Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Model Boy ၁၀ ဦး ခြံရံကာ ဖွေးဖွေးကို Surprise နဲ့ ကြိုဆိုခဲ့တဲ့ 119 ဆိုင်ဖွင့်ပွဲ

$
0
0

သရုပ်ဆောင်ဖွေးဖွေးက လက်ရှိမှာ 119 အထည်ဆိုင်ရဲ့ဆိုင်ဖွင့်ပွဲမှာ ထူးခြားတဲ့ပုံစံနဲ့ ဖွင့်လှစ်ခဲ့ရတာကြောင့် အံ့သြသွားခဲ့ရတယ်လို့ ဧရာဝတီကိုပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ 119 ကန်လမ်း ဆိုင်ဖွင့်ပွဲမှာ ဖွေးဖွေးကို အပေါ်ပိုင်းBody အလှပြထားတဲ့ Model Boy ၁၀ ဦးက ကြိုဆိုခဲ့ကြပြီး ဖွေးဖွေးက Model ၁၀ ဦးခြံရံ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“စတုန်းကတော့ ဖွေးကိုပွဲတက်ဖို့ ဖိတ်တာပေါ့နော်။ ဒါပေမယ့် 119 Page က ဖွေးကို Model ၁၀ ဦးက ခြံရံမယ်လိုတော့ သိတော့ သိလိုက်တယ်။ ကြော်ငြာတဲ့အချိန်မှာ သိတော့သိလိုက်တယ်။ ဒါပေမယ့် ဒီရောက်တဲ့အချိန်မှာ ပိုပြီးအံ့သြသွားတယ်။ သူတို့က အပေါ်ပိုင်းအကျီင်္တွေလည်း မပါကြဘူး။ Suprise ဖြစ်သွားတာပေါ့။ ဒီနေရာမှာ တခြားမိန်းကလေးတွေဆိုရင် လည်း ဒီလိုကြိုဆိုတာ ခံရတဲ့အတွက် အံ့သြမိမှာပါပဲ” လို့ ဖွေးဖွေးက ပြောပါတယ်။

 

 

ဖွေးဖွေးက ဒီပွဲကို ဒီဇိုင်နာဖြိုးကိုရဲ့ လက်ရာ Evening Grown ပန်းဆီရောင်နဲ့ ပွဲတက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီဇိုင်နာဖြိုးကို ရဲ့လက်ရာလည်းဖြစ်ပြီး ဖွေးဖွေးအကြိုက် အရောင်၊ဒီဇိုင်းတွေနဲ့ ချုပ်လုပ်ထားတာဖြစ်လို့ ဖွေးဖွေးက ဆိုပါတယ်။

ဖွေးဖွေးက အဝတ်အစားဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ “အခုလိုဂါဝန်အကြီးကြီးတွေ ဝတ်ရတာ ကြိုက်တယ်။ ထမိန်လည်း ကြိုက်တယ်။ ပုဝါလည်း ကြိုက်တယ်”လို့ ဆိုပါတယ်။

ဖွေးဖွေးက “ SYKO” ဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အဝတ်အစားများထုတ်လုပ်ဖြန့်ချိနေပြီး တနှစ်ကို တပုံတော့ ထုတ်မယ်လို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။

“စီးပွားရေးအနေနဲ့မဟုတ်ဘဲ ကိုယ့်ပရိသတ်အတွက် အမှတ်တရ တခုအနေနဲ့ပဲသွားချင်တာပါ။ ဖွေးကိုယ်တိုင်ကလည်း ပြည်တွင်းဖြစ်ကို အားပေးချင်တယ်။ ဒါကြောင့် ဂုဏ်ယူစွာနဲ့ အထည်မှာ “Made In Myanmar” မြန်မာပြည်တွင်လုပ်သည် လို့ ရေးထားပါတယ်။ အထည်ဒီဇိုင်း အရေအတွက်ကိုလည်း နည်းနည်းပဲထုတ်တယ်။ သုံးထားတဲ့ပစ္စည်းတွေဆိုရင် Cotton ဆိုလည်း 100% Cotton ပဲသုံးတယ်။ ဇစ်ဆိုလည်း လုံးဝတသက်လုံး မပျက်တဲ့ဇစ်။ အဲဒါကတော့ အာမခံတယ်။ ချုပ်ရိုးချုပ်သားက အစပေါ့” လို့ဖွေးဖွေးက ပြောပြပါတယ်။

 

 

ဖွေးဖွေး လက်ရှိမှာ “သူစိမ်းအိမ်”ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးနေပြီး ဒီဇာတ်ကားအတွက် ဖွေးဖွေးက ဝိတ်ချထားတယ်လို့ ဆိုပါတယ်။

“ဖွေးကပြေးရတာကြိုက်တော့ Gym မှာ ဆော့ရင်းစက်နဲ့ ပြေးတာများတယ်။ ပြေးလိုက်ရင် ပင်ပန်းတာတွေတောင် ပျောက်သွားသလိုပဲ။ ဝိတ်လည်းထပ်ချရမှာပါ။ နောက်တကားအတွက်ပေါ့။ များသောအားဖြင့်တော့ ဖွေးက Balance ဖြစ်အောင်တော့နေတယ်။ ဇာတ်ကားအတွက်ဝိတ် ချဆိုလည်းချလိုက်တယ်။ ပြီးရင်ပုံမှန်ပြန်နေတယ်။ ကိုယ်နားတဲ့အချိန်ဆိုလည်း ကိုယ်ကြိုက်သလို ပြန်နေတာပဲ”လို့ဆိုပါတယ်။

ဖွေးဖွေးရဲ့ ရုံတင်ရုပ်ရှင်ကားကြီးအနေနဲ့တော့ အနီးစပ်ဆုံး “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကား ရုံတင်ဖို့ရှိနေပြီး ဒီဇာတ်ကားကလည်း သရုပ်ဆောင် အလင်းရောင်နဲ့ ပထမဆုံး သရုပ်ဆောင်ထားတဲ့ကား ဖြစ်တယ်လို့ ဆိုပါတယ်။

“ကာဗွန်ဒိုင်အောက်ဆိုဒ်ကားလေးက အောက်လမ်းနည်းနဲ့ ပတ်သက်တဲ့ကားလေးပါ။ ကြောက်ရတာကြိုက်တဲ့၊ Dark ဖြစ်တာ ကြိုက်တဲ့ပရိသတ်တွေ ကြည့်ရမယ့် ကားလေးပါ”လို့လည်း ဖွေးဖွေးက အမြည်းပေးပါတယ်။

သြဂုတ်လမှာ မွေးနေ့ရှိတဲ့ ဖွေးဖွေးက ဒီနှစ်မှာ ထူးထူးခြားခြား လုပ်ဖြစ်ဖို့ အစီအစဉ် မရှိဘဲ အလှူ များပြုလုပ်ဖို့သာ ရှိတယ်လို့ ဆိုပါတယ်။

The post Model Boy ၁၀ ဦး ခြံရံကာ ဖွေးဖွေးကို Surprise နဲ့ ကြိုဆိုခဲ့တဲ့ 119 ဆိုင်ဖွင့်ပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...