Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စစ်ဆေးရုံမှာ ဦးစားပေး ကုသခံရတယ်”လို့ အစွပ်စွဲခံနေရတဲ့ အဆိုတော် G-Dragon

$
0
0

နာမည်ကျော် တောင်ကိုရီးယားအမျိုးသားအဖွဲ့ Big Bang အဖွဲ့ဝင် အဆိုတော် G-Dragon ဟာ စစ်တပ်ထဲ ရှိနေစဉ်မှာ ဦးစားပေးကုသခံခဲ့ရတယ်လို့ စွပ်စွဲခံနေရတယ်လို့ သိရပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာ ဒေသတွင်း မီဒီယာတခုက လက်ရှိမှာစစ်မှုထမ်းဆောင်နေရတဲ့ Big Bang အဖွဲ့ခေါင်းဆောင် အဆိုတော် G-Dragon ဟာ ခြေကျင်းဝတ် နာကျင်တဲ့ ဝေဒနာကြောင့် ဇွန်လ ၁၉ ရက်မှာ ဂျောင်းဂီခရိုင်၊ ယန်ဂျူမြို့မှာရှိတဲ့ စစ်ဆေးရုံတခုမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းရဲ့ အဆိုအရ သူအသုံးပြုခဲ့အခန်းဟာ ဗိုလ်ကြီးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးတို့တောင် သုံးခွင့်မရတဲ့၊ ဗိုလ်မှူးကြီးတွေ အတွက်သာ သီးသန့်ထားရှိတဲ့ ပထမတန်းအခန်း ဖြစ်တယ်လို့ ဆိုလာပါတယ်။

သူ့အခန်းထဲမှာ လေအေးပေးစက်၊ တီဗွီ၊ ရေခဲသေတ္တာတို့ ရှိပြီး စစ်သား ၄ ဦး၊ ၆ ဦးနဲ့ ၈ ဦး အထိ နေထိုင်ရတဲ့ အခြား စစ်သားတွေအတွက် အခန်းမှာဆိုရင်အဲဒီလိုမျိုး အသုံးအဆောင်ပစ္စည်းမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူရဲ့ အခန်း အတွင်းမှာ ဧည့်တွေ့ခွင့်အချိန်ကိုလည်း အပြောင်းအလဲလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပုံမှန်အခြေအနေမှာတော့ ဧည့်သည်တွေဟာ ဆေးရုံမှာ နံနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိသာ လည်ပတ် နိုင်ပေမယ့် သူ့ရဲ့ မန်နေဂျာလိုမျိုး ပုဂ္ဂိုလ်တဦးကို ညနေ ၅ နာရီကျော်ပြီးတဲ့အချိန် အထိ သူ့အခန်းထဲမှာ မြင်တွေ့ ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဆိုတော် G-Dragon ဟာ အခုလ ၂၈ ရက်နေ့မှာ ဆေးရုံကနေ ဆင်းရမှာဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ YG အင်တာတိန်းမန့်ကတော့ အခုလိုမျိုး စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောဆိုထားပါတယ်။

အေဂျင်စီရဲ့ အဆိုအရ G-Dragon ဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပခဲ့စဉ် မှာကတည်းက ပုခုံးနဲ့ ခြေကျင်းဝတ်နာကျင်မှုကို ခံစားခဲ့ရကြောင်း၊ စစ်ရေးလေ့ကျင့်မှုမှာ အခြေအနေပိုမို ဆိုးရွားလာခဲ့ကြောင်း၊ အဲဒီ အခြေအနေကြောင့် ဆေးရုံတက် ကုသမှုခံယူရေးမှာ စစ်ဆေးရုံထက် တက္ကသိုလ် ဆေးရုံတခုခုမှာသာ တက်ရောက်ဖို့ အကြံပြုခဲ့ကြောင်း၊ ဒါ့အပြင် သူ တက်ရောက်ခဲ့တဲ့ ဆေးရုံအခန်းဟာ VIP အခန်းမဟုတ်ဘဲ သာမန်စစ်သားတွေအတွက် ထားရှိတဲ့ လူတဦးစာအခန်း ဖြစ်ကြောင်း၊ ဆေးရုံမှာ ရှုပ်ထွေးမှုတွေ၊ ဆူညံမှုတွေဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့ သင့်လျော်တဲ့ လုပ်ဆောင်မှု ဖြစ်ကြောင်း၊ သတင်းဌာနရဲ့ အထူးကုသမှု ခံယူနေတယ် ဆိုတဲ့သတင်းက အမှန် မဟုတ်ကြောင်း သိရပါတယ်။

G-Dragon ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစလို့ ဂန်ဝန်းခရိုင်၊ ချောင်းဝမ်မြို့မှာ တာဝန်ကျ စစ်သားတဦးအနေနဲ့ စစ်မှုတာဝန် ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

Ref:asiaone, soompi

The post “စစ်ဆေးရုံမှာ ဦးစားပေး ကုသခံရတယ်”လို့ အစွပ်စွဲခံနေရတဲ့ အဆိုတော် G-Dragon appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...