Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိသားစု အရှုပ်အထွေးတွေနဲ့ ဟာသရောထားတဲ့ “ဝိုင်းကြီးချုပ် စပွန်ဆာ”

$
0
0

ဒီတပတ် ရုံတင်လာတဲ့ ရုပ်ရှင်ကားကတော့ ဟာသရုပ်ရှင်ကား တကားဖြစ်ပြီး ဇာတ်ကားနာမည်ကတော့ “ဝိုင်းကြီးချုပ် စပွန်ဆာ” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ မိသားစုတွေ စည်းစည်းလုံးလုံး ရှိသင့်ကြောင်း အချစ်စစ်၊ အချစ်မှန်ရင် ဘယ်လိုပင်ခွဲခွဲ ပေါင်းစည်းရတတ်ကြောင်းကို ရိုက်ကူး ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိက သရုပ်ဆောင်များဖြစ်တဲ့ ခန့်စည်သူ၊ ဇေရဲထက်၊ ခင်လှိုင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ ဂွမ်းပုံနဲ့ သရုပ်ဆောင်များစွာက ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ သြရသက ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဦးလှမြင့်မိုရ်(ခန့်စည်သူ) က အယောင်ဆောင် လူမိုက်တဦးဖြစ်ပြီး မုဆိုးဖိုတဦး ဖြစ်ပါတယ်။ ဒါ့အပြင် ခါချဉ်ကောင်ဂိုဏ်းက ခေါင်းဆောင်တဦးဖြစ်ပါတယ်။ သူမှာ ပိုမို(ရွှေမှုံရတီ)ဆိုတဲ့ သမီး တဦးရှိပြီး မိတဆိုးလေးမို့ အလိုလိုက်ခံရတဲ့သူတဦးပါ။ ဦးလှမြင့်မိုရ်မှာ မော်လီ (စိုးမြတ်သူဇာ)လို့ ခေါ်တဲ့ တောင့်တောင့်ဖြောင့်ဖြောင့် အတွင်းရေးမှူး တယောက်ရှိပြီး ဦးလှမြင့်မိုရ်က မော်လီကို စိတ်ဝင်စားနေသူတဦးပါ။

ဒါပေမယ့် အတွင်းရေးမှူး မော်လီမှာ ယောကျာ်းရှိပြီး အဲဒီယောကျာ်းက ထောင်ကျနေပြီး မကြာခင်မှာ ထောင်ထဲက ထွက်လာတော့မှာဖြစ်တဲ့အတွက် မော်လီကို ကြိုက်နေပေမယ့် လက်လျော့ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးလှမြင့်မိုရ်ထံကို Facebook ပေါ်မှာ ဂျွန်ဆိုတဲ့ အကောင့်နဲ့ လူတယောက်က လာပြီး မိတ်ဆက်စကားပြောပြီး ခင်မင်ခဲ့ပါတယ်။ ဂျွန်(ဇေရဲထက်) က ယောကျာ်းဖြစ်နေတာကို မသိဘဲ အမျိုးသမီးထင်ပြီး ဦးလှမြင့်မိုရ်က စိတ်ဝင်စားပြန်ပါတော့တယ်။

အဲဒီလိုပဲ ဂျွန်နဲ့ Facebook ပေါ်မှာစကားပြောရင်း ဂျွန်ခင်မင်နေသူကတော့ ဦးလှမြင့်မိုရ်ရဲ့သမီး ပိုမိုပါ။ ဒီလို ပတ်လည် ရှုပ်နေပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကတော့ ဝိုင်းကြီးချုပ်စပွန်ဆာ ဇာတ်ကားမှာ ဆက်လက် ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားမှာ အဓိက ပြသချင်တာကတော့ မိသားစုအချင်းချင်း စည်းလုံးသင့်ကြောင်း အချစ်ကိစ္စကို ဦးတည်ချက် လွဲမှားစွာ ဆုံးဖြတ်မိပါက မိသားစုများကြား ဒုက္ခဆင်းရဲ ဖြစ်တတ်ပုံ၊ အချစ်စစ် အချစ်မှန်က ဘယ်လိုပဲခွဲခွဲ ပေါင်းစည်းရတတ်ကြောင်းကို ရယ်စရာများနဲ့ ဟာသနှောကာ တင်ပြထားတဲ့ ကားတကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်၂၀ ရက်နေ့ကစတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင် ပြသနေပြီဖြစ်ပါတယ်။

The post မိသားစု အရှုပ်အထွေးတွေနဲ့ ဟာသရောထားတဲ့ “ဝိုင်းကြီးချုပ် စပွန်ဆာ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...