Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သိန်းတသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတယ်” ဆိုတဲ့ နေတိုးရဲ့ ရုပ်ရှင်စတူဒီယို

$
0
0

သရုပ်ဆောင်နေတိုးက တနေရာထဲမှာ ရုပ်ရှင်ကားကြီးတကားရဲ့ ၆၀ ရာခိုင်နှုန်းလောက်ထိရိုက်ကူးလို့ရမယ့် နေရာထိုင်ခင်းတွေရှိတဲ့ ကိုယ်ပိုင် Movie Studio ကို ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

“Story Book” လို့နာမည်ပေးထားတဲ့ နေတိုးရဲ့ Movie Studio ဟာ မြောက်ဒဂုံမြိုနယ်၊တော်ဝင်အိမ်ရာ၊ မြတ်လေးလမ်း ၊အမှတ် G-10 မှာဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

“ဒီStudio မှာ ပါဝင်တာတွေက အပြင်မှာရိုက်ရခက်ခဲတဲ့ Location တွေကိုဦးစားပေးထားပါတယ်။ အခန်းတခန်းမှာပဲ ပုံစံလေး၊ငါးမျိုးလောက်ပြောင်းလို့ ရအောင်လုပ်ထားတော့ အခန်းစုစုပေါင်း ၁၀ ခန်းပဲရှိတယ်ဆိုပေမယ့် အခန်း၄၀ လောက်ပြောင်းပြီးလုပ်ယူလို့်ရပါတယ်”

“Production ဒီဇိုင်းက စိတ်ကြိုက်လုပ်ချင်တဲ့ ပုံစံတွေဖန်တီးပြီး ရိုက်ကူးလို့ရတယ်။ လက်ရှိကျနော်တို့ ဆင်ထားတဲ့ အခန်းတွေမှာလည်း ရိုက်မယ်ဆိုရင်ရတယ်”လို့ နေတိုးက Studio ခန်းဖွဲ့စည်းပုံအကြောင်း ပြောပြပါတယ်။

နေတိုးရဲ့ “Story Book Movie Studio” ဒီဇိုင်းကို သရုပ်ဆောင် သက်မွန်မြင့်ရဲ့ခင်ပွန်း ကိုစစ်နိုင်နဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“သူငယ်ချင်းသက်မွန်မြင့်ရဲ့အမျိုးသားလည်း ဖြစ်နေတယ်။ ရုပ်ရှင်နဲ့ပတ်သက်ပြီးလည်း သူကဝါသနာပါတော့ ကျနော်တို့က နိုင်ငံခြား Movie Studioတွေကို Reference ယူပြီးတော့မြန်မာပြည်မှာ လုပ်လို့ရသလောက်အနေအထားမျိုးလောက်နဲ့ ဒီ Studio လေးကိုစတင်လိုက်တာပါ”

“နောက်ထပ်အဆင့်တွေမြှင့်ပြီး ထပ်တည်ဆောက်လို့ရအောင်လည်း ဖောင်ဒေးရှင်းကို အကောင်းဆုံးတည်ဆောက်ထားတယ် “လို့နေတိုးကဆိုပါတယ်။

လက်ရှိအချိန်ထိကုန်ကျစားရိတ် သိန်းတသောင်းကျော်ခန့်မှန်းကုန်ကျနေပြီး Quality ကိုအကောင်းဆုံးတည်ဆောက်ထားတဲ့အတွက် သာမန်ထက်ပိုကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။ အနုပညာဝန်းကျင်၊စီးပွားရေးဝန်းကျင်မခွဲခြားဘဲ Customer တိုင်းကို တပြေးညီဈေးနှုန်းများစီစဉ်ထားပြီး Story Book Movie Studio ရဲ့အထူး Service အနေနဲ့ စိတ်ကြိုက်ဖန်တီးခွင့်ပိုရမယ်လို့လည်း နေတိုးက ဆိုပါတယ်။

“ဒီ Studio လုပ်တာဟာ စီးပွားရေးလုပ်ငန်းဆိုတာထက် အနုပညာကို ဖန်တီးတယ်ဆိုတဲ့ရာခိုင်နှုန်းက ပိုများပါတယ်။ အနုပညာကို ဖန်တီးဖို့အတွက် နေရာပေါ့။ ရုပ်ရှင်လောကအတွက် အထောက်အကူဖြစ်စေမယ့် နေရာတခုပေါ့။ ကျနော့်မှာ အဲဒီထက်ကြီးတဲ့ ရည်ရွယ်ချက်တွေအများကြီး ရှိပါတယ်။ကျနော်အမြဲတမ်းကြိုးစားပြီးတော့ ပံ့ပိုးသွားမှာပါ” လို့်နေတိုးကပြောပါတယ်။

နေတိုးရဲ့ Studio မှာမဖွင့်ခင်ကတည်းက လာရောက်ရိုက်ကူးကြတဲ့ ရိုက်ကူးရေးတွေ ရှိနေပြီး ဒီလထဲမှာလည်း ရုပ်ရှင်ကားများရိုက်ကူးဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

The post “သိန်းတသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတယ်” ဆိုတဲ့ နေတိုးရဲ့ ရုပ်ရှင်စတူဒီယို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...