Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Along With The Gods: The Last 49 Days” ရုပ်ရှင်ပိုစတာ ထွက်ရှိလာ

$
0
0

နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ “Along with the Gods: The Two Worlds” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း “Along with the Gods: The Last 49 Days” ရဲ့ ရုပ်ရှင်အဓိက ပိုစတာတွေကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

မကြာမီ ရုံတင်ပြသတော့မယ့် အဲဒီနောက်ဆက်တွဲ ဇာတ်လမ်းမှာလည်း ပထမဆုံး ရုပ်ရှင်မှာလို နောင်ဘဝမှာ ပြန်လည် ဝင်စားနိုင်ဖို့ မြေအောက်ငရဲရဲ့ တရားစီရင်မှုတွေကို ဖြတ်ကျော်ရမယ့် ၄၉ ခု မြောက် ဝိညာဉ်ဖြစ်တဲ့ Soo Hong ကို လမ်းညွှန်ခဲ့ကြတဲ့ Ha Jung Woo, Joo Ji Hoon နဲ့ Kim Hyang Gi တို့ရဲ့ သေမင်း ၃ ပါး ဇာတ်လမ်း အကြောင်းအရာကို ဇာတ်အိမ် တည်ထားပါတယ်။

ခရီးစဉ်အတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်လောက်က သူတို့ရဲ့ မေ့ပျောက်နေတဲ့ အတိတ် ဖြစ်ရပ်တွေကို သိရှိထားတဲ့ ထူးဆန်းတဲ့ Sung Joo Shin ဆိုတဲ့ ပုဂ္ဂိုလ်တဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ သေမင်း ၃ ပါးလုံးဟာ နောင်ဘဝမှာ ပြန်လည်ဝင်စား နိုင်ဖို့အတွက် သူတို့ရဲ့ မေ့ပျောက်နေတဲ့ အတိတ်ဘဝ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမှာပဲ ဖြစ်ပါတယ်။

ပထမဆုံး ပိုစတာမှာတော့ ရုပ်ရှင်မှာပါဝင်မယ့် အဓိကဇာတ်ကောင် ၅ ယောက်ကို ဖော်ပြ ထားပါတယ်။ ပြီးတော့ ပိုစတာမှာ ပါဝင်မှာပါဝင်တဲ့ စာသားမှာတော့ “နှစ်ပေါင်း တထောင်လောက်က လျှို့ဝှက်ချက်က ပေါ်လာတယ်” လို့ ဖော်ပြ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ဒုတိယမြောက် ပိုစတာမှာတော့ အဓိက ဇာတ်ဆောင် ၅ ယောက်ရဲ့ ပုံရိပ်နဲ့အတူ ငရဲဘုရင်ကြီး King Yeomra လည်း ပါဝင်ပါတယ်။ Ha Jung Woo, Joo Ji Hoon, Kim Hyang Gi နဲ့ Ma Dong Seok တို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ပုံပန်း သွင်ပြင်တွေကို ဖော်ပြထားပါတယ်။ “Along with the Gods: The Last 49 Days” ရုပ်ရှင်ကိုတော့ တောင်ကိုရီးယား နိုင်ငံမှာ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ စတင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်နောက်ဆက်တွဲ ရုပ်ရှင်တွေ ထပ်မံမြင်တွေ့ရဦးမယ့် “Along With The Gods” ရုပ်ရှင်

Ref:soompi

The post “Along With The Gods: The Last 49 Days” ရုပ်ရှင်ပိုစတာ ထွက်ရှိလာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...