Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတိမြေကိုခဏတာပြန်သွားတဲ့ Myanmar Idol ပြိုင်ပွဲဝင်ဖြိုးမြတ်အောင်

$
0
0

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က အခုဆိုရင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေ ဆီကို Myanmar Idol အဖွဲ့သားတွေနဲ့ အတူ မနေ့သြဂုတ် ၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ဖြိုးမြတ်အောင်က ဟင်္သာတကို ရောက်နေတဲ့ အချိန်မှာလည်း သီဆိုဖျော်ဖြေမှုတွေလုပ်ရင်း လိုအပ်တဲ့နေရာ တွေကိုလည်း သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

” ဟင်္သာတမြို့ကို ခဏပြန်ပြီးတော့ လိုအပ်တဲ့ စာသင်ကျောင်းလေးတွေမှာ လှူမယ်။ ပြီးရင် ကျနော့်ကို အားပေးဖို့ စောင့်နေကြတဲ့ ဧရာဝတီတိုင်းက မိသားစုတွေနဲ့ တွေ့မယ်။ ဆရာတော်ဆီလည်း သွားမယ်။ တနလာၤနေ့ ညနေ ၃ နာရီ ဟင်္သာတမြို့တော်ခန်းမမှာ ဟင်္သာတ Band နဲ့ သီချင်းတွေ အတူတူ သီဆိုသွားဖို့ လည်း ရှိပါတယ်” ဆိုပြီးတော့ သူ့ရဲ့ Facebook ကနေ Live လွှင့်ပြီးပြောခဲ့ပါတယ်။

ဖြိုးမြတ်အောင်ဟာ ခဏအိမ်အလည်ပြန်ခွင့်ရတဲ့ ခရီးစဉ်မှာ “ကျနော့်ကို အားပေး ချစ်ခင် ဝန်းရံကြတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိနေမလဲဆိုတာ စိတ်လှုပ်ရှားရင်း ရင်ခုန်နေတယ်။ Grand Final ပွဲမတိုင်ခင် ကျနော်တို့ Top2 နှစ်ယောက် မွေးရပ်ဌာနေကိုခဏပြန်ပြီး အားပေးဝန်းရံကြတဲ့ ပရိတ်သတ် မိသားစုတွေနဲ့ ရင်းနှီးစွာ တွေ့ဆုံခွင့်ရတယ်” လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

“မထင်မှတ်ဘဲ အိမ်ကိုပြန်ရတဲ့ ကျနော့်ရဲ့ ခရီးလေးမှာ လမ်းတလျှောက်ကနေ နှုတ်ဆက်ဖို့ စောင့်နေကြပြီး ကျနော်နဲ့ မတွေ့ လိုက်ရတဲ့၊ ကျနော်လည်း နှုတ်မဆက်ဖြစ်တဲ့ ကျနော့်ရဲ့မိသားစုတွေကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းပန် ပါတယ်ဗျာ။ အပြန်ခရီးကလည်း အချိန်နဲ့လုပြီး ပြန်ရတာမို့လို့ အားလုံးကိုတွေ့ဖို့ ကျနော့်အတွက် ခက်ခဲတာကို နားလည် ပေးကြပါနော်”

“ဒီပြိုင်ပွဲပြီးတော့မှ ကျနော်ချစ်ရတဲ့ မိသားစုတွေနဲ့ အေးအေးဆေးဆေး ဆုံချင်ပါသေးတယ်ဗျာ။ စောင့်နေပြီး မတွေ့လိုက် ရတဲ့ မိသားစုတွေ ကျွန်နော်ကို ခွင့်လွှတ်ကြပါနော် ။ ကျနော့်ကို အခုလိုကြိုဆိုပေးကြလို့ ကျနော်လည်းအရမ်း ဝမ်းသာပီတိ ဖြစ်မိပါတယ်” လို့ ဖြိုးမြတ်အောင်က ဆိုထားပါတယ်။

ဖြိုးမြတ်အောင်ရဲ့ အိမ်အပြန်လမ်းခရီးမှာတော့ ဧရာဝတီတိုင်းက သူ့ကို အားပေးတဲ့ ပရိသတ်များစွာတို့က ကြိုဆိုနေ ကြတာကို တွေ့ရပါတယ်။ နောက်ဆုံးအချိန်ထိ ပြိုင်ပွဲဝင်ကြမယ့် နှစ်ဦးဖြစ်တဲ့ Myanmar idol Season 3 Winner ဆုအတွက် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ကို အားပေးတဲ့ ပရိသတ်တွေကတော့ အင်တိုက်အားတိုက်ကို အားပေးနေကြပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာတာကိုတွေ့ရပါတယ်။

Myanmar idol season 3သီချင်းဆိုပြိုင်ပွဲကို လာမယ့် သြဂုတ် ၁၁ ရက်နေ့ စနေနေ့ ညကိုးနာရီမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး

Myanmar idol Season 3 မှာတော့ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော် တို့က အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

The post ဇာတိမြေကိုခဏတာပြန်သွားတဲ့ Myanmar Idol ပြိုင်ပွဲဝင်ဖြိုးမြတ်အောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...