Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ငွေများတရားနိုင် လောကကြီးထဲမှာ အမှန်တရားရဲ့ နောက်ကွယ်က “No One Killed Jessica”

$
0
0

ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ဖြန့်ချိပြသခဲ့တဲ့ အိန္ဒိယ အတ္ထုပ္ပတ္တိ နောက်ခံ သည်းထိတ်ရင်ဖို ရုပ်ရှင် “No One Killed Jessica” ဖြစ်ပြီး အဲဒီကားမှာ မင်းသမီးတွေ ဖြစ်ကြတဲ့ Rani Mukerji နဲ့ Vidya Balan တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ UTV Spotboy ကုမ္ပဏီက ထုတ်လုပ်ပြီး ဒါရိုက်တာ Rajkumar Gupta က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကတော့ “Jessica Lal” လူသတ်မှုကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဘားတခုမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့ရတဲ့ Jessica ဆိုတဲ့ မိန်းကလေးရဲ့ အမှုကို တရားမျှတစွာ ဖော်ထုတ်ဖို့ သေဆုံးသူရဲ့ အစ်မနဲ့အတူ အမှန်တရားဘက်က ရပ်တည်တဲ့ သတင်းသမားတဦးတို့ရဲ့ ကြိုးပမ်းမှုကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

သေဆုံးသူ Jessica ရဲ့ အစ်မဖြစ်သူ Sabrina Lal အဖြစ် မင်းသမီး Vidya Balan နဲ့ အဲဒီ လူသေစေမှုကို လိုက်လံဖော်ထုတ်မယ့် သတင်းထောက်အဖြစ် မင်းသမီး Rani Mukerji က ပါဝင်သရုပ်ဆောင်ထားပါတယ်။

အဲဒီရုပ်ရှင်ကို ဖြန့်ချိခဲ့ချိန်မှာတော့ အကောင်းမြင်မှတ်ချက်များစွာ ရရှိခဲ့ပြီး ရုံဝင်ငွေများစွာလည်း ရရှိခဲ့ပါတယ်။ “No One Killed Jessica” ရုပ်ရှင်ဟာ ၅၇ ကြိမ်မြောက် Filmfare ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆုအပါအဝင် ဆန်ခါတင် ဆု ၄ ခု လျာထား ခံခဲ့ရပေမယ့် “အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု”ကို မင်းသမီး Rani Mukerji က ရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ၁၉၉၉ ခုနှစ်က နယူးဒေလီမြို့မှာ ရှိတဲ့ စားသောက်ဆိုင်တခုမှာ မော်ဒယ်နဲ့ ဝန်ထမ်းဖြစ်တဲ့ Jessica La ရဲ့ အကြောင်းကို ပုံဖော်ထားတာပါ။ လူသတ်သမားကတော့ ချမ်းသာပြီး အာဏာပါဝါလွှမ်းမိုးမှု အားကြီးတဲ့ နိုင်ငံရေးသမား Venod Sharma ရဲ့ သားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်း အကြောင်းအရာကတော့ အသက်ငယ်ရွယ်ပြီး ချောမောလှပတဲ့ Jessica ဆိုတဲ့ မိန်းကလေးဟာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာရှိတဲ့ အရက်ကောင်တာကို ပိတ်ဖို့ လုပ်နေတုန်း မန်နျူဆိုသူနဲ့ သူငယ်ချင်းနှစ်ဦးတို့က အရက်ရောင်းချပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။

ဒါပေမယ့် အရက်ကုန်သွားပြီဖြစ်တဲ့ အတွက် ရောင်းလို့မရတဲ့အကြောင်း ပြောရာကနေ စကား အချေအတင် ဖြစ်ပြီး မန်နျူက Jessica ကို သေနတ်နဲ့ ပစ်သတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်နျူကလည်း နယ်နယ်ရရ မဟုတ်ဘဲ ပါတီ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တဦးရဲ့ သားဖြစ်ပါတယ်။

အခင်းဖြစ်ရာနေရာမှာ လူပေါင်း ၃၀၀ ကျော် ရှိခဲ့တဲ့အပြင် မျက်မြင်သက်သေ ၇ ဦး ရှိခဲ့တာတောင် လူပေါင်း ၃၀၀ လုံးက အခင်း မဖြစ်ပွားမီ အဲဒီနေရာကနေ ထွက်ခွာခဲ့တာလို့ ထွက်ဆိုလာခဲ့ကြ ပါတယ်။

မန်နျူမိသားစုရဲ့ သြဇာ၊ အရှိန်အဝါနဲ့ ငွေကြေးတို့ကြောင့် အခြားကျန်တဲ့ သက်သေ ၇ ဦးကလည်း လိမ်ညာ ထွက်ဆိုတာ၊ သက်သေခံပစ္စည်းဖြစ်တဲ့ ကျည်ဆန်တွေကိုလည်း လဲလှယ်ခဲ့ပါတယ်။ အမှုကလည်း ပိုမိုရှုပ်ထွေးလာခဲ့ပြီး အချိန်က ၆ နှစ်လောက်အထိ ကြာလာခဲ့ပါတယ်။

ဒါပေမယ့် “ငွေများ တရားနိုင်” ဆိုတဲ့အတိုင်း ဖြစ်ရပ်မှန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင် သိရှိခဲ့ရပေမယ့် အမှုကနေ လူသတ်သမား မန်နျူဟာ ကွင်းလုံးကျွတ်လွတ် သွားခဲ့ပါတယ်။

ဒါပေမယ့် သတင်းတင်ဆက်ရာမှာ ရဲဝံ့ပြီး အမှန်တရားဘက်ကနေ ရပ်တည်တဲ့ သတင်းထောက် မီရာက ဒီအကြောင်းကို သိရှိသွားခဲ့ပြီးတဲ့နောက် ဖြစ်ရပ်မှန်ကို မီဒီယာကနေ တဆင့် တနိုင်ငံလုံးကို ပြောပြဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် သေဆုံးသူ Jessica ရဲ့ အစ်မ Sabrina ကတော့ အမှုကို ဘယ်လိုပဲ ပြန်ဖော်ထုတ်သည် ဖြစ်စေ အမှုမှန်ပေါ်ပေါက်မှာ မဟုတ်တော့ဘူးလို့ ခံယူထားပြီး ကိုယ့်အလုပ် ကိုယ်ဆက် လုပ်နေခဲ့တာပါ။ မီရာကတော့ သတင်းမှန်အတိုင်း ဆက်လက်ဖော်ထုတ်ခဲ့ပြီး တနိုင်ငံလုံးကနေလည်း သေဆုံးသူ Jessica အတွက် တရားမျှတမှု ရှိစေရေးအတွက် လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ညီမဖြစ်သူ ကိုလည်း ဆုံးရှုံးလိုက်ရတဲ့ အပြင် သောကတွေကြောင့် အမေဖြစ်သူပါ သေဆုံးခဲ့ရတဲ့ အတွက် အားလုံးကို မေ့ပစ်ပြီး နေထိုင်တဲ့ Sabrina ကရော ညီမအတွက် လှုံ့ဆော်မှုတွေမှာ ပါဝင်လာပါ့မလား။ သတင်းထောက် မီရာကရော အမှုမှန်ပေါ်ပေါက်ရေး အတွက် အားကုန် ကြိုးပမ်းနိုင်ပါ့မလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

“ငွေများ တရားနိုင်” လောကကြီးမှာ အမှန်တရားဘက်က ရပ်တည်သူတွေရှိနေသရွေ့ အမှန်တရားဟာ ထာဝရရှင်သန်နေမှာဖြစ်ပြီး ဓနရှင်တို့ရဲ့ ငွေကြေးနဲ့ ဖုံးကွယ်ထားသမျှကို မီဒီယာ အင်အားနဲ့ ဖော်ထုတ်လို့ ရတယ်ဆိုတာကို မီးမောင်းထိုးပြသွားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

IMDB Rating (7.2) ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါတယ်။

The post ငွေများတရားနိုင် လောကကြီးထဲမှာ အမှန်တရားရဲ့ နောက်ကွယ်က “No One Killed Jessica” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...