Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယအမျိုးသမီး စပိုင်တဦးရဲ့ ဇာတ်ကြောင်းကို သရုပ်ဖော်ထားတဲ့ “Raazi” ရုပ်ရှင်

$
0
0

ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Meghna Gulzar ရိုက်ကူးထားတဲ့ “Raazi” လို့အမည်ရတဲ့ အိန္ဒိယစပိုင် သည်းထိတ်ရင်ဖို ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Dharma Productions နဲ့ Junglee Pictures တို့က ထုတ်လုပ်ထားပြီး မင်းသမီး Alia Bhatt က ဦးဆောင် ပါဝင်ထားပါတယ်။

ဇာတ်ပို့ သရုပ်ဆောင်တွေအဖြစ် Vicky Kaushal, Rajit Kapur, Shishir Sharma နဲ့ Jaideep Ahlawat တို့လည်း ပါဝင်ထားကြပါတယ်။ တကယ့် ဖြစ်ရပ်တွေကို အခြေခံထားတဲ့ စာရေးဆရာ Harinder Sikka ရဲ့ “Calling Sehmat” ဆိုတဲ့ ဝတ္ထုကို ပြန်လည် အခြေခံရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ စစ်မဖြစ်မီမှာ ဖခင်ရဲ့ စီစဉ်မှုအတိုင်း ပါကစ္စတန် စစ်တပ်အရာရှိတဦးနဲ့ လက်ထပ်ခဲ့ရတဲ့ အိန္ဒိယ အမျိုးသမီး စပိုင်တဦးရဲ့ ဇာတ်ကြောင်းကို သရုပ်ဖော်ထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက မွမ်ဘိုင်းမြို့မှာ ရိုက်ကူးခဲ့ပြီး အောက်တိုဘာလမှာ ရိုက်ကူးမှု ပြီးစီးခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၅ ဒဿမ ၂ သန်း အကုန်အကျခံ ရိုက်ကူးခဲ့ပြီး ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ ဒေါ်လာ ၂၉ သန်း ရရှိခဲ့တဲ့အတွက် အမျိုးသမီး ဇာတ်ကောင်ကို အဓိကထားတဲ့ အိန္ဒိယရုပ်ရှင်တွေမှာ ဝင်ငွေအများဆုံး ရုပ်ရှင်တခု ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ စတင် ပြသခဲ့ပေမယ့် မပြသမီ ၁ လလောက်အလိုမှာ တကယ့် အပြင်လက်တွေ့ ဘဝထဲက စပိုင် Sehmat ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၇၁ ခုနှစ်၊ အိန္ဒိယ-ပါကစ္စတန် စစ်မဖြစ်မီ အစောပိုင်းကာလမှာ Sehmat ဆိုတဲ့ မိန်းကလေးဟာ ကတ်ရှ်မီးယား ဒေသမှာ နေထိုင်တဲ့ တက္ကသိုလ်ကျောင်းသူတဦး ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်နဲ့ အဖိုးဖြစ်သူတို့ဟာ အိန္ဒိယ လွတ်မြောက်ရေး တပ်သားတွေ ဖြစ်ပါတယ်။ တနေ့တော့ သူ့ရဲ့ဖခင်ဖြစ်သူထံမှာ ကင်ဆာရောဂါ ရှိနေပြီဆိုတာကို သိခဲ့ရပြီး နိုင်ငံ့အတွက် တာဝန်ထမ်းတဲ့ သူတို့မိသားစုရဲ့ ထုံးတမ်းအစဉ်အလာကို သူ့ရဲ့ နောက်ဆုံးဆန္ဒအဖြစ် ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

အဲဒီအတွက် ပါကစ္စတန်စစ်တပ်မှာ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့် ခံထားရသူ တဦးရဲ့ သားဖြစ်သူ အရာရှိတဦးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ Sehmat ရဲ့တာဝန်က အဲဒီစစ်တပ် အရာရှိလေးနဲ့ လက်ထပ်ပြီး အိန္ဒိယနိုင်ငံအတွက် ပါကစ္စတန်နိုင်ငံမှာ စပိုင်လုပ်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အရည်အချင်း ပြည့်ဝတဲ့ စပိုင်တယောက် ဖြစ်လာဖို့ သူဟာ အိန္ဒိယပြင်ပ ထောက်လှမ်းရေး အေဂျင်စီ RAW အဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုကိုလည်း ခံခဲ့ရပါတယ်။

အဲဒီလို တိုင်းတပါးမှာ တိုင်းပြည်တာဝန်ကို လျှို့ဝှက်ထမ်းဆောင်ဖို့အတွက် ပါကစ္စတန်နိုင်ငံမှာရှိနေတဲ့ တခြား အိန္ဒိယ သူလျှိုတွေရဲ့ ဖုန်းနံပါတ်တွေကို အလွတ် ကျက်မှတ်ရတာ၊ မော့စ်ကုဒ်တွေရဲ့ စာပို့သင်္ကေတကို ဖြည်ရတာတို့တွေကိုလည်း သင်ယူခဲ့ရပါတယ်။ လက်ထပ်ပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့တဲ့ Sehmat ဟာ အိမ်ထောင်ရှင်မ တဦး အနေနဲ့ နိုင်ငံအသစ်မှာ နေသားကျအောင် နေထိုင်ခဲ့ပြီး သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့အသိုင်းအဝိုင်းမှာ ယုံကြည်မှု ရရှိဖို့ စတင် ကြိုးပမ်းခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကို ဟန်ဆောင်လက်ထပ်ခဲ့ပေမယ့် သူဟာ တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ ပါကစ္စတန်စစ်တပ်အတွင်းက အတွင်းရေးအချက်အလက်တွေကို အဲဒီမှာရှိတဲ့ တခြားသူလျှိုတွေကနေ တဆင့် သူဟာ သတင်းပေးပို့နေခဲ့ပါတယ်။ တနေ့တော့ သူ့ရဲ့ သူလျှိုလုပ်ငန်းတွေကို အိမ်စောင့်ကြီးတယောက်က သတိထားမိခဲ့ရာကနေ အထက်က သင်ကြား ပေးလိုက်တဲ့အတိုင်း အဲဒီ အိမ်စောင့်ကြီးကို နှုတ်ပိတ်လိုက်ပါတယ်။ အဲဒီအမှုကနေ တဆင့်သူ့ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားမှာ စိုးရိမ်လို့ နှုတ်ပိတ် လုပ်ကြံလိုက်ရတဲ့ အထဲမှာ သူ့ရဲ့ ခဲအိုအထိ ပါဝင်ခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံဘက်ကလည်း သူတို့ လျှို့ဝှက်ချက်တွေ ပေါက်ကြားနေပြီ ဆိုတာကို ရိပ်မိတဲ့ အတွက်ကြောင့် နိုင်ငံတွင်းမှာ ရှိနေတဲ့ အိန္ဒိယစပိုင်တွေကို လိုက်လံ ဖမ်းဆီးခဲ့ပါတော့တယ်။ ပါကစ္စတန် အရာရှိတွေလက်ကနေ Sehmat တယောက် အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်ပါ့မလား ဆိုတာ ရင်တမမ နဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဖြစ်တာကြောင့် ညွှန်းဆိုပေးလိုက်ပါတယ်။ IMDB Rating (7.9) ရရှိထားတဲ့ ဇာတ်လမ်းကောင်း တခုဖြစ်ပါတယ်။

The post အိန္ဒိယအမျိုးသမီး စပိုင်တဦးရဲ့ ဇာတ်ကြောင်းကို သရုပ်ဖော်ထားတဲ့ “Raazi” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...