Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Emmys ဆု ၂၂ ခုအထိ လျာထားခံရတဲ့ “Game of Thrones”ဇာတ်လမ်းတွဲ

$
0
0

စံချိန်တွေချိုးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွဲ “Game of Thrones” ဟာ အခုနှစ်မှာ ကျင်းပမယ့် Emmys ဆုပေးပွဲ အတွက် ဆန်ခါတင် ၂၂ ခုအထိ လျာထားခံထားရတယ်လို့ သိရပါတယ်။

HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေပြီး လာမယ့်နှစ်ထဲမှာ အဋ္ဌမမြောက် နဲ့ နောက်ဆုံး ရာသီအပိုင်းတို့ကို ပြသတော့မယ့် ဒီဇာတ်လမ်းတွဲဟာ အကောင်းဆုံး ဒရာမာ စီးရီးဆုအပါအဝင် အခြားသရုပ်ဆောင်ဆုနဲ့ နည်းပညာပိုင်းဆိုင်ရာ ဆုတို့မှာ ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွဲဟာ ဆု ၂၁ ခုစီလျာထားခံထားရတဲ့ ဟာသအစီအစဉ် “Saturday Night Live” နဲ့ HBO ရဲ့ “Westworld” ဇာတ်လမ်းတွဲတို့နဲ့အပြိုင် ပြင်းထန်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ရုပ်မြင်သံကြား အကယ်ဒမီရဲ့ ထပ်လောင်းထည့်သွင်းထားတဲ့ အဖွဲ့ဝင် ၂၂၀၀၀ ဟာ ရုပ်သံ အော်စကာဆုလို့ တင်စားကြတဲ့ Emmys ဆုအတွက် လျာထားစာရင်းမှာ ထည့်သွင်းရွေးချယ်ဖို့ ပါဝင်မှု ၉၀၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက သီတင်း ၂ ပတ်ကြာ ကြည့်ရှုခဲ့ကြရတာဖြစ်ပါတယ်။

အကယ်ဒမီအဖွဲ့ ဥက္ကဋ္ဌ Hayma Washington က “လုပ်ငန်းရဲ့ ဆက်လက်ဖွံ့ဖြိုးမှုဟာ ဆက်လက် ထွက်ပေါ်လာမယ့် အစီအစဉ် အသစ်တွေ အတွက် အခွင့်အလမ်းတွေ ထောက်ပံ့ပေးနေပြီးတော့ အစီအစဉ်တွေကို စီးပွားရေးအရ အောင်မြင်စေဖို့ ခွင့်ပြုပေးခဲ့ပြီးလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Emmys ဆုတွေတွေကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်အထိ ပြသခဲ့တဲ့ အစီအစဉ်တွေကို အသိအမှတ်ပြု ရွေးချယ်မှာ ဖြစ်တဲ့အတွက် “Better Call Saul” , “House of Cards” နဲ့ “Veep” တို့လိုမျိုး နာမည်ကျော် အစီအစဉ် တချို့ကတော့ အချိန်အတိုင်း အတာရ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

Hulu ရုပ်သံလိုင်းရဲ့ The Handmaid’s Tale” ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမှာ ၇ ခုသာ လျာထား ခံထား ရပေမယ့် ဒီနှစ်မှာတော့ ဆု ပေါင်း ၂၀ အထိ လျာထားခံခဲ့ရပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ဆုပေးပွဲမှာတော့ အကောင်းဆုံး ဒရာမာဆုကို ရရှိမယ်လို့ ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့တဲ့ ဆန်ခါတင်စာရင်းထဲမှာတော့ HBO က ၁၇ နှစ်အကြာ ဆု အများဆုံး လျာထားခံရမှုကို Netflix က ကျော်တက်နိုင်ခဲ့ပါတယ်။ Netflix က ဆုပေါင်း ၁၁၂ ဆု၊ HBO က ဆုပေါင်း ၁၀၈ ခု လျာထားခံထားရတာလည်း ဖြစ်ပါတယ်။

NBC ရုပ်သံလိုင်းကတော့ ဆုပေါင်း ၇၈ ခု လျာထားခံထားရတာပါ။ ပြီးခဲ့တဲ့နှစ် နွေရာသီကာလမှာ သတ္တမရာသီ အပိုင်းကို ပြသခဲ့တဲ့ “Game of Thrones” ဇာတ်လမ်းတွဲဟာ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ နည်းပညာပိုင်း ဆိုင်ရာဆုနဲ့ အကောင်းဆုံး ဒရာမာဆုတို့မှာ ဆန်ခါတင်အဖြစ် ပါဝင်ထားပါတယ်။

အဲဒီဇာတ်လမ်းတွဲဟာ FX ရဲ့ “The Americans”, Netflix ရဲ့ “The Crown”နဲ့ “Stranger Things”, NBC ရဲ့”This is Us” နဲ့ HBO ကပဲ ထုတ်လွှင့်တဲ့ “Westworld” ဇာတ်လမ်းတွဲတွေနဲ့အပြိုင် အကောင်းဆုံး ဒရာမာ စီးရီးဆုကို ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

Ref: asiaone

The post Emmys ဆု ၂၂ ခုအထိ လျာထားခံရတဲ့ “Game of Thrones” ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...