Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယား မူလတန်းကျောင်းတွေမှာ သီဆိုဖို့ တားမြစ်ခံထားရတဲ့ Kpop သီချင်း

$
0
0

တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ဆရာ၊ ဆရာမတွေကတော့ သူတို့ရဲ့ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ “Love Scenario” ဆိုတဲ့ သီချင်းကို မဆိုဖို့ စတင်တားမြစ်နေပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ မိခင်တွေအတွက် ဖွင့်ထားတဲ့ Mother Café (မိခင်များအတွက် အွန်လိုင်း communities) တွေမှာ မိခင်တွေကသူတို့ရဲ့ ကလေးတွေဟာ iKON အဖွဲ့ရဲ့ နာမည်ကျော် သီချင်းကို ထပ်တလဲလဲ သီဆိုနေတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်း ပြောကြားခဲ့ကြပါတယ်။

မိခင်တဦးက “ကျမရဲ့ ၇ နှစ်အရွယ် သမီးလေးက ‘Love Scenario’ ဆိုတာ မရပ်တော့ပါဘူး။ သူဘာဖြစ်နေတာပါလိမ့်” လို့ ပြောကြားခဲ့ပါတယ်။ iKON အဖွဲ့ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ် ထဲက ခေါင်းစီးတေးဖြစ်တဲ့ “Love Scenario” ဟာ သီတင်းပတ် ၄၃ ပတ်ဆက်တိုက် ဂီတဇယားတော်တော်များများ မှာ နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့ပါတယ်။

နာမည်ကျော်အမျိုးသား အဆိုတော်အဖွဲ့ရဲ့လူကြိုက်များတဲ့ သီချင်း တပုဒ်ဖြစ်ခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့ တေးသံစဉ်ကြောင့် ကလေးငယ်တွေတောင် ကြိုက်နှစ်သက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာတော့ iKON အဖွဲ့ရဲ့ ကုမ္ပဏီသူဌေး Yang Hyun Suk က ‘Love Scenario Syndrome’ လို့အမည်ရတဲ့ဗီဒီယိုကို ဝေမျှခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ Love Scenario သီချင်းကို အတူတူ အော်ဆိုနေကြတဲ့ ကလေးငယ်တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ကိုရီးယားကလေးကြိုက် အစီအစဉ် ‘Bbo Bbo Bbo’ ကို နှစ်ပေါင်း ၃၀ ကြာတာဝန်ယူခဲ့တဲ့ ဂီတဒါရိုက်တာ Lee Min Sook က “ Rap အပိုဒ်ကလွဲရင် သီချင်းသွားနှုန်းက ကလေးသီချင်းနဲ့ ဆင်တူပါတယ်။ စကေးကတော့ တော်တော်လေး လွယ်ပါတယ်။ စာသားထဲမှာ ခက်ခဲတဲ့ အသုံးအနှုန်း အများကြီး မပါဝင်ပါဘူး။ တေးသွားကလည်း ထပ်ခါတလဲလဲ ဖြစ်တဲ့အတွက် သီဆိုဖို့ လွယ်ကူပြီး စကားလုံးတွေပြောင်းပြီး တီးခတ်ဖို့လည်း လွယ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Lim လို့ အမည်ရတဲ့ အသက် ၁၀ နှစ်အရွယ် မူလတန်းကျောင်းသူတယောက်ကတော့ “တခြား Idol သီချင်းတွေက အရမ်းမြန်ပြီး အင်္ဂလိပ်စာသားတွေပါတဲ့အတွက် ဆိုရတာခက်ပေမယ့် ဒီသီချင်းကတော့ အစကတည်းက လိုက်ဆိုရတာ လွယ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် “Love Scenario” သီချင်းကို ကလေးတွေ နှစ်ခြိုက်သဘောကျနေတဲ့အပေါ် စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။ တချို့ကတော့ စာသားကို ထောက်ပြကြပြီး သီချင်းနောက်ကွယ်မှာ ရှိတဲ့ ဇာတ်လမ်းဟာ ကလေးတွေအတွက် မသင့်လျော်ဘူး ဆိုပြီး ပြောဆိုနေကြပါတယ်။ အဲဒီအတွက် ဆရာ၊ ဆရာမ တော်တော်များများကလည်း အဲဒီသီချင်းကို စာသင်ခန်းမှာ မသီဆိုဖို့ တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

Ref:allkpop

The post တောင်ကိုရီးယား မူလတန်းကျောင်းတွေမှာ သီဆိုဖို့ တားမြစ်ခံထားရတဲ့ Kpop သီချင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...