Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခန္ဓာကိုယ်က တက်တူးတွေအကြောင်းပြောပြတဲ့ Sexy မော်ဒယ် နန်းသီရိမောင်

$
0
0

Sexy မော်ဒယ်တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသူလေး မော်ဒယ် နန်းသီရိမောင်က သူမခန္ဓာကိုယ် ပေါ်မှာ ထိုးထားတဲ့ တက်တူးများနဲ့ ပတ်သက်ပြီး အဲဒီတက်တူးများမှာ အမှတ်တရတွေရှိပြီး ထိုးဖြစ်တဲ့ အမှတ်တရ အကြောင်းအရာများကို အခုလို ဆိုပါတယ်။

 

မော်ဒယ် နန်းသိရီမောင်

 

“နန်းနန်းရဲ့ကျောအနောက်က တက်တူးလေးက ဂျပန်စာလုံးလေးပါ။ အဓိပါ္ပယ်ကတော့ ဘဝကံ အကြောင်းတရားပေါ့။ တခုခုကြုံလာရင် ကံဆိုတာရှောင်လွှဲလို့ မရဘူးပေါ့နော်။ ရင်သားနားမှာ ထိုးထားတဲ့ တက်တူးကတော့ ပြောရမှာတော့ ဝမ်းနည်းတယ်။ ငယ်ငယ်က အဆီကျိတ်ခွဲခဲ့တော့ အဲဒီနေရာမှာ အမာရွတ်ကအကြီးကြီး ထင်နေတယ်။ အဲဒါနဲ့ တခု ဆုံးဖြတ်ချက်ချလိုက်တာက တက်တူး ထိုးလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အမာရွတ်ဖုံးတဲ့အနေနဲ့ ထိုးဖြစ်တာပါ” လို့ နန်းသီရိမောင်က ဧရာဝတီကို ပြောပါတယ်။

နောက်ထပ် တက်တူးထိုးဖို့အတွက် မသေချာသေးဘဲ ရောမ စာတန်းလေးတွေနဲ့ ဖန်စီဆန်တဲ့ တက်တူးမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။

“နောက်ထပ် ထိုးသွားဖို့ကတော့ မသိသေးဘူး။ နန်းနန်း ထိုးချင်တာရှိရင် ထိုးမယ်။ လုပ်ချင်တာရှိရင် လုပ်မယ်။ နန်းနန်း စိတ်ပျော်ရင် အကုန်လုံးလုပ်ပါမယ်။ တက်တူးကို စာတန်းလေးတွေ၊ ရောမ စာတန်းလေးတွေတို့ ဖန်စီဆန် တဲ့ပုံစံလေးတွေကြိုက်ပါတယ်” လို့ နန်းသီရိမောင်က ပြောပါတယ်။

နန်းသီရိမောင်ကတော့ အလှဓာတ်ပုံများ ရိုက်တာနဲ့ သီချင်းဆိုခြင်းများကိုသာ လုပ်နေတာဖြစ်ပြီး သရုပ်ဆောင် မလုပ်ဖြစ်ဘဲ မကြာခင်မှာတော့ သူမကိုသရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းထားတာကို လက်ခံပြီး ရိုက်ကူးသွား ဖို့ရှိတယ်လို့ သိရပါတယ်။

“အနုပညာလှုပ်ရှားမှု အနေနဲ့ ရှေ့လကျရင် ကားရိုက်ဖို့ရှိပါတယ်။ ဟာသကားလေးပါပဲ။ စပြီး ရိုက်ကြည့်မယ်။ ကိုယ်မလုပ်ဖူးတဲ့ အသစ်အဆန်းတွေကို ကိုယ်အရွယ် ရှိတုန်းမှာ လှလှပပလေး လုပ်သွားကြည့်မယ်ဆိုပြီး ရိုက်ဖြစ်တာပါ” လို့ နန်းသီရိမောင်က ပြောပါတယ်။

နန်းသီရိမောင်ကတော့ “အချစ်ကဘာလဲ” ဆိုတဲ့ တကိုယ်တော် သီချင်းခွေ ထွက်ရှိထားပြီး Sexy ဆန်တဲ့ ဓာတ်ပုံများကို ရိုက်ကူးလျက်ရှိတဲ့ မော်ဒယ်တယောက် ဖြစ်ပါတယ်။

The post ခန္ဓာကိုယ်က တက်တူးတွေအကြောင်းပြောပြတဲ့ Sexy မော်ဒယ် နန်းသီရိမောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး