Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရယ်မောစရာတွေ ပါပေမယ့် ရင်ထဲ ဆို့နစ်ကျန်ခဲ့စေမယ့် “ငဒူ” ရုပ်ရှင်

$
0
0

ဒီတပတ်ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဟာသရော ဒရာမာပါ ပါတဲ့ကားလို့ပြောရမယ့် “ငဒူ” ဆိုတဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ အဓိကသရုပ်ဆောင်ဖြစ် မြင့်မြတ်၊ ရွှေမှုံရတီ၊ နန်းဆုဦး၊ မင်းဦး ၊စိုးမိုးကြည်နဲ့ အခြား အနုပညာရှင် များစွာပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကိုတော့ ဓနုတ် ကိုကိုဇော်၊ ဇာတ်ညွှန်းကိုတော့ 7day က ရေးသားထားတာဖြစ်ပြီး ဒါရိုက်တာညွန့်မြန်မာညီညီအောင်ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ငဒူ(မြင့်မြတ်)က ပင်လယ်ကမ်းခြေရွာလေးမှာ ငယ်စဉ်ကတည်းက မိဘများ ဆုံးပါးသွားပြီ ဖြစ်တဲ့ကောင်လေးတယောက်ပါ။ ဦးလေးဖြစ်သူ ဖိုးကင်းနဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ ငဒူမှာ မွေးရာပါ ဒူလွန်း ဒုံးဝေးလွန်းတဲ့သူဖြစ်ပြီး တရွာလုံး ခိုင်းဘက်၊ လုပ်တဲ့အခါတိုင်း ဒူလွန်းပြီး အမှားတွေ ဖြစ်နေတဲ့သူပါ။

ဒါပေမယ့် စေတနာကြောင့်လုပ်မိတဲ့ အမှားတွေဖြစ်တာကြောင့် ရွာကလူတွေက ငဒူကို ခွင့်လွတ်ကြပါတယ်။ ငဒူ ကို ရွာက လူဆိုးလူမိုက်အဖွဲ့ဖြစ်တဲ့ သာဒင်တို့အဖွဲ့က အမြဲ အနိုင်ကျင့်နေပြီး နှိပ်စက်တတ်ပါတယ်။ ရွာမျက်နှာဖုံးဦးဘရင်(ဦးဝင်းမြိုင်) နဲ့ ဒေါ်သောင်းစိန်(ထူးမွန်)တို့မှာ သမီးခင်ဦး(ရွှေမှုံရတီ) ရှိပါတယ်။

ခင်ဦးကို ငဒူက သံဃောဇဉ်ရှိသလို ခင်ဦးအတွက် အသက်တောင် ပေးနိုင်သူတဦးပါ။ ငဒူရုပ်ရှင်မှာ မိဘမဲ့တဦးဖြစ်ပြီး ဉာဏ်ရည်မမီပေမယ့် လူတွေကို ကူညီတတ်သလို သူ့အပေါ် အနိုင်ကျင့်သူတွေကိုတောင် ခွင့်လွှတ်နိုင်ပြီး ခင်ဦးကို ချစ်ခင်နေသူ ငဒူ အဖြစ် ပူပူနွေးနွေး အကယ်ဒမီဆုရှင် မြင့်မြတ်က ပီပြင်စွာသရုပ်ဆောင်ထားနိုင်ပါတယ်။

ငဒူတဖတ်သတ်ချစ်ရသူလည်းဖြစ်၊ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပြီး ငဒူ့အတွက် အမြဲစိတ်ပူကာကွယ် ပေးတတ်တဲ့ ခင်ဦးအဖြစ် ရွှေမှုံရတီရဲ့ သရုပ်ဆောင်မှုကလည်း အပိုအလို မရှိတာကိုတွေ့ရပါတယ်။

စိတ်ထားကောင်းပေမယ့် ဉာဏ်ရည် မမီတာကြောင့် လူတွေကိုကူညီဖို့လုပ်ရင်း တလွဲတွေဖြစ်ရတဲ့ ငဒူရဲ့ စရိုက်နဲ့ ငဒူနဲ့ခင်ဦး ကြားကဆက်ဆံရေးကို ဟာသလေးတွေနှောပြီး ဇာတ်လမ်းကို ရယ်စရာ၊ကြည်နူးစရာလေးတွေနဲ့ အစပိုင်းမှာ ပျော်ရွှင်စရာကောင်းအောင် ရိုက်ကူးထားပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာ သူဌေးဦးရွှေဝင်း(မင်းဦး) ၊ သူ့ရဲ့သမီး ဝတ်ရည်သင်း(နန်းဆုဦး) တို့မိသားစု ရောက်လာပြီးတဲ့ နောက်မှာတော့ ဝတ်ရည်သင်း(နန်းဆုဦး)က သူရေနစ်တာကို ကယ်ခဲ့တဲ့ ငဒူကိုေ ကျးဇူးတင်ရင်း သူဌေးဦးရွှေဝင်းက အသက်ကယ်ခဲ့တဲ့အတွက် ပြန်ကူညီချင်ကြောင်းပြောပါတယ်။

မိဘမဲ့ကလေးတွေအတွက် အိမ်တလုံးအမြဲလိုချင်နေခဲ့တဲ့ ငဒူတယောက် သူ့ရဲ့ဆန္ဒတွေ ပြည့်ပါ့မလားဆိုတာ ငဒူရုပ်ရှင်ကားကို ဆက်လက်ကြည့်ရှုစေလိုပါတယ်။

မြင့်မြတ်ရဲ့ ထုံထုံအအနဲ့ စကားပြောပုံစံလေးတွေနဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေက အထူးကြိုက် နှစ်သက်ကြမှာပါ။ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ရှုခင်းတွေကလှပသလို ကင်မရာ အယူအဆနဲ့ ရိုက်ကူး တင်ဆက်ပုံတွေ ကလည်း လှပဆန်းသစ် နေတာကို ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

အစပိုင်းမှာ ရီမောစရာတွေပြည့်နေပေမယ့် နောက်ပိုင်းမှာ ငဒူက ပရိသတ်ရဲ့ မျက်ရည်ကို ဘယ်လို ချူသွားမလဲ ဆိုတာစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပရိသတ်ရင်ထဲ ဆို့နစ်ပြီး ကျန်ရစ်ခဲ့မယ့် “ငဒူ” ရုပ်ရှင် ဇာတ်ကားကိုတော့ ဇွန် ၂၉ ရက်နေ့ကတည်းက မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

The post ရယ်မောစရာတွေ ပါပေမယ့် ရင်ထဲ ဆို့နစ်ကျန်ခဲ့စေမယ့် “ငဒူ” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...