Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖျော်ဖြေပွဲမှာ သေနတ်ပစ်ဖောက်သံ အသုံးပြုခဲ့လို့ ဝေဖန်ခံနေရတဲ့ အဆိုတော် Eminem

$
0
0

ကမ္ဘာကျော် Rap အဆိုတော် Eminem ဟာ Bonnaroo ဂီတပွဲတော်မှာ သူ့ရဲ့ တင်ဆက်မှုအတွင်း သေနတ်ပစ်ဖောက်သံ အသုံးပြုခဲ့လို့ ပရိသတ်တွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရပြီးတဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

‘Lose Yourself’ သီချင်းအဆိုတော် Eminem ဟာ Tennessee ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဂီတပွဲတခုုမှာ ဖျော်ဖြေခဲ့ပြီး ကြောက်မက်ဖွယ် သေနတ်ပစ်ဖောက်သံကို အသုံးပြုခဲ့တဲ့အတွက် ပရိသတ်တချို့ ထိတ်လန့်ခဲ့ ကြရပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာဆိုရင် သေနတ်ပစ်ဖောက်သံ အသံအထူးပြုလုပ်ချက် ထွက်ပေါ် လာချိန်မှာ ပရိသတ်တွေက အော်ဟစ်နေကြပြီး ကြောက်လန့်တကြားနဲ့ မြေကြီးကို ငုံ့နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် Eminem ရဲ့ ပြောရေးဆိုခွင့်ရှိသူက “Eminem ဟာ သူ့ရဲ့ Live Show မှာ သေနတ် ပစ်ဖောက်သံ အသံ အထူးပြုလုပ်ချက်ကို အသုံးမပြုခဲ့ပါဘူး” လို့ Billboard မီဒီယာကို အီးမေးလ်ပို့ပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီပြောခွင့်ရပုဂ္ဂိုလ်က “Bonnaroo ပွဲ ဖျော်ဖြေမှုမှာ Eminem အသုံးပြုခဲ့တဲ့ အထူးပြုလုပ်ချက်က ကျယ်လောင်တဲ့ အသံကို ထွက်ပေါ်စေနိုင်တဲ့ မီးရှုးမီးပန်း ပစ်ဖောက်သံပုံစံ နည်းပညာ ဖြစ်ပါတယ်။ တခြားအနုပညာရှင် ရာပေါင်းများစွာ လိုပဲ သူဟာ ဒီအထူးပြုလုပ်ချက်ကို အသုံးပြုခဲ့တာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်တည်းကပါပဲ” လို့ပြောကြားခဲ့ပါတယ်။

Instagram ပေါ်မှာ နာမည်ကျော်ကြားသူ Sandra Poenar က “ကျမ Eminem ရဲ့ ဖျော်ဖြေမှုအတွင်းမှာ ပျော်ရွှင်နေခဲ့ ပြီးတဲ့နောက် တကယ့်ကို သေနတ်ပစ်သံ ဆူညံသံကြီးကို သူဖွင့်ခဲ့ပါတယ်။ လူအုုပ်ကြီးက ထိတ်လန့်သွားခဲ့ပြီး ဒီလိုမျိုး အသည်းခိုက်စရာ အသံကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပါဘူး။ ဝရုန်းသုံးကားဖြစ်ဖို့ အခြေအနေဖြစ်သွားခဲ့ပါတယ်။ တကယ့် ကို အဆင်မပြေခဲ့ပါဘူး” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Les Vegas မြို့မှာ ပြုလုပ်တဲ့ Route 91 Harvest Country Music Festival မှာ သေနတ်သမား တဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၅၈ ဦးသေဆုံးခဲ့ပြီး ပွဲပရိသတ် ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

Ref: contactmusic

The post ဖျော်ဖြေပွဲမှာ သေနတ်ပစ်ဖောက်သံ အသုံးပြုခဲ့လို့ ဝေဖန်ခံနေရတဲ့ အဆိုတော် Eminem appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...