Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွန်ဂိုအင်ပါယာ ထူထောင်သူ အကြောင်း ရိုက်ကူးထားတဲ့ “Genghis Khan” ရုပ်ရှင်

$
0
0

ဒီတခါမှာတော့ ဒီနှစ်အတွင်းမှာပဲ ထွက်ရှိတာတဲ့ တရုတ်ရုပ်ရှင် ဇာတ်ကားတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်ဂန္တဝင် သမိုင်းနောက်ခံနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတို့ကို ပေါင်းစပ်ထားတဲ့ ဒီ “Genghis Khan” ရုပ်ရှင်ကိုတော့ Jean-Jacques Annaud က ထုတ်လုပ်ပြီး ဒါရိုက်တာ Hasi Chaolu က ထုတ်လုပ်ပေးထားပါတယ်။

၁၂ ရာစုနဲ့ ၁၃ ရာစုကြားမှာ တထီးတနန်းနဲ့ ရပ်တည်ခဲ့တဲ့ မွန်ဂိုအင်ပါယာကို တည်ထောက်ခဲ့သူ ဂျန်ဂျစ်ခန်ရဲ့ငယ်ဘဝ နေရာမှာတော့ မင်းသား William Chan က ပါဝင်ထားပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ဒီရုပ်ရှင်ကို ဖြန့်ချိဖို့ နဂိုက စီစဉ်ထားခဲ့ပေမယ့် ရိုက်ကူးရေးနောက်ပိုင်း လုပ်ငန်းတွေကြောင့် ၂၀၁၈ ခုနှစ် ဧပြီ ၂၈ ရက်  ရောက်မှသာ ဖြန့်ချိပြသနိုင်ခဲ့တာဖြစ်ပါတယ်။ (၈) ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အပိတ်ရုပ်ရှင် အဖြစ် ပြသခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဂျန်ဂျစ်ခန်းဖြစ်လာမယ့် Temüjin နဲ့ ကြင်ယာတော် Börte တို့ဟာ တဦးကိုတဦး ချစ်ကြတဲ့ ငယ်ချစ်ဦးတွေ ဖြစ်ကြပါတယ်။ ကြီးလာရင် လက်ထပ်ပေးမယ်လို့ ကတိပြုထားကြပေမယ့် Temüjin ရဲ့ အဖေတိုက်ပွဲမှာ ကျဆုံးခဲ့ပြီးတဲ့နောက် သူတို့ နှစ်ဦးရဲ့ အချစ်ရေးဟာလည်း ပြိုလဲခဲ့ရပါတယ်။

ဒါ့အပြင် ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် သူတို့မျိုးနွယ်စု တခုလုံးနဲ့ Temüjin တို့ သားအမိနှစ်ဦးဟာ ခွဲထွက်ပြီး နေခဲ့ရပေမယ့် တနေ့မှာတော့ ငယ်စဉ်ကတည်းက စေ့စပ်ထားတဲ့ Börte နဲ့ လက်ထပ်ရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီနောက် မင်္ဂလာဦးညမှာပဲ တစ္ဆေတိုင်းပြည်ရဲ့ ဘုရင်ကြီးက ကမ္ဘာ့မိခင်မြေကြီး သွေးကို ပိုင်ဆိုင်ထားတဲ့ Börte တို့ လာရောက်ဖမ်းဆီးရာကနေ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတယ်။

အရင်ဆုံး ဂျန်ဂျစ်ခန် လို့ ခေါ်တဲ့ Temüjin ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဒီဇာတ်လမ်း ဘယ်လိုချိတ်ဆက်သွားလဲ ကြည့်ကြ ရအောင်ပါ။ တိုက်ပွဲဘုရင်ကြီးလို့ ခေါ်တဲ့ ဂျန်ဂျစ်ခန်ကို ၁၁၆၂ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ သူကွယ်လွန်ပြီး တဲ့နောက် ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး အင်ပါယာ ဖြစ်လာခဲ့တဲ့ မွန်ဂိုအင်ပါယာကို ပထမဆုံး ထူထောင်ခဲ့သူလည်း  ဖြစ်ပါတယ်။

အရှေ့မြောက်အာရှဒေသမှာရှိတဲ့ ရွှေ့ပြောင်းသွားလာနေထိုင်တဲ့ မျိုးနွယ်စုတွေကို စုပေါင်းပြီး အင်အားရရှိခဲ့တာလည်း  ဖြစ်ပါတယ်။ အင်ပါယာကြီးကို ထူထောင်ခဲ့ပြီးတဲ့နောက် “ဂျန်ဂျစ်ခန်” ရယ်လို့ အမည်ပေး သမုတ်ခံရတဲ့ သူဟာ ဥရောပနဲ့ အာရှတိုက်ကြားက ဒေသအများစုကို အောင်နိုင်ရရှိခဲ့တဲ့ မွန်ဂိုကျူးကျော်မှုတွေကို ဆင်နွှဲခဲ့ပါတယ်။

သူပိုင်ဆိုင်ခဲ့တဲ့ ဒေသတွေထဲမှာဆိုရင် အာရှအလယ်ပိုင်း၊ အာဖဂန်နစ္စတန်နဲ့ တရုတ်နိုင်ငံတို့ ပါဝင်တဲ့ Qara Khitai ဒေသ၊ ဥရောပနဲ့ အာရှတိုက်ကြားက နယ်စပ်ဒေသနိုင်ငံတွေပါဝင်တဲ့ Caucasus ဒေသ၊ အာရပ်ဒေသနိုင်ငံတွေ ပါဝင်တဲ့ Khwarazmian ဒေသ၊ တိဘက်ဒေသ အရှေ့မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ပါဝင်တဲ့ Western Xia ဒေသနဲ့ တရုတ်နိုင်ငံ မြောက်ပိုင်းက မန်ချူးတို့ ကြီးစိုးတဲ့ Jin ဒေသတွေပါဝင်ပါတယ်။

အဲဒီလို နယ်မြေသိမ်း တိုက်ပွဲတွေမှာဆိုရင် အပြစ်မဲ့ ပြည်သူများစွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ သူသေဆုံးချိန်မှာတော့ မွန်ဂိုအင်ပါယာဟာ အာရှအလယ်ပိုင်းနဲ့ တရုတ်နိုင်ငံကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဂျန်ဂျစ်ခန်  သေဆုံးပြီး တဲ့နောက် Ögedei Khan က အာဏာဆက်ခံခဲ့ပေမယ့် သူ့ရဲ့ မြေးတွေက သူပိုင်ဆိုင်ခဲ့တဲ့ အင်ပါယာကြီးကို  အစိတ်စိတ် အမွှာမွှာဖြစ်အောင် ဖြိုခွဲခဲ့ကြပါတယ်။

Western Xia ကို ချေမှုန်းခဲ့ပြီးတဲ့နောက် ၁၂၂၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို မွန်ဂိုလီးယားနိုင်ငံရဲ့ နေရာတခုမှာရှိတဲ့ အမှတ်အသား မရှိတဲ့ ဂူတခုမှ မြှုပ်နှံသဂြိၤုလ်ထားတယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်မှာဆိုရင် ဂျန်ဂျစ်ခန်ရဲ့ ငယ်ဘဝမှာ သတ္တိနည်းခဲ့ပုံ၊ လူငယ်ဘဝမှာ ခွန်အားကြီးလာခဲ့ပုံ၊ အချစ်နဲ့ မျိုးနွယ်စုအတွက် စွန့်လွှတ် စွန့်စားပုံတွေကို ရှုစားကြရမှာဖြစ်ပါတယ်။ ခွန်အားကြီးပေမယ့် တစွတ်ထိုးဆန်တဲ့အခါ မိမိမိတ်ဆွေတချို့ကို ဆုံးရှုံးလိုက်ရပုံ၊ အကြီးအမှူး ဂုဏ်အင်္ဂါရပ်တွေနဲ့ ပြည့်စုံပုံတွေကိုလည်း တွေ့မြင်ရမှာပါ။

ဇာတ်လမ်း အသွားအလာနဲ့ အထူးပြုလုပ်ချက်တွေမှာ အားနည်းချက်တွေ ရှိပေမယ့် ဂျန်ဂျစ်ခန်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား William Chan နဲ့ တစ္ဆေတိုင်းပြည် ဘုရင်ကြီး ဟူးချူးလူ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jun Hu ရဲ့ အံ့မခန်း သရုပ်ဆောင် ချက်တွေကို မြင်တွေ့ရမှာပါ။ IMDB Rating (10/4.6) ပဲရှိတယ်ဆိုတော့ အညွှန်းကိန်း နည်းတယ်လို့ ဆိုနိုင်ပါတယ်။

The post မွန်ဂိုအင်ပါယာ ထူထောင်သူ အကြောင်း ရိုက်ကူးထားတဲ့ “Genghis Khan” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...