Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

WWE ရဲ့ ‘SmackDown Live’ အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှစပြီး Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်မည်

$
0
0

WWE နဲ့ Fox Sports တို့ရဲ့ “SmackDown Live” ထုတ်လွှင့်ခွင့် ငါးနှစ်တာ သဘောတူညီချက် ရရှိခဲ့ပြီးနောက် လာမယ့်နှစ်မှစတင်ကာ အဲဒီအစီအစဉ်ကို Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အားကစားဖျော်ဖြေရေးကုမ္ပဏီ Fox က “SmackDown Live” အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အပတ်စဉ် နှစ်နာရီကြာ ထုတ်လွှင့်မယ့် အစီအစဉ်ကို တနှစ်ပတ်လုံး ဆက်လက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

WWE ဥက္ကဌနဲ့ စီအီးအို Vince McMahon က “WWE နဲ့ Fox တို့ဟာ ပြီးပြည့်စုံနဲ့ အတွဲဖြစ်ပါတယ်။ ‘SmackDown Live’ အစီအစဉ်ကို ရုပ်သံကနေ ထုတ်လွှင့်ဖို့ လုပ်ဆောင်လိုက်တာနဲ့ ကမ္ဘာ့အဆင့်မီ အားကစားပွဲတွေကို Fox ရဲ့ ကျယ်ပြန့်တဲ့တင်ဆက်နိုင်စွမ်းရှိတာဟာ ကျနော်တို့ရဲ့ နာမည်ကျော်အစီအစဉ်ကို တိုးချဲ့လာစေနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ နီးပါးထုတ်လွှင့်ခဲ့ပြီး အပိုင်း ၁၀၀၀ နီးပါးရှိပြီ ဖြစ်တဲ့ “SmackDown Live” အစီအစဉ်ဟာ အမေရိကန် နိုင်ငံရုပ်သံသမိုင်းမှာ ဒုတိယအရှည်ကြာဆုံး အပတ်စဉ်ထုတ်လွှင့်နေကျ ကေဘယ်ရုပ်သံအစီအစဉ်လည်း ဖြစ်ပါတယ်။ ယနေ့အထိ အပိုင်း ၁၃၀၀ ကျော် ထုတ်လွှင့်ပြီးသွားပြီးဖြစ်တဲ့ WWE “Monday Night Raw” အစီအစဉ်ကတော့ နံပါတ်၁ နေရာမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် WWE က USA Network အနေဖြင့်လည်း “Raw” အစီအစဉ်ကို နောက်ထပ် ငါးနှစ်ထပ်တိုးထုတ်လွှင့်ခွင့် ရသွားတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ “Raw” အစီအစဉ်ဟာ လက်ရှိမှာ အပိုင်းတခုကို ကြည့်ရှုသူ ဦးရေ ၃ ဒဿမ ၆ သန်းရှိပြီး “SmackDown” အစီအစဉ်ကတော့ ၂ ဒဿမ ၉ သန်းရှိပါတယ်။

Fox နဲ့ WWE တို့ဟာ “SmackDown” အစီအစဉ်ကို ရုပ်သံလိုင်းမှာ ထုတ်လွှင့်ဖို့ သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အခုလိုကြေညာချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကတည်းက ဆိုရင် ဒီအစီအစဉ်ကို ရုပ်သံလိုင်း ၆ ခုပြောင်းပြီးထုတ်လွှင့်ခဲ့ရပြီ ဖြစ်ပါတယ်။

Ref:Variety

The post WWE ရဲ့ ‘SmackDown Live’ အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှစပြီး Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...