Quantcast
Viewing all articles
Browse latest Browse all 7343

“အလုပ်ပြီးတဲ့ အချိန်ဂရုစိုက်ရမယ့် သူတယောက် တိုးလာတာပေါ့”

သရုပ်ဆောင် မြင့်မြတ်ရဲ့ သားဦးလေးကို ဒီနေ့ သြဂုတ်လ ၇ ရက်နေ့၊ မနက် ၉ နာရီ ၁၅ မိနစ်က ရန်ကုန်မြို့၊ ဝီတိုရိယ ဆေးရုံမှာ ဇနီးဖြစ်သူ မခင်သူအောင်က အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

မြင့်မြတ်ရဲ့ သားလေးက ၅ ပေါင်နဲ့ ၈ အောင်စ အလေးချိန်ရှိတဲ့ပြီး မြင့်မြတ်က သူ့နဲ့ မွေးနေ့ချင်း တူအောင်လို့ ဇနီးဖြစ်သူကို ဗိုက်ခွဲမွေးစေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သားလေးကော မိခင်ပါ ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။ သားနဲ့ပတ်သက်လို့လည်း မြင့်မြတ်က အခုလို ပြောပါတယ်။

“ကျနော်က ကျနော့် မိန်းမကြောက်မှာစိုးလို့ ဘေးမှာ အားပေးနေတာပေါ့။ ဆရာမက ကလေးထွက်လာပြီပြောပြီး အသံစကြားရတာပဲ။ ကျနော့်မိန်းမရော ကျနော်ရော ဘာမှန်းမသိဘဲ ခံစားချက်နဲ့ မျက်ရည်တောင်ကျပါတယ်။ ကျနော် အင်္ဂုလိမာလသုတ်ရွတ်တာ သိပ်အဆင်မပြေလို့။ တရားခွေပဲ ဖွင့်ထားလိုက်တယ်။ ကလေးလေးက မွေးခါစကတော့ သူ့အမေနဲ့ တူတယ်။ အခုတော့ ကျနော်နဲ့ တူသလိုပဲ” လို့ မြင့်မြတ်က ပြောပါတယ်။

“သားလေးကို ချီလိုက်ရတဲ့ အချိန် ဘယ်လိုခံစားရလဲဆိုတာ ပြောပြလို့မရဘူး။ နာမည်က ကျနော်နဲ့နေ့နံ တူတယ်ဆို တမျိုးပေါ့။ အခုက အင်္ဂါသားဆိုတော့ ဘာနာမည်ပေးလို့ ပေးရမှန်း မသိဘူး။ ဗေဒင်တွေ မေးပြီးမှပဲပေးတော့မယ်။ အမှန်တော့ မွေးရက်က၂၀ ကျော်မှ ပေးထားတာ။ ခွဲမွေးတာ ဆိုတော့ အမှတ်တရဖြစ်အောင် မွေးနေ့မှာ မွေးပေးတာပါ။ အမျိုးသမီးက အကောင်းဆုံး မွေးနေ့လက်ဆောင် ပေးလိုက်တာပါ။ မွေးနေ့တူတော့ ကျနော်နဲ့ စိတ်တူကိုယ်တူ ဖြစ်မယ်ထင်တယ်” လို့ မြင့်မြတ်က ဆိုပါတယ်။

“ကျနော်နဲ့ မတူမှာဆိုးလို့ တရက်တည်းကိုမွေးတာ။ မိန်းမကို သနားလည်းသနားတယ်။ အရမ်းလည်း ချစ်တယ်။ မိန်းမလည်း ကျန်းမာပါတယ်။ လက်ရှိမှာခွဲထားတာကြောင့် ဗိုက်ပြန်နာနေပါတယ်”လို့ မြင့်မြတ်က ပြောပါတယ်။

မြင့်မြတ်က သားလေးရဲ့ပုံကိုလည်း တက်တူးထိုးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ သားလေးပုံကို တက်တူးထိုး ဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်လို့ ဆိုပါတယ်။ ဒီနေ့က မြင့်မြတ်ရဲ့ မွေးနေ့လည်းဖြစ်တာကြောင့် မွေးနေ့ အမှတ်တရနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“အရင်နှစ်က မွေးနေ့တွေထက် ထူးထူးခြားခြားဖြစ်တယ်။ ကျနော်ကို Surprise လာလုပ်ကြတယ်။ အဲ့တော့ ပျော်ပါတယ်။ ကျနော် သားကို အတတ်နိုင်ဆုံး ပံ့ပိုးပေးမှာပါ။ အနုပညာအလုပ်တွေကိုလည်း လျော့လုပ်သွားဖို့တော့ မရှိပါဘူး။ မနက်ဖြန်တောင် ရှုတင် တည်ထားတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေနဲ့တော့ ရိုက်ဖို့တော့ မလွယ်ဘူး။ နားရဦးမယ်”

“အလုပ်ပြီးတဲ့ အချိန်ဂရုစိုက်ရမယ့် သူတယောက်တိုးလာတာပေါ့။ ဂရုစိုက်ရမယ့်သူပဲပြောရမလား။ ကြောက်ရမယ့် သူပဲ ပြောရမလားမသိဘူး။ တက်တူးလည်းထိုးမယ်။ ဒါပေမယ့် သားလေး ရုပ်ငြိမ်အောင် စောင့်လိုက်ပါဦးမယ်။ တက်တူးထိုးဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်။ မွေးဖွားစရိတ်တွေအကုန်လုံးကို စပွန်ဆာပေးတယ်ပေါ့။ ဝိတိုရီယဆေးရုံက အရမ်းနွေးထွေးတယ်။ အစစအရာရာ လိုအပ်တာ မရှိအောင် ကူညီပေးပါတယ်။ ပင်မဆဲလ်လည်း ဒီဆေးရုံမှာပဲ သိမ်းထားပါတယ်”လို့ ပြောပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ မြင့်မြတ်ရဲ့ မွေးနေ့အတွက်ကိုလည်း သူ့ရဲ့ ပရိသတ်တွေက သြဂုတ်လ ၆ ရက်နေ့ ညက သရုပ်ဆောင်နေတိုးရဲ့ Story Book Studio မှာ မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့ပါသေးတယ်။

The post “အလုပ်ပြီးတဲ့ အချိန်ဂရုစိုက်ရမယ့် သူတယောက် တိုးလာတာပေါ့” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...