Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Top Gun 2” ရုပ်ရှင်မှာ မင်းသား Tom Cruise နဲ့အတူ မင်းသမီး Jennifer Connelly ပါဝင်မည်

$
0
0

မင်းသမီး Jennifer Connelly ဟာ မင်းသား Tom Cruise နဲ့အတူ Paramount နဲ့ Skydance တို့ကနေ ထုတ်လုပ်မယ့် Top Gun: Maverick နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။ မင်းသမီးဟာ “A Beautiful Mind” နဲ့ “He’s Just Not That Into You” ရုပ်ရှင်တို့နဲ့ နာမည်ကျော်ခဲ့သူလည်း ဖြစ်ပါတယ်။

Oblivion ရုပ်ရှင်ဒါရိုက်တာ Joe Kosinski က ၁၉၈၆ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို ရိုက်ကူးမှာဖြစ်တယ်လို့ Variety မီဒီယာမှာ ဖော်ပြပါတယ်။ “12 Strong” ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ Peter Craig နဲ့အတူ “The Jungle Book” ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာ Justin Marks တို့က အခုရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားပေးကြမှာ ဖြစ်ပါတယ်။

အခုရုပ်ရှင်အသစ်မှာတော့ ကမ္ဘာတဝန်းမှာရှိတဲ့ ဒရုန်းနည်းပညာအကြောင်း ရိုက်ကူးထားပြီး ဝေဟင်မှာ လေယာဉ်တွေ တိုက်ခိုက်မှု ခေတ်ရဲ့ အဆုံးအသတ်အကြောင်း ပုံဖော်ရိုက်ကူးမယ့်အပြင် မင်းသား Cruise က လေကြောင်းပျံသန်းမှုဆိုင်ရာ သင်ကြားရေးမှူးအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာတော့ မင်းသားဟာ ရုပ်ရှင်နဲ့ပတ်သက်လို့ Instagram မှာ အမြည်းဓာတ်ပုံ တခုကို တင်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ မင်းသားဟာ Maverick အနေနဲ့ ပြန်လာခဲ့တဲ့ပုံစံအပြင် လက်ထဲမှာလည်း လေယာဉ်စီး ဦးထုပ်ကို ကိုင်ထားပြီး လေယာဉ်တစင်းကို ကြည့်နေတဲ့ပုံကို မြင်တွေ့ရပါတယ်။

မူရင်းရုပ်ရှင်ထဲမှာ နာမည်ကျော် စကားရပ်ဖြစ်တဲ့ “Feel the need” ဆိုတဲ့ စကားရပ်ကိုလည်း ဓာတ်ပုံပေါ်မှာ ရေးသားထားပြီး ရုပ်ရှင်အတွက် ရူတင်ကို စတင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ကွယ်လွန်သူ Don Simpson နဲ့အတူ ပထမဆုံး ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူ Jerry Bruckheimer က မင်းသား Cruise၊ Skydance စီအီးအို David Ellison နဲ့အတူ ရုပ်ရှင်ကို ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။ အမေရိကန် မင်းသား Miles Teller က အခုရုပ်ရှင်မှာ Nick “Goose” Bradshaw ရဲ့ သားဖြစ်သူ Bradley Bradshaw အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

မင်းသားကြီး Val Kilmer ကတော့ Tom “Iceman” Kazansky ဇာတ်ရုပ်နေရာ ကနေ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်အသစ်ကိုတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပါတယ်။

Ref:indiaexpress

The post “Top Gun 2” ရုပ်ရှင်မှာ မင်းသား Tom Cruise နဲ့အတူ မင်းသမီး Jennifer Connelly ပါဝင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...