Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Myanmar Idol “Hits Song”သီဆိုယှဉ်ပြိုင်မှုမှာ ဘယ်သူအကောင်းဆုံးလဲ

$
0
0

လက်ရှိမှာ ပရိသတ် စိတ်ဝင်စားမှုမြင့်နေတဲ့ “Myanmar Idol Season 3” သီချင်းဆိုပြိုင်ပွဲရဲ့ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၃ ဦးရဲ့ ယှဉ်ပြိုင်မှုကို မနေ့က သြဂုတ် ၂ရက်နေ့က ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ပြိုင်ပွဲဝင် ၃ ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်၊ ဇော်ကြီးနဲ့ ချမ်းမြေ့မောင်ချိုတို့ ၃ ဦးက လတ်တလောမှာ Hit ဖြစ်နေတဲ့ Hits Song များနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

 

 

ပထမဆဦးစွာ ချမ်းမြေ့မောင်ချိုက ကေကေမိုးရဲ့ “ကျွန်မ” ဆိုတဲ့ တေးသီချင်းနဲ့ စတင်သီဆိုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ သီဆိုတဲ့အခါ ခံစားချက်ကို အပြည့်အဝ ထည့်ပြီး သီဆိုသွားနိုင်ပေမယ့် အမှားအယွင်း အနည်းငယ် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ချမ်းမြေ့မောင်ချိုရဲ့ ယှဉ်ပြိုင်မှု တလျောက်မှာတော့ ဒီတခေါက်ယှဉ်ပြိုင်သီဆိုမှုက ခံစားချက် အပြည့်အဝ ခံစားရစေတယ်လို့ ခံစားရစေပါတယ်။

 

 

အဲဒီတော့ Pantene Wild Card နဲ့ ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်လာတဲ့ ဇော်ကြီးက အဆိုတော် သာဒီးလူရဲ့ “လိုသလိုသုံး” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ပါတယ်။ သာဒီလူးအသံနဲ့ ဇော်ကြီးအသံနဲ့ မတူပေမယ့် ဇော်ကြီးက သူရဲ့စတိုင်နဲ့ အကောင်းဆုံးကြိုးစားသီဆိုခဲ့တာကို တွေ့ရပါတယ်။ ဒီအတွက်ကြောင့် အကဲဖြတ်ဒိုင်တွေကတောင် Wild Card နဲ့ ပြန်ခေါ်ရကျိုးနပ်တဲ့သူတယောက်လို့ ချီးကျူးခံခဲ့ရပါတယ်။

 

 

နောက်ဆုံးမှာတော့ ပြိုင်ပွဲမှာ ပရိသတ်အများဆုံးရထားတဲ့ ဖြိုးမြတ်အောင်က အဆိုတော်လင်းလင်းရဲ့ “သုည” ဆိုတဲ့ တေးသီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ သီဆိုယှဉ်ပြိုင်မှုတိုင်းမှာ အမြဲတမ်းလိုလို အကဲဖြတ်ဒိုင် တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ ချီးကျူးစကားကို ရရှိထားတဲ့ ဖြိုးမြတ်အောင် ကလည်း ဒီတခေါက် သူရဲ့ယှဉ်ပြိုင်မှုအပြီးမှာ အင်တာနေရှင်နယ် မှီတဲ့ အဆိုရှင် တယောက် ၊ U2 အဖွဲ့ အဆိုတော် Bono နဲ့ တူတယ်လို့ မြန်မာပြည်သိန်းတန်ရဲ့ ချီးကျူးခံရမှုကို ရရှိခဲ့ပါတယ်။

ဒီလိုသီဆိုမှုအပြီးမှာ ပြိုင်ပွဲဝင်များအတွက် Voting ပေးတဲ့စနစ်ကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး မဲပေးဖို့ ရပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးဘဲ ပြိုင်ပွဲကို နောက်ထပ်စုံတွဲ သီဆိုယှဉ်ပြိုင်မှုများနဲ့ နောက်တကျော့ စတင်ခဲ့ပါတယ်။

ဒီအခါမှာတော့ ချမ်းမြေ့မောင်ချိုက အဆိုတော်စည်သူလွင်နဲ့ “တို့မဝေးဘူး” သီချင်းကို အမှားအယွင်း မရှိဘဲ အတွဲညီညီနဲ့ သီဆိုနိုင်ခဲ့ပြီး စည်သူလွင်ရဲ့ ချီးကျူးစကားပြောခြင်းကို ခံခဲ့ရပါတယ်။ ဒီတခါ မှာတော့ အကဲဖြတ်ဒိုင် ၄ ဦးလုံးရဲ့ ကျေနပ်မှုကို ချမ်းမြေ့မောင်ချိုက ရရှိခဲ့ပါတယ်။

ဒုတိယယှဉ်ပြိုင်သူ ဇော်ကြီးကတော့ အဆိုတော် ဂျူဝယ်နဲ့အတူ စုံတွဲသီဆိုခဲ့ရတာဖြစ်ပြီး အကဲဖြတ် ဒိုင်များက ဂျူဝယ်က ကိုယ်ချင်းစာစိတ်ရှိသူ တယောက်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ နှစ်ဦးစလုံး လူငယ်များဖြစ်တာကြောင့် ပိုပြီး အပေးအယူမျှစွာ သီဆိုနိုင်ခဲ့တာကြောင့် ဇော်ကြီးကလည်း Myanmar Idol ရဲ့ Grand Final အထိ တက်ရောက်ဖို့ ရေပန်းစားနေသူတဦးလည်းဖြစ်ပါတယ်။

နောက်ဆုံးမှာ ဖြိုးမြတ်အောင်က မြန်မာနိုင်ငံရဲ့ အမျိုးသမီးအဆိုတော်တွေထဲမှာ ထူးခြားတဲ့ အသံရှိသူ အဆိုတော် ဆုန်သင်းပါရန်နဲ့အတူ “ကြိုးပုခက်၌ ညှိတွယ်ခြင်း” စုံတွဲသီဆိုရတာ ဖြစ်ပါတယ်။ ဆုန်သင်းပါရန်နဲ့ သီဆိုဖို့ လိုအပ်ချက်နဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ဒိုင်သုံးဦးက မှတ်ချက် ပေးခဲ့ပေမယ့် မြန်မာပြည်သိန်းတန်ကတော့ အင်တာနေရှင်နယ် မှီတဲ့ အဆိုတော်ဆိုတာ ဒါမျိုးလို့ပဲ ထပ်မံပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ Myanmar Idol Result Show ကို ည ၉ နာရီမှာပြုလုပ်မှာဖြစ်ပြီး မဲရရှိသူ အနည်းဆုံး တဦးက ထွက်ရမှာဖြစ်ပြီး ကျန်နှစ်ဦးကတော့ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်တဲ့ Grand Final ကို တက်ရောက်ပြီး နောက်ဆုံးယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုအများဆုံးက ဘယ်သူတွေဖြစ်ပြီး ပြိုင်ပွဲက မဲစနစ်အရ ထွက်ရမယ့်သူက ဘယ်သူဖြစ်မလဲ ဆိုတာ ဒီနေ့ည ၉ နာရီမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

The post Myanmar Idol “Hits Song” သီဆိုယှဉ်ပြိုင်မှုမှာ ဘယ်သူအကောင်းဆုံးလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...