“Miss Myanmar World 2018” Grand Final ပြိုင်ပွဲကြီးကို ဇူလိုင် ၁၄ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီ ပြိုင်ပွဲမှာတော့ Miss Myanmar World 2018 Winner ဆုကို အလှမယ် ဟန်တီက ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ 1st Runner up ကို အလှမယ် လင်းကလျာဦး ၊ 2nd Runner Up ဆုကို ယမုံတို့က အသီးသီးရရှိခဲ့ကြပါတယ်။
ပြိုင်ပွဲမှာတော့ အလှမယ်များဟာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသလို မိမိတို့ရဲ့ Talent များကိုလည်း ပေါ်လွင်အောင် ယှဉ်ပြိုင်နိုင်ခဲ့ကြပါ တယ်။ Miss Myanmar World 2018 ပြိုင်ပွဲမှာတော့ အလှမယ် အယောက် ၂၀ ထဲက Top 10၊ Top 5 ဆိုပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖူးခဲ့သူ တဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် “Miss Supranational Asia & Oceania” ရွေးချယ်ခံရသူ တဦးဖြစ်သလို “Miss Supranational Internet” ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။
“Miss Myanmar World” ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ၂၀၁၄ခု နှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြု အဖြစ် အလှမယ် ဝိုင်းလေးဟာ ၂၀၁၄ ခုနှစ်က သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အလှမယ် ခင်ရတနာသိန်းမြင့်က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အလှမယ် မြတ်သီရိလွင် (ခ) Bella က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးကျင်းပခဲ့တဲ့ Miss Myanmar World 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင်က ရရှိခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Miss World ပြိုင်ပွဲဟာ ကမ္ဘာမှာ ဒုတိယမြောက် ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ အောင်မြင်မှု ရရှိထားတဲ့ အလှမယ်ပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။
The post “Miss Myanmar World 2018″ Winner ဆုကို ရရှိခဲ့တဲ့ အလှမယ် ဟန်တီ appeared first on ဧရာဝတီ.