Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘန်ကောက်မှာ သွားတွေ သွားပြင်မယ့် မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

$
0
0

ခွဲစိတ်ပြုပြင်မှုများစွာ ပြုလုပ်ထားပြီး ပြုပြင်ထားတဲ့ အရာများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) ကတော့ သြဂုတ်လ ၅ ရက်နေ့မှာ ဘန်ကောက်နိုင်ငံသို့ သွားရောက်ပြီး သူ့ရဲ့ သွားများကို ပြုပြင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“၅ ရက်နေ့ကျရင် ဘန်ကောက်သွားပြီးတော့ သွားတွေ သွားပြင်ဖို့ ရှိတယ်။ စပွန်ဆာ ပေးထားတယ်။ မျက်နှာပိုင်း တွေလည်း ပြင်ဖို့ ရှိတယ်။ သုသုက အောက်သွား ခေါတယ်။ အောက်သွားကို ပြင်မယ်။ ပလက်စတစ်အကြည် ဖိုင်ဘာအကြည်လေးနဲ့လုပ်မယ်” လို့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

မျက်နှာနဲ့ ပတ်သက်တာတွေကို ပြင်ဆင်သွားဖို့ ရှိပြီး ပြင်ဆင်ခါနီးအချိန်မှာ အသိပေးပါမယ်လို့လည်း သူက ဆိုပါတယ်။

“အမှန်အတိုင်းပြောရရင် လှချင်တော့ ပိုပြီး အလှပြင်လာတယ်။ အရင်က RS ရှိတော့ အချိန် မပေးနိုင်ဘူး။ အခုက Single ဆိုတော့ ကိုယ့်ကိုယ်ကို အလှပိုပြင်လာတယ်။ ပိုပြီး စိတ်ချမ်းသာတယ်။ အရင်တုန်းကလည်း မလှခဲ့ပါဘူး။ အခုလည်း မလှပါဘူး။ ဒါပေမယ့်အခုက အဆင်ပြေသွားပါပြီ” လို့ ညီညီမောင်က ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ မကြာခဏ သတင်းများ ထွက်ပေါ်လေ့ရှိတဲ့ သူတယောက်အနေနဲ့ လက်ရှိ အချစ်ရေး အကြောင်းအရာကို မေးကြည့်တဲ့အခါမှာတော့ “သုသုက အားလုံးချစ်တဲ့ သူကိုပဲ ခေါ်လာမှာပါ။ ကိုယ့်ကို ချစ်သလို သူ့ကိုလည်း ချစ်လို့ရအောင်။ လက်ရှိဘဝကို အရမ်းပျော်တယ်။ အတိတ်ဆိုတာ မရှိတော့ဘူး။ မမှတ်မိတော့ဘူး။ လက်ရှိဘဝမှာလည်း အရမ်းပျော်အောင် ထားတဲ့ ကို့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာလည်း ကြော်ငြာရိုက်ဖို့အတွက် ကမ်းလှမ်းထားတာတွေရှိပြီး ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာအတွက် ဇာတ်လမ်း ရွေးချယ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – “လောလောဆယ် အနာမကျက်သေးလို့ ရည်းစား မထားသေးဘူး” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

“ချစ်သူရဲ့ ဖောက်ပြန်တဲ့ ဒဏ်ကို မခံနိုင်လို့ လမ်းခွဲလိုက်ပြီ” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း) 

The post ဘန်ကောက်မှာ သွားတွေ သွားပြင်မယ့် မိတ်ကပ် ညီညီမောင်(စမ်းချောင်း) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...