Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဝိညာဉ်စိမ်း” ရုပ်ရှင်ကားကြီးမှာ ထိတ်လန့်ဖွယ် မိတ်ကပ် Effect ကို ပြင်ဆင်ပေးခဲ့တဲ့ ဟန်နာယူရီ

$
0
0

အသက်ငယ်ငယ်နှင့် မိတ်ကပ်ပညာမှာထူးချွန်တဲ့ ဟန်နာယူရီက “ဝိညာဉ်စိမ်း”ဇာတ်ကားမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ဇာတ်ရုပ်တွေအတွက် မိတ်ကပ် Effect တွေနဲ့ အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်ပါဝင်ပေးခဲ့တယ်လို့ ဧရာဝတီကို ပြောပါ တယ်။

“ကျမတို့လို လူငယ်အနုပညာရှင်တွေကို ကြိုဆိုပြီးတော့ အလုပ်တွဲလုပ်ဖြစ်တဲ့ ဇာတ်ကားလေးပါ။ ဒီကားမှာ အခက်အခဲ ကတော့ ကျမတို့က အသစ်ဆိုတော့ အခက်အခဲ နည်းနည်းလေးတွေတော့ ရှိတယ်။ အနုပညာရှင်တွေနဲ့ တွဲလုပ်တာရတာ အခက်အခဲတော့မရှိပါဘူး။ အကုန်လုံးက ကူညီရိုင်းပင်းကြပါတယ်။ ကျမတို့ ဘယ်လိုပြင်ဆင်မယ်ဆိုတာ ဒါရိုက်တာနဲ့ တိုင်ပင်တယ်။ ကျမတို့ပဲ တာဝန်ယူရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါရိုက်တာကလည်း ကျမတို့လိုအပ်ချက်လေးတွေကို ထောက်ပြပေးတယ်’’လို့ ဟန်နာယူရီက ပြောပါတယ်။

ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင် ကျော်သူ၊ ရန်အောင်တို့ကို Special Effect နဲ့ သရဲမိတ်ကပ်ပုံစံကို လိမ်းပေးထားပြီး အသားအရေ မပျက်စီးအောင် အကောင်းဆုံး မိတ်ကပ်ပစ္စည်းများကိုသာ အသုံးပြုဖြစ်ကြောင်း ဆိုပါတယ်။

“ကျမတို့ ကျန်တဲ့ ဇာတ်ကောင်က သိပ်မလုပ်ရဘူး။ ဦးရန်အောင် မျက်နှာမှာလည်း သရဲမျက်နှာလို သွေးတွေနဲ့ လုပ်ရတယ်။ ဦးကျော်သူရဲ့ မျက်နှာဆိုရင်လည်း သဲတွေမြေကြီးတွေ ကပ်ရတယ်။ အသားကို မလောင်စေတဲ့ ကော်မကပ်ခင် အောက်ခံ အနေနဲ့ တခုခံပေးတယ်။ တနေကုန် နေပူမိုးရွာနဲ့ ချွေးထွက်တာနဲ့ ဦးကျော်သူ အသားလေးတွေ နီလာတွေ ရှိပါတယ်။ သရုပ်ဆောင်ကြီးတွေရဲ့ အသားတွေပျက်စီးမှာ မျိုးတော့ စိတ်ပူပေမယ့် အကောင်းဆုံး ပစ္စည်းတွေနဲ့ သာလိမ်းပြီး ကြိုးစားထားတယ်” လို့ ဟန်နာယူရီက ပြောပါတယ်။

ဟန်နာယူရီက အခုလက်ရှိ အချစ်ရေးမှာလည်း အေးဆေးတယောက်တည်း ဖြတ်သန်းနေပြီး အလုပ်တွေကိုသာ ကြိုးစား နေကြောင်း သိရပါတယ်။ သူမ လိမ်းခြယ်ပေးထားတဲ့ ထိတ်လန့်ဖွယ် သရဲမိတ်ကပ် Effect တွေပါတဲ့ “ဝိညာဉ်စိမ်း” ဇာတ်ကားကြီးက ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်တော့မှာဖြစ်ပါတယ်။

The post “ဝိညာဉ်စိမ်း” ရုပ်ရှင်ကားကြီးမှာ ထိတ်လန့်ဖွယ် မိတ်ကပ် Effect ကို ပြင်ဆင်ပေးခဲ့တဲ့ ဟန်နာယူရီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...