Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယရုပ်ရှင်ဆုပေးပွဲမှာ “အကောင်းဆုံး မင်းသမီးဆု” ရရှိခဲ့တဲ့ ကွယ်လွန်သူ မင်းသမီး ဆရီဒေဝီ

$
0
0

ဘောလိဝုဒ် စူပါစတား ဆရီဒေဝီဟာ ရုတ်တရက် ကွယ်လွန်ခဲ့ပြီး လအနည်းငယ်အကြာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဆုပေးပွဲမှာ သူနောက်ဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားနဲ့ “အကောင်းဆုံး မင်းသမီးဆု”ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘောလိဝုဒ်ရဲ့အော်စကာလို့ တင်စားကြတဲ့ နိုင်ငံတကာ အိန္ဒိယရုပ်ရှင်အကယ်ဒမီ (IIFA) ရဲ့နှစ်စဉ်ပြုလုပ်နေကျ ဆုပေးပွဲ ကို ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် စတား တော်တော်များများလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမယ့် တကယ့်သြဇာကြီးမားတဲ့ ဆုနှစ်ခုကိုတော့ ပွဲကိုတက်ရောက်လာခြင်း မရှိတဲ့အနုပညာရှင်နှစ်ဦးကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ တဦးကတော့ နိုင်ငံတကာအထိ ထိုးဖောက်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ “Life Of Pi” နဲ့ “Slumdog Millionaire” တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Irrfan Khan ဖြစ်ပါတယ်။

သူကတော့ အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆုကို ရရှိခဲ့ပေမယ့် ရှားပါးတဲ့ ကင်ဆာရောဂါကို ခံစားနေရကြောင်း ဒီနှစ်အစောပိုင်းမှာပဲ ထုတ်ပြောခဲ့ပြီး တဲ့နောက် ဆုပေးပွဲကို တက်ရောက်လာခဲ့ခြင်း မရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက “Inferno” ဆိုတဲ့ ရုပ်ရှင်မှာ မင်းသားကြီး Tom Hanks နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် အိန္ဒိယမင်းသား Irrfan ဟာ အမိမြေဘောလိဝုဒ်နဲ့ ဟောလိဝုဒ်မှာပါ အထူးအောင်မြင်ပြီး ကမ္ဘာလုံးက အသိအမှတ် ပြုထားတဲ့ ဘောလိဝုဒ်စတားတဦးလည်း ဖြစ်ပါတယ်။

သူဟာ နာမည်ဂုဏ်သိက္ခာ ကြီးမားတဲ့ ကျောင်းတခုကို သမီးဖြစ်သူဝင်ခွင့်ရဖို့ ကြိုးစားပေးရတဲ့ ဖခင်ဖြစ်သူတယောက် အကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာရှိနေတဲ့ လူအတန်းအစားခွဲခြားမှုကို ဝေဖန်ထားတဲ့ “Hindi Medium” ရုပ်ရှင်နဲ့ ဆုရရှိခဲ့ တာလည်း ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကွယ်လွန်ခဲ့တဲ့ မင်းသမီး ဆရီဒေဝီကတော့ လင်ပါသမီး ဖြစ်သူကို အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့သူတွေကို လက်စားချေဖို့ ကြိုးပမ်းရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Mom” နဲ့ အကောင်းဆုံး ဇာတ်ဆောင် “မင်းသမီးဆု”ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယရုပ်ရှင်လောကရဲ့ နာမည်ကျော် တယောက်ဖြစ်တဲ့ ဆရီဒေဝီဟာ မင်္ဂလာပွဲတခုကို တက်ရောက်ဖို့ ရောက်ရှိနေခဲ့တဲ့ ဒူဘိုင်းမြို့က ဟိုတယ်တခုရဲ့ ရေချိုးဇလုံတခုထဲမှာ ရေနစ်သေဆုံးနေခဲ့တာဖြစ်ပါတယ်။ ဈာပနအခမ်းအနားကျင်းပခဲ့ ချိန်မှာတော့ မွမ်ဘိုင်းမြို့ပေါ်က လမ်းတွေမှာ စိတ်ထိခိုက်နေတဲ့ ပရိသတ်ထောင်ပေါင်းများစွာက စုရုံးခဲ့ကြပါတယ်။

IIFA အဖွဲ့ဟာ ဘောလိဝုဒ်ရဲ့ နိုင်ငံတကာ တောင်းဆိုမှုကို ပြသဖို့ အိန္ဒိယနိုင်ငံပြင်ပမှာ ဆုပေးပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ ပရိသတ် သန်း ၈၅၀ ကျော်နဲ့အတူ IIFA ဆုပေးပွဲဟာ အိန္ဒိယရဲ့အကြီးမားဆုံး မီဒီယာပွဲတခုဖြစ်ပြီး ကမ္ဘာပေါ်က လူကြည့်အများဆုံး နှစ်စဉ်ကျင်းပနေကျ ဖျော်ဖြေရေးပွဲတခုလည်း ဖြစ်ပါတယ်။ ဒီဆုပေးပွဲကိုတော့ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ တကမ္ဘာလုံးကို ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။

Ref: asiaone

The post အိန္ဒိယရုပ်ရှင်ဆုပေးပွဲမှာ “အကောင်းဆုံး မင်းသမီးဆု” ရရှိခဲ့တဲ့ ကွယ်လွန်သူ မင်းသမီး ဆရီဒေဝီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...