Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပထမဆုံး ရုပ်ရှင်ထက် ပိုကောင်းတဲ့ “Along With the Gods 2”ရုပ်ရှင်

$
0
0

ဒါရိုက်တာ Kim Yong Hwa ရဲ့ စိတ်ကူးယဉ်အက်ရှင် နှစ်ပိုင်းတွဲ ရုပ်ရှင်ရဲ့ ဒုတိယမြောက် အဆက်ဖြစ်တဲ့ “Along With the Gods: The Last 49 Days” ရုပ်ရှင်ဟာ ပထမဆုံးရုပ်ရှင်ထက် ပိုမိုရယ်မောပျော်ရွှင်ရပြီး ပိုပြီးတော့ အလှုပ်အခတ်တွေပါတယ်လို့ ဆိုပါတယ်။

ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ “Along With the Gods: The Two Worlds” မှာတော့ သေမင်း ၃ ပါးဟာ ဗုဒ္ဓဘာသာ အယူအဆရ သေပြီး ၄၉ ရက်အတွင်း နောက်ဘဝကို ကူးပြောင်း ရောက်ရှိနိုင်ဖို့ ငရဲ ၇ ခုမှာ စစ်ဆေးခံရမယ့် Ja Hong လို့အမည်ရတဲ့ မီးသတ်သမားတဦးကို ကာကွယ်ပေးရတဲ့အကြောင်း ရိုက်ကူးထားတာပါ။

အဲဒီပထမဆုံးရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက တောင်ကိုရီးယားမှာ ရုံတင်ပြသစဉ်တုန်းက ရုံဝင်ငွေ စံချိန် ချိုးခဲ့သလို တောင်ကိုရီးယားမှာ လူ ၁၄ သန်းကြည့်ရှုခဲ့ကြတဲ့အတွက် လူကြည့် အများဆုံး ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

စီးပွားရေးအရ ကြီးကြီးကျယ်ကျယ် အောင်မြင်ခဲ့ပေမယ့် ဒရာမာချိုးလွန်းမှုနဲ့ မကောင်းဆိုးရွား မိစ္ဆာကို ရိုးရိုးရှင်းရှင်းပဲ အနိုင်ယူခဲ့တဲ့ ဇာတ်လမ်းအကြောင်းအရာကြောင့် ဝေဖန်သူက မှတ်ချက် ကောင်းကောင်း မပေးခဲ့ကြပါဘူး။

အခု နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ Ha Jung-woo, Ju Ji-hoon နဲ့ Kim Hyang-gi တို့ သရုပ်ဆောင်ထားကြတဲ့ သေမင်း ၃ ပါးဟာ ၄၉ ယောက်မြောက် ပုဂ္ဂိုလ်ကို နောက်ဘဝ ပြန်ဝင်စား နိုင်ဖို့ အောင်အောင်မြင်မြင် ကူညီပေးနိုင်မယ် ဆိုရင် မြေအောက်ငရဲဘုရင်ကြီး ကတိပေးထားတဲ့ အတိုင်း သူတို့လည်း နောက်ဘဝ ရရှိတဲ့အကြောင်း ဇာတ်အိမ် တည်ထားပါတယ်။

ဒါပေမယ့် သူတို့ ၃ ဦးထဲက ခေါင်းဆောင်ဖြစ်တဲ့ Gangrim ဟာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပထမရုပ်ရှင်မှာ စစ်တပ်တွင်း မတော်တဆမှု အတွင်းမှာ အသတ်ခံလိုက်ရပြီးတဲ့နောက် လက်စား ချေချင်နေတဲ့ ဝိညာဉ်တကောင်ကို နောက်ဘဝ ကူးပြောင်းနိုင်စေဖို့ လုပ်ဆောင်ပေးလိုက်ပါတယ်။

အဲဒီတော့ အိမ်စောင့်နတ်က ကာကွယ်ပေးထားလို့ ဝိညာဉ်ကို ငရဲခေါ်ဆောင်နိုင်ခြင်း မရှိတဲ့ အသက်ကြီးပိုင်း အမျိုးသားတဦးကို ခေါ်ဆောင်ခဲ့ဖို့ ငရဲဘုရင်ကြီးက အမိန့်ပေးလိုက်ပါတယ်။ ဒါပေမယ့် မင်းသား Ma Dong-seok က သေမင်း တော်တော်များများကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ကြင်နာတတ်တဲ့ နတ်ဘုရားတဦးအဖြစ် ပါဝင်ထားပါတယ်။

သေမင်း ၃ ပါးထဲက နောက်နှစ်ဦးဖြစ်တဲ့ Haewonmaek နဲ့ Deok-chun တို့ဟာ သူတို့ကို ပေးအပ် လိုက်တဲ့ Mission ကို တာဝန်ထမ်းဆောင်ဖို့ အဘိုးကြီးရဲ့ အိမ်ကို ရောက်ရှိလာခဲ့ပြီး အိမ်စောင့်နတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အိမ်စောင့်နတ်နဲ့ တွေ့လိုက်တဲ့အခါ လွန်ခဲ့တဲ့ နှစ် ၁ ထောင်လောက်က သူတို့ လူသားတွေ ဖြစ်စဉ်အခါ အတိတ်ကာလတုန်းက လျှို့ဝှက်ချက် တွေကို သိရှိရဖို့ အကြောင်းဖန်လာ ပါတော့တယ်။

အခုရုပ်ရှင်မှာတော့ Gangrim က Su-hong ဆိုတဲ့ အမျိုးသားကို နောက်ဘဝကူးပြောင်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရပုံနဲ့ တဖက်မှာ အခြား သေမင်း ၂ ပါးက တဦးတည်းသော မြေးလေးကို ကျွေးမွေးပြုစုနေတဲ့ အဘိုးအိုရဲ့ ဝိညာဉ်ကို အိမ်စောင့်နတ်အကာအကွယ်ပေးနေတဲ့ကြားကနေ ခေါ်ဆောင် ကြိုးပမ်းရပုံဆိုပြီး နှစ်ပိုင်းခွဲထား ပါတယ်။

နောက်ကြောင်းပြန်အကြောင်းအရာတွေမှာတော့ သေမင်း ၃ ပါးဟာ ဘာကြောင့် နှစ်ပေါင်း ၁၀၀၀ စောင့်ဆိုင်း နေရတယ်ဆိုတဲ့အကြောင်းအရင်းနဲ့ ဘာကြောင့် သေမင်း Gangrim က အရှုပ်ထုပ် အမျိုးသားကိုမှ ရွေးပြီး ရှေ့နေအနေနဲ့ အကာအကွယ်ပေးဖို့ ကြိုးပမ်းခဲ့ရတဲ့ အကြောင်းအရင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဆုံးမှာ “ခွင့်လွှတ်ကျေအေးမှုနဲ့ ပြန်လည်သင့်မြတ်မှု” ဆိုတဲ့ ရုပ်ရှင်ရဲ့ အဓိက ဆောင်ပုဒ်ကို အဲဒီ ဇာတ်လမ်း အကြောင်းအရာနဲ့ ဟာသနှောပြီး သင်ခန်းစာရဖွယ်ဖြစ်အောင် ပရိသတ်တွေကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နာမည်ကျော် “Train to Busan” ရုပ်ရှင်နဲ့ “Champion” ရုပ်ရှင်တို့မှာပါဝင်ခဲ့တဲ့ မင်းသား Ma Dong-seok က ဒီရုပ်ရှင်မှာတော့ ပရိသတ်တွေကို ဟာသမြောက်စေတဲ့ စကားလုံးတွေနဲ့ ပျော်ရွှင်အောင် ဖမ်းစားမှာလည်း ဖြစ်ပါတယ်။

ဇာတ်ရှိန်မြင့်တဲ့ ဇာတ်လမ်းအကြောင်းအရာ ဖြစ်ပြီး CGI အထူးပြုလုပ်ချက် များများနဲ့ မြင်တွေ့ရမယ့် အဲဒီရုပ်ရှင်ဟာလည်း အခုနွေရာသီကာလ ရုံဝင်ငွေ စာရင်းမှာ သရဖူဆောင်းဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ Lotte Entertainment က ထုတ်လုပ်ထားတဲ့ အဲဒီရုပ်ရှင်ကို တောင်ကိုရီးယား နိုင်ငံမှာ သြဂုတ်လ ၁ ရက်နေ့ကစလို့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref:Yonhap

The post ပထမဆုံး ရုပ်ရှင်ထက် ပိုကောင်းတဲ့ “Along With the Gods 2” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...