ်သမားတဦးအနေနဲ့ မွေးဖွားလာခဲ့ပြီးနောက် နဂါးပြာအဖွဲ့ကို ဦးဆောင်မယ့်သူတဦးအဖြစ် ဂျိူဆွန်းပြည်ကို ပြန်လာမယ့် Goo Dong Mae အဖြစ် ပါဝင်မှာလည်း ဖြစ်ပါတယ်။ “Mr. Sunshine” ဇာတ်လမ်းတွဲကို ဇူလိုင် ၇ ရက် ကိုရီးယားစံတော်ချိန် ည ၉ နာရီကစလို့ ပြသတော့မှာဖြစ်ပြီး အပိုင်း ၂၄ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။

Ref:soompi

The post လီဗြောင်ဟွန်းပါဝင်တဲ့ သမိုင်းနောက်ခံ ဇာတ်လမ်းတွဲ ဇူလိုင်လ ၇ ရက်နေ့မှာ ပြမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...