ဟောလိဝုဒ်မင်းသား Jared Leto ဟာ “Morbius: The Living Vampire” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပင့်ကူလူသားရဲ့ ရန်သူတော်ကြီး “Morbius” အဖြစ်သရုပ်ဆောင်ဖို့ လက်မှတ်ရေးထိုး သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
“Safe House” နဲ့ “Life” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Daniel Espinosa က Sony ရုပ်ရှင်ထုတ်လုပ်ရေး အတွက် အဲဒီရုပ်ရှင်ကို ရိုက်ကူးပေးမှာဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် မင်းသား Leto ဟာ အဲဒီရုပ်ရှင်မှာ လျှပ်စစ်ရှော့ခ် ကုထုံးနဲ့ လင်းနို့တွေကို ပေါင်းစပ်ထားတဲ့ စမ်းသပ်ကုသချက်တခုကို အသုံးပြုပြီး ရှားပါးတဲ့ သွေးရောဂါတခုကို ကုသဖို့ ကြိုးစားခဲ့တဲ့ နိုဘယ်ဆုရ ဇီဝဓာတုပညာရှင် Michael Morbius အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့် စမ်းသပ်ချက် ရလဒ်ကဆိုးရွားခဲ့ပြီး သူဟာ သွေးစုပ်ဖုတ်ကောင်ရဲ့ စွမ်းရည်တွေ ရရှိခဲ့ပါတယ်။
Morbius: The Living Vampire ဟာ ပင့်ကူလူသားနဲ့ အကြိမ်များစွာ တိုက်ခိုက်ခဲ့ပေမယ့် တခါတရံ Morbius ဟာ သူမှန်တယ်ထင်ရန် သူရဲကောင်းဆန်တဲ့အလုပ်တွေကိုလည်း လုပ်တတ်ပါသေးတယ်။
Roy Thomas နဲ့ Gil Kane တို့ ဖန်တီးထားတဲ့ ဒီဇာတ်ကောင်ဟာ “Amazing Spider-Man” ရုပ်ရှင်မှာ ပထမဆုံးပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ အော်စကာဆုရမင်းသား Leto အတွက်တော့ ကာတွန်းဇာတ်ကောင်တခုကို ရုပ်ရှင်တခုမှာ သရုပ်ဆောင်ရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
သူဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Suicide Squad” ရုပ်ရှင်မှာလည်း ဗီလန် Joker အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပင့်ကူလူသား ရုပ်ရှင်ထဲက ဇာတ်ကောင်တခုတည်းကို အထူးပြုရိုက်ကူး မယ့် “Morbius” ရုပ်ရှင်ဟာ ဒီနှစ် အောက်တိုဘာလမှာဖြန့်ချိတော့မယ့် မင်းသား Tom Hardy ရဲ့ “Venom” ရုပ်ရှင်လိုမျိုးပဲ ဖြစ်တယ်လို့ Sony က အတည်ပြုထားပါတယ်။
Ref: aceshowbiz
The post ပင့်ကူလူသားရဲ့ ရန်သူတော်ကြီး ‘Morbius’ အဖြစ် သရုပ်ဆောင်မယ့် မင်းသား Jared Leto appeared first on ဧရာဝတီ.