Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ချစ်သူကို နှလုံးသားက ခံစားရတဲ့အတိုင်း ရွေးမှာပါ” ဆိုတဲ့ သရုပ်ဆောင် ဒေါင်း

$
0
0

မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တော် မင်းသား တယောက်ဖြစ်တဲ့ သရုပ်ဆောင် ဒေါင်းကတော့ ကဗျာဆန်တဲ့ သူ တယောက်ဖြစ်ပြီး သဘာဝတရားကြီးကို ချစ်တဲ့အတွက် ချစ်သူကို သဘာဝတရားကြီးနဲ့ ခိုင်းနှိုင်းချင်ပါတယ်လို့  ပြောပါတယ်။

“ချစ်သူက သစ်ရွက်လေးတရွက် ဖြစ်ရင်လည်းဖြစ်မယ်။ ပန်းပွင့်လေးတပွင့် ဖြစ်ရင်လည်းဖြစ်မယ်။ ငှက်လေးတကောင် ဖြစ်ရင်လည်း ဖြစ်မယ်။ သဘာဝတရားကြီးအားလုံးနဲ့ ခိုင်းနှိုင်းချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က သဘာဝတရား ကြီးကို ချစ်တယ်” လို့ ဒေါင်းက ပြောပါတယ်။ အခုချိန်မှာတော့ အချစ်ရေးက အေးအေးဆေးဆေး ဖြစ်နေပြီး နှလုံးသားက ခံစားရတဲ့အတိုင်း ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

“အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ချစ်စရာတွေ့ရင်ချစ်မှာပေါ့။ ကျနော် မိန်းကလေး တယောက်ကို ကုန်ပစ္စည်း ရွေးသလို မရွေးချင်ဘူး။ Brand တခုလိုလည်း မရွေးချင်ဘူး။ နှလုံးသားက ခံစားတဲ့အတိုင်း ရွေးမှာပါ” လို့ ဒေါင်းက ပြောပါတယ်။

ဒေါင်းကတော့ မကြာခင်မှာလည်း သူ့ကို စင်တင်မွေးထုတ်ပေးရာ ထုတ်လုပ်ရေးဖြစ်တဲ့ ဆာတိုရီထုတ်လုပ်ရေးမှ မင်းသားဖြစ်တဲ့ ရဲတိုက်နှင့်အတူ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒေါင်း အတွက် ၃ ကားမြောက် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒီကားထဲမှာတော့ ဒေါင်းက ပေကပ်ကပ်၊ ဂျစ်ကန်ကန် သူဌေးသားလေး နေရာက သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဒီဇာတ်ရုပ်က သူ့အတွက် စိန်ခေါ်မှုတွေရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ပရိသတ် ဘယ်တော့မှ မမေ့နိုင်တဲ့ကားမျိုးတွေ ရိုက်ဖို့အတွက် ကြိုးစားမယ်” ဆိုတဲ့ ဒေါင်း

The post “ချစ်သူကို နှလုံးသားက ခံစားရတဲ့အတိုင်း ရွေးမှာပါ” ဆိုတဲ့ သရုပ်ဆောင် ဒေါင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည် တွေရဲ့ ကြောက်စရာ အန္တရာယ်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မနောမယအိမ်ခြံမြေရောင်းနည်း