Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာသက်တမ်း ၂၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်း

$
0
0

လွန်ခဲ့တဲ့ ၂၆ နှစ်လောက်တုန်းက ဘောလိဝုဒ်မင်းသားချော ရှာရွတ်ခန်းဟာ “Deewana” ဆိုတဲ့ ရုပ်ရှင်နဲ့ အနုအပညာလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး အဲဒါဟာ သူ့ရဲ့ သမိုင်းတွင်မယ့် ခရီးစဉ်ပထမဆုံး ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။

သူ အနုပညာလောကထဲကို စတင်ရောက်ရှိခဲ့တဲ့ ၁၉၉၂ ခုနှစ်ဆိုတာ ကွဲပြားခြားနားတဲ့ ခေတ်တခု ဖြစ်ပါတယ်။ အဲဒီ တုန်းက မျက်နှာသစ်၊ တက်သစ်စ အနုပညာရှင်တွေကို ပွဲထုတ်ဖို့ ဆိုရှယ်မီဒီယာဆိုတာလည်း မပေါ်သေးပါဘူး။ ရုပ်ရှင်ရုံ ကို ရုပ်ရှင်သွားကြည့်ပါမှ ရုပ်ရှင်ကလည်း တက်သစ်စလေးတွေကို ပရိသတ်သတိထားမိဖို့ အောင်မြင်ပါက လူသစ် တယောက်ကို အနုပညာလောကထဲ ရောက်စေတဲ့ခေတ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရှာရွတ်ခန်းကတော့ ကံကောင်းခဲ့ပါတယ်။ Fauji လို့ခေါ်တဲ့ ရုပ်သံအစီအစဉ်မှာကတည်းက Abhimanyu အနေနဲ့ သရုပ်ဆောင်ထားတဲ့ လူငယ်လေးကို ပရိသတ်တွေက နှစ်ခြိုက်သဘောကျခဲ့တဲ့အတွက် ရုပ်ရှင်မှာ ပထမဆုံးပါဝင်လာတဲ့ အခါ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အထူးခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက နောက်ခံအင်အားကောင်းကောင်းမရှိခဲ့ တဲ့ ကောင်လေးက တနေ့မှာ ဟင်ဒီရုပ်ရှင်လုပ်ငန်းကို ကြီးစိုးမယ်ဆိုတာ ဘယ်သူကမှမထင်မှတ်ခဲ့ကြပါဘူး။

မင်းသားရှာရွတ်ခန်းဟာ Rishi Kapoor, Divya Bharati တို့နဲ့အတူ တွဲသရုပ်ဆောင်ပြီး ရုပ်ရှင်လောကထဲမှာ ပွဲဦးထွက် လာခဲ့ပေမယ့် အဲဒီရုပ်ရှင်မှာပါဝင်တဲ့ “Koi Na Koi Chahiye” ဆိုတဲ့ ဇာတ်ဝင်တေးကိုလည်း သီဆိုခဲ့တဲ့အတွက် ဂီတ ဘက်မှာလည်း ထူးဆန်းစွာ ပွဲဦးထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသား Rishi ဟာ အဲဒီခေတ်အခါ တုန်းက နာမည် ကျော်ကြားနေသူဖြစ်ပြီး မင်းသမီး Divya ကတော့ အအောင်မြင်ဆုံး တက်သစ်စ မင်းသမီးတဦး ဖြစ်နေ ပါတယ်။

ဒါကြောင့် ရှာရွတ်ခန်းဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်မှာ တကယ့်စတားတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့တွေအားလုံးဟာ အဲဒီရုပ်ရှင်ထဲမှာ ကြိုးစားထားတဲ့ ရလဒ်က ကောင်းမွန်ခဲ့တဲ့အပြင် ရှာရွတ်ခန်း ဆိုတဲ့ ကောင်လေးရဲ့ ဆွဲဆောင်မှုတွေကို ပရိသတ်တွေထံ မိတ်ဆက်ခဲ့တဲ့အတွက် ရုပ်ရှင်သမိုင်းမှာ အထူးတနေရာကို မစ္စတာခန်းဟာ ပိုင်ဆိုင် ရရှိခဲ့ပါတယ်။

အခုလိုမျိုး “Deewana” ဆိုတဲ့ ရုပ်ရှင်မှာ ရှာရွတ်ခန်းပါဝင်ခွင့်ရတာ နာမည်ကျော် မင်းသား Armaan Kohli ရဲ့ ကမ်းလှမ်း ချက်ကြောင့် ဖြစ်တယ်ဆိုတာ သိတဲ့သူရှားပါတယ်။ မင်းသား Kohli ဟာ ဇာတ်ဝင်ခန်းအနည်းငယ် ပါဝင် ရိုက်ကူးခဲ့ပြီး Kohli နဲ့ Divya Bharati တို့ရဲ့ ပိုစတာအချို့ကိုတောင် ရုပ်ရှင်ထုတ်လုပ်သူတွေက ဖြန့်ချိခဲ့ပါ သေးတယ်။ ဒါဟာ ရှာရွတ်ခန်းအတွက်တော့ ကောင်းချီးပေးခံရတာဖြစ်ပါတယ်။ တခါတုန်းက အင်တာဗျူးတခုမှာ သူဟာ Armaan Kohli အပေါ် အနုပညာကြွေး တင်နေတယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။

“Deewana” ရုပ်ရှင်ဟာ သူ့အတွက်တော့ ပထမဆုံးမှတ်တိုင်တခုဖြစ်ပြီး အဲဒီပွဲဦးထွက်သရုပ်ဆောင်မှုနဲ့ပဲ Filmfare ဆုတခုကို ရရှိခဲ့ပါတော့တယ်။ သူ့ဟာ ဝါရင့်မင်းသမီး Rekha ကနေ အဲဒီဆုကို လက်ခံရယူခဲ့ပြီး နောက် စိတ်ခံစားချက် တွေနဲ့ ပြည့်နေတဲ့ ကျေးဇူးတင်စကားကို ပြောကြားခဲ့ပါတယ်။

သူရရှိခဲ့တဲ့ ဆုကို ကိုင်မြှောက်ခဲ့ပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မိခင်ဖြစ်သူကို ဂုဏ်ပြုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလိုမျိုး ပထမဆုံးရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့အတွက် ဘယ်လောက်ဝမ်းသာခဲ့ကြောင်း၊ သူ့မိခင်ကို ဆုတံဆိပ်ပြသဖို့ အိမ်ပြန်လာခဲ့ ပေမယ့် သူမိခင်အိမ်မှာမရှိတော့ကြောင်း၊ နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက် သူဟာ ရုပ်ရှင်လုပ်ငန်းမှာ အကြီးမားဆုံးဆု ကို ရရှိခဲ့ချိန်မှာလည်း သူ့မိခင်မရှိခဲ့ပြန်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်တော့ ရှာရွတ်ခန်းက “ကျနော် ‘Deewana’ ရုပ်ရှင်ကို မကြည့်ရသေးပါဘူး။ ကျနော့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးဖန်တီးမှုကို မကြည့်ချင်တဲ့ စိတ်ခံစားချက်ရှိပါတယ်။” လို့ Twitter မှာ ရေးသားခဲ့ဖူးပါတယ်။ သူဟာ လက်ရှိမှာ ရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးနေဆဲဖြစ်ပြီး ရုပ်ရှင်အမျိုးအစား တိုင်းမှာ အောင်မြင်မှုမြင့်တက်နေဆဲဖြစ်ပါတယ်။

မစ္စတာခန်းက “ကျနော့်ရဲ့ အကြီးမားဆုံးအောင်မြင်မှုကတော့ ကျနော်ရှိနေတုန်းမှာ လူတော်တော်များများကို ရယ်မော အောင် ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်” လို့ တချိန်တုန်းက ပြောကြားခဲ့ဖူးပါတယ်။ သူ့ရဲ့ လှပတဲ့ အနုပညာလမ်းကြောင်းကို ဒီထက်ပိုကောင်းတဲ့နည်းလမ်းနဲ့ အကျဉ်းချုံး ဖော်ပြနိုင်တာမရှိတော့ပါဘူး။

Ref: indianexpress

The post အနုပညာသက်တမ်း ၂၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...