Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နောက်ဆက်တွဲ ရုပ်ရှင်တွေ ထပ်မံမြင်တွေ့ရဦးမယ့် “Along With The Gods” ရုပ်ရှင်

$
0
0

“Along with the Gods” ရုပ်ရှင်ကတော့ နောက်ထပ်တိုး ဇာတ်လမ်း အပိုင်းတွေနဲ့ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ပထမနဲ့ ဒုတိယမြောက်ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Yong Hwa ကပဲ တတိယနဲ့ စတုတ္ထမြောက် ရုပ်ရှင်တွေကို ဆက်လက်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်ကုန်ပိုင်းမှာ ဇာတ်ညွှန်းပြီးရင်တော့ ကျနော်တို့ဟာ နောက်နှစ်ကုန်ပိုင်းလောက်မှာ ပထမနဲ့ ဒုတိယ ရုပ်ရှင်တွေကို ဖြန့်ခဲ့သလိုမျိုး တတိယနဲ့ စတုတ္ထမြောက်ဇာတ်လမ်းတွေအထိ ဆက်လက်ထုတ်လုပ်သွားဖို့ ရှိပါတယ်”လို့ ဇွန်လ ၂၄ ရက်နေ့မှာ Realies Pictures ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အမှုဆောင်အရာရှိချုပ် Won Dong Yeon က Yonhap News မီဒီယာကို ပြောကြားခဲ့ပါတယ်။

“တတိယနဲ့ စတုတ္ထမြောက်ရှပ်ရှင်အတွက် prequel (မူရင်းဇာတ်လမ်း မတိုင်ခင် ဖြစ်ရပ်အခြေတည်ရုပ်ရှင်) နဲ့ spin-off (ဇာတ်ကောင်တခုကို ဦးတည်မယ့်ရုပ်ရှင်) တို့ကို ဖန်တီးဖို့ စဉ်းစား နေပါတယ်။ ဖြစ်နိုင်သလို အိုင်ဒီယာအားလုံးကို စဉ်းစားနေပါတယ်” လို့ အမှုဆောင်အရာရှိချုပ် Won Dong Yeon က ဆက်ပြောပါတယ်။

“Along with the Gods” ရုပ်ရှင်ဟာ Joo Ho Min ရဲ့ နာမည်ကျော် webtoon ကို အခြေခံထားပါတယ်။ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ “Along with the Gods: The Two Worlds” ကတော့ မီးလောင်ပြင်မှာ သေဆုံးခဲ့တဲ့ Kim Ja Hong လို့ ခေါ်တဲ့ မီးသတ်သမားလေးဟာ ငရဲအစောင့်အရှောက် ၃ ဦးနဲ့အတူ ငရဲမှာ အဆင့် ၇ ဆင့် ဖြတ်သန်းရပုံအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။

အဲဒီရုပ်ရှင်ဟာ ကြည့်ရှုသူ ၁၄ သန်းရှိခဲ့ပြီး ကိုရီးယားရုပ်ရှင်သမိုင်းမှာ ဒုတိယမြောက် ရုံဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာ ခဲ့ပါတယ်။ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ စတင်ပြသတော့မယ့် ဒုတိယမြောက်ရုပ်ရှင် ဖြစ်တဲ့ “Along with the Gods: The Last 49 Days” မှာတော့ ကိုယ့်ရဲ့ နောက် ၄၉ ခုမြောက် တရားစီရင်ချက်နဲ့ ရင်ဆိုင်ရမယ့် ငရဲ အစောင့်အရှောက်တွေ အကြောင်းကို အသားပေးထားပါတယ်။

သူတို့တွေဟာ အတိတ် နှစ်ပေါင်း ၁၀၀၀ ကိုသိရတဲ့ နတ်သားတပါးနဲ့ ဆုံစည်းမှာဖြစ်ပြီး အဲဒီနတ်သားက ငရဲ အစောင့်အရှောက်တွေရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဘဝတွေရဲ့ မေ့ပျောက်နေတဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့နိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ webtoon ကိုအခြေခံထားတဲ့ ပထမနဲ့ ဒုတိယရုပ်ရှင်တွေနဲ့ မတူတာက တတိယနဲ့ စတုတ္ထ ရုပ်ရှင်တွေဟာ ဇာတ်လမ်းအသစ်ကို အခြေခံမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်သြဂုတ်လ ၁ ရက်နေ့မှာ ပြသတော့မယ့် “Along With The Gods 2”

Ref:soompi

The post နောက်ဆက်တွဲ ရုပ်ရှင်တွေ ထပ်မံမြင်တွေ့ရဦးမယ့် “Along With The Gods” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...