Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်လုပ်ဖို့ စဉ်စားနေတဲ့ မော်ဒယ် ခိုင်သဇင်ငုဝါ

$
0
0

မော်ဒယ် တယောက်အနေနဲ့ အချိန်တခုအထိ ရပ်တည်လာတဲ့ မော်ဒယ် ခိုင်သဇင်ငုဝါကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်ပိုင်းကို ပြောင်းဖို့အတွက် စဉ်းစားနေတယ်လို့ ပြောပါတယ်။

“မော်ဒယ်ပိုင်းနဲ့ ရပ်တည်နေရင် ပုံမှန်အတိုင်းကြီးပဲဖြစ်နေမယ်။ သိတဲ့သူလည်းရှိတယ်။ မသိတဲ့သူလည်း ရှိတယ်။ အရမ်းကြီး နာမည်ကြီးသွားမှာ မဟုတ်ဘူးပေါ့။ အခုစဉ်းစားတာ သရုပ်ဆောင်ပိုင်းကို ပြောင်းရင် ကောင်းမလားဆိုပြီး အဲဒါကြောင့် အနုပညာခြေလှမ်းတွေ ကြဲနေတာပေါ့။ သရုပ်ဆောင်ပိုင်းက ချက်ချင်းကြီး ဝုန်းခနဲ သွားဖို့ မရှိဘူး” လို့ ခိုင်သဇင်ငုဝါက ပြောပါတယ်။

ခိုင်သဇင်ငုဝါကတော့ ၂၀၁၂ ခုနှစ်လောက်ကတည်း မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်လာတာြ ဖစ်ပြီး မိခင်ဖြစ်သူက သရုပ်ဆောင် မင်းသမီးတယောက် ဖြစ်စေချင်ပေမယ့် ဝါသနာ မပါတာကြောင့် မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

“ငုဝါက မော်ဒယ်တယောက်အနေနဲ့ ရပ်တည်လာတာကြာပြီ။ ၂၀၁၂ခုနှစ် ကတည်းကဆိုတော့။ အမေကတော့ သရုပ်ဆောင်ဖြစ်စေချင်တယ်။ ငုဝါကျတော့ သရုပ်ဆောင်ပိုင်းမှာ သိပ်ဝါသနာ မပါဘူးပေါ့နော်။ ဝါသနာပါရင် အစောကြီးကတည်းက ဒီဖက်ကို ပြောင်းပြီးနေပြီ။ မော်ဒယ် ပိုင်းကတော့ ကိုယ့်ပရော်ဖက်ရှင်နယ် ဖြစ်နေပြီဆိုတော့ သရုပ်ဆောင်ပိုင်းကျတော့ ပရိသတ်တွေက ဘာပြောမလဲဆိုပြီးပေါ့” လို့ခိုင်သဇင်ငုဝါက ဆိုပါတယ်။

သူမအနေနဲ့ Media 7 ကရိုက်ကူးတဲ့ “ကိုယ်စောင့်နတ်” နှင့် Original Gangstar 3 မှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ခိုင်သဇင်ငုဝါအနေနဲ့ လက်ရှိအနေအထားကို ကျေနပ်မှုရှိလားဆိုတာနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“ကျေနပ်တယ်။ မင်းသမီးဘက် မလုပ်ဖြစ်ရင် အိမ်နဲ့ တိုင်ပင်ပြီးတော့ စီးပွားရေးအလုပ်လေးတခု လုပ်ဖို့ စိတ်ကူး ထားတယ်။ ကိုယ်ဝါသနာပါတဲ့ မော်ဒယ်တယောက်အနေနဲ့ ရှိုးလေး လျှောက်လိုက်မယ်။ ကိုယ့်စီးပွားရေးလေး လုပ်မယ်။ အဲဒါကျတော့ ဘဝအတွက် အာမခံချက်ရှိတယ်။ သရုပ်ဆောင် အလုပ်ကျတော့ ရေရှည်တည်တံ့လေး မတည်တံ့လား မသိနိုင်ဘူး” လို့ ပြောပါတယ်။

ခိုင်သဇင်ငုဝါကတော့ သူမ ထားရှိတဲ့ ချစ်သူရည်းစားများနဲ့ ပတ်သက်ပြီး ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူတယောက်ဖြစ်ပြီး လက်ရှိအချစ်ရေးကတော့ အဆင်ပြေနေတယ်လို့ သိရပါတယ်။

The post သရုပ်ဆောင်လုပ်ဖို့ စဉ်စားနေတဲ့ မော်ဒယ် ခိုင်သဇင်ငုဝါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...