Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Batman ရုပ်ရှင်အသစ်မှာ လင်းနို့လူသားအဖြစ် Ben Affleck ကို တွေ့ရဦးမှာလား

$
0
0

မင်းသား Ben Affleck ဟာ လင်းနို့လူသား (Batman) အဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်တော့တဲ့ အကြောင်း DC Comics ကနေ နောက်ထပ်ထုတ်လုပ်မယ့် စူပါဟီးရိုးရုပ်ရှင်တွေအတွက် Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ အကြောင်း The Hollywood Reporter မီဒီယာရဲ့ ဆောင်းပါးတပုဒ်မှာ တွေ့ရပါတယ်။

The Hollywood Reporter မီဒီယာရဲ့အဆိုအရ WB ရဲ့ DC Entertainment ဌာနမှ စီမံခန့်ခွဲရေး အပြောင်းအလဲက လင်းနို့လူသားအဖြစ် မင်းသား Affleck ကို အနာဂတ်မှာထပ်မံမြင်တွေ့ရဖို့ မကျိန်းသေတော့ဘဲ စတူဒီယိုအနေနဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ငယ်ရွယ်တဲ့ မျက်နှာသစ် သရုပ်ဆောင် တယောက်နဲ့ အစားထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာတော့ Batman ရုပ်ရှင်အသစ်ကို ဇာတ်ညွှန်းရေးသားမယ့် ဒါရိုက်တာ Matt Reeves ကငယ်ရွယ်တဲ့ မျက်နှာသစ် သရုပ်ဆောင်တဦးကို ရှာဖွေဖို့ အာရုံစိုက်မယ်လို့ ပြောကြားခဲ့ဖူးပြီး စတူဒီယိုဘက်ကလည်း အဲဒါနဲ့ ပတ်သက်လို့ တုန့်ပြန်ပြောကြားခဲ့တာ မရှိပါဘူး။ Batman ရုပ်ရှင် ၃ ခုမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသား Ben Affleck ကတော့ ရုပ်ရှင်အသစ်မှာ ပြန်လည်ပါဝင်လာတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အင်တာဗျူးတွေထဲမှာတော့ မင်းသား Affleck ဟာ အနာဂတ် Batman ရုပ်ရှင်တွေအတွက် ရေပန်းစားနေပြီး ကနဦး မှာတော့ Batman ရုပ်ရှင်အသစ်မှာ ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင်သရုပ်ဆောင်ဖို့ ၂၀၁၆ ခုနှစ်မှာ သဘောတူခဲ့ပြီး အဲဒီနောက်နှစ် ဇန်နဝါရီလမှာတော့ သရုပ်ဆောင်ဖို့၊ ဇာတ်ညွှန်း ရေးဖို့နဲ့ ထုတ်လုပ်ဖို့ကိုသာ ဦးတည်မယ်လို့ ဆိုလာပါတယ်။ ဒါပေမယ့် ဒါရိုက်တာနေရာမှာ Affleck ကို ဖယ်ရှားပြီး ဝင်ယူလာတဲ့ ဒါရိုက်တာ Reeves က မင်းသားရဲ့ ဇာတ်ညွှန်းကို ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ အတည်ပြုခဲ့ပါတယ်။

နောက်ထပ် ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာဆိုရင် မင်းသား Affleck က Comic-Con ပွဲမှာ ငြင်းဆိုခဲ့တဲ့အတိုင်း ပါဝင် သရုပ်ဆောင်ဖို့ နုတ်ထွက်မယ်လို့ ဖော်ပြလာပါတယ်။ မင်းသား Affleck က “ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ ကျနော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတယောက်ပါ။ လင်းနို့်လူသားဆိုတာ စကြာဝဠာထဲမှာ အအေးစက်ဆုံး အပိုင်းမှာပါ။ အဲဒါကို သရုပ်ဆောင်ရတာ စိတ်လှုပ်ရှားပါတယ်။ အရမ်းအံ့သြဖို့လည်း ကောင်းပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနှောင်းပိုင်း နွေရာသီကာလမှာတော့ အသက် ၄၅ နှစ်အရွယ် မင်းသား Affleck ရဲ့ညီ မင်းသား Casey Affleck က သူ့အစ်ကိုဖြစ်သူဟာ အဲဒီရုပ်ရှင်မှာ ပါဝင်တော့မယ်လို့မထင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ မင်းသား Affleck က Batman ရုပ်ရှင်ဟာ သူအာရုံစိုက်ထားရတဲ့ အရာဖြစ်ကြောင်း ဖော်ပြ ပြောဆိုပြီး ပါဝင်သရုပ်ဆောင်ဖို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မင်းသား Affleck ဟာ အနာဂတ် Batman ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် သရုပ်ဆောင်မှာလားဆိုတာ ကိုတော့ တရားဝင် အတည်ပြုတာလည်း မရှိသေးသလို ငြင်းဆိုတာလည်း မရှိသေးပါဘူး။

Ref: etcanada

The post Batman ရုပ်ရှင်အသစ်မှာ လင်းနို့လူသားအဖြစ် Ben Affleck ကို တွေ့ရဦးမှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...