Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခန္ဓာကိုယ် ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ခဲ့ကြတဲ့ ဟောလိဝုဒ် မင်းသားများ

$
0
0

ဟောလိဝုဒ်က မင်းသားတွေကို ကြည့်လိုက်ရင်တော့ အမြဲ ကျော့မော့လှပနေတာမျိုးကို သင်တွေ့ရမှာ ဖြစ်ပေမယ့် သူတို့ဟာလည်း အချိန်တိုင်း လှလှပပတော့ မနေနိုင်ကြပါဘူး။

ဟောလိဝုဒ်မှာ နေထိုင်ကြတဲ့ အနုပညာရှင်တွေမှာ ဝိတ်မထိန်းတဲ့ ပြဿနာရှိပါတယ်။ တချို့ဟာ ရိုက်ကူးရေး နားရက်တွေမှာ အရမ်းဝိတ်ကျသွားပေမယ့် တချို့ကျတော့လည်း အလွန်အမင်း ဝိတ်တက်လာကြပါတယ်။ စမတ်ကျကျနဲ့ လှပတဲ့ ကိုယ်လုံးကို ရရှိဖို့ အရမ်းကြိုးစားခဲ့တဲ့ ဟောလိဝုဒ်က မင်းသားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Jake Gyllenhaal

 

 

ဒီမင်းသားဟာ ကမ္ဘာ့အဆင့် လက်ဝှေ့ချန်ပီယံ တယောက်ရဲ့ ဘဝကို ပြန်လည်ရိုက်ကူးပြခဲ့တဲ့ “Southpaw” ဆိုတဲ့ ဇာတ်ကားအတွက် ကြွက်သားတွေတက်အောင် Gym ကစားပြီး ပေါင် ၃၀ တက်အောင် လုပ်ခဲ့ရပါတယ်။

သူဟာ အစပိုင်းမှာ တနေ့ကို ၃ နာရီ ကစားခဲ့ပြီး နောက်ပိုင်းမှာတော့ တနေ့ကို ၆ နာရီနဲ့ တလကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပါတယ်။ တလလုံး အချိန်တော်တော်များများကို Gym မှာပဲ ကုန်ဆုံးခဲ့ပြီးနောက်မှာ သူလိုချင်တဲ့ အတိုင်းအတာကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

(၂) Paul Rudd

 

 

ဒီမင်းသားကတော့ မကြာခင်သေးခင်ကမှ ရုံတင်ခဲ့တဲ့ Ant Man ဇာတ်ကားအတွက် ကိုယ်အလေးချိန် ပြောင်းလဲမှု အပြင်းအထန် လုပ်ခဲ့ရပါတယ်။ သူဟာ ဇာတ်ကားရိုက်နေစဉ်မှာလည်း Diet တွေ သေချာလုပ်ခဲ့ပြီး အရက်သောက်တာကိုလည်း လျော့ခဲ့ရတယ်ဆို သူ့ပရိသတ်တွေကို ပြောခဲ့ပါသေးတယ်။

(၃) Adrien Brody

 

 

ဒီမင်းသားဟာ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Pianist” ဆိုတဲ့ဇာတ်ကားအတွက် ပေါင် ၃၀ ကို ၃၅ ရက် အတွင်းချခဲ့ရပါတယ်။ သူဒီလို အပြင်းအထန်ဝိတ်ချပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ သူဟာ ကမ္ဘာ့အငယ်ဆုံး အမျိုးဇာတ်ဆောင် အော်စကာကို ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားရိုက်ပြီး သိပ်မကြာခင်မှာပဲ သူဟာ “Predators” ဇာတ်ကားကို ရိုက်ဖို့ ၂၅ ပေါင် တက်အောင် ပြန်လုပ်ခဲ့ရပါတယ်။ ပထမအကြိမ် ဝိတ်ချတဲ့အခါမှာ သူဟာ အရက်၊ သကြား စတာတွေ အားလုံးကို ဖျက်လိုက်ရပြီး နေ့တိုင်းနီးပါး ဘာအစားမှ မစားခဲ့ဘူးလို့ သိရပါတယ်။

ဝိတ်ပြန်တက်အောင် လုပ်ရမယ့် “Predators” ဇာတ်ကားမှာတော့ သူဟာ တက္ကသိုလ်ကျောင်းသား ဘဝတည်းက မလုပ်တော့တဲ့ ဝိတ်မတာတွေ ပြန်လုပ်ခဲ့ရပြီး ဇာတ်ကောင်သရုပ် ပေါ်လွင်အောင် တောထဲမှာလည်း သွားရောက် အိပ်စက်ခြင်းတွေ လုပ်ခဲ့ပါသေးတယ်။

(၄) Gerard Butler

 

 

“300” ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရတဲ့ မင်းသား Gerard Butler ဟာ လေးလတိတိ အပြင်းအထန် လေ့ကျင့်ခန်းကို စိတ်ကောကိုယ်ပါစိတ်ပြီး လေ့ကျင့်ခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ သူဟာ စစ်သူကြီးအနေနဲ့ သရုပ်ဆောင်ရမှာဖြစ်လို့ စိတ်ခံစားချက်အရရော ရုပ်ရည်သွင်ပြင် အရရော စစ်သူကြီးပီသအောင် လေ့ကျင့်ရတာဖြစ်လို့ ၄ လလုံး အရမ်းကို ကြိုးစားခဲ့ရပြီး အလွန်ပင်ပန်းတဲ့အတွက် ဆေးရုံတောင် တက်ခဲ့ရတယ်လို့ ဆိုပါတယ်။

(၅) Christian Bale

 

 

Christian Bale ကတော့ ခန္ဓာကိုယ်အပြောင်းအလဲ လုပ်တဲ့နေရာမှာ အကြမ်းဆုံးမင်းသားလို့တောင် ဆိုကြပါတယ်။ သူဟာ သူ့ရဲ့ပုံမှန် အလေးချိန်ဖြစ်တဲ့ ပေါင် ၁၈၀ ကနေ ပေါင် ၁၂၀ အထိ ပေါင် ၆၀ တောင် ချခဲ့တာပါ။ “The Machinist” ဆိုတဲ့ ဇာတ်ကားအတွက် ပေါင် ၆၉ ချခဲ့တဲ့ မင်းသား ဝိတ်ချနေစဉ် အတောအတွင်းမှာ တူနာငါးစည်သွပ် ဘူးတဘူးနဲ့ ပန်းသီးတလုံးကိုသာ နေ့စဉ် စားခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်အိပ်မရတဲ့ ညတွေကနေ တဖြည်းဖြည်း ဆိုးရွားလာတဲ့ “The Machinist (2004)”

ဒီကားရိုက်ပြီးသွားတဲ့နောက်မှာ သူဟာ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Dark Knight” ဆိုတဲ့ ဇာတ်ကားမှာ Batman နေရာက သရုပ်ဆောင်ဖို့ ပေါင် ၁၂၀မှ ပေါင် ၂၂၀ထိ တက်အောင် ပြန်လုပ်ခဲ့ပါတယ်။ သူရဲ့ ဝိတ်ချမှုဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ဆိုကြပါတယ်။

Ref; mansjournal.com

The post ခန္ဓာကိုယ် ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ခဲ့ကြတဲ့ ဟောလိဝုဒ် မင်းသားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...