Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၃၀ ပြည့်မွေးနေ့ကို ကလေးစောင့်ရှောက်ရေးဂေဟာမှာ ကုသိုလ်ယူခဲ့တဲ့ ဖွေးဖွေး

$
0
0

ဒီနေ့ဟာ သရုပ်ဆောင်ဖွေးဖွေးရဲ့ အသက် ၃၀ နှစ်ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်။ ဖွေးဖွေးက ဒီနေ့ သူ့ရဲ့မွေးနေ့မှာ မာမီကွတ်(ခ်) ကလေးစောင့်ရှောက်ရေးဂေဟာမှာ အလှူလုပ်ခဲ့ပြီး ကုသိုလ် ယူခဲ့ပါတယ်။

ဖွေးဖွေးရဲ့ နာမည်အရင်းက ရွှေရည်ကိုဦးဖြစ်ပြီး အနုပညာလောကကို ၂၀၀၇ ခုနှစ်ဝန်းကျင်က ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် အခုဆိုရင် အနုပညာလောကမှာ ဆယ်စုနှစ် တစုကျော် အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်နေပါတယ်။ ဖွေးဖွေးက မိုးကုတ် ဇာတိသူဖြစ်ပြီး လက်ရှိ အောင်မြင်နေတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်နဲ့လည်း ညီမတဝမ်းကွဲ တော်စပ်သူ ဖြစ်ပါတယ်။

ဖွေးဖွေးက အနုပညာလောကကို အဆိုပိုင်းနဲ့ စတင်ဝင်ရောက်ဖို့ “Art Of Depression” ဆိုတဲ့ တီးဝိုင်းမှာ အဆိုတော် တယောက်အနေနဲ့ စတင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင် ပိုင်းကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့လို့ အဆိုတော်အနေနဲ့ ဖွေးဖွေးကို သတိမထားမိတော့ဘဲ သရုပ်ဆောင် ဖွေးဖွေးအဖြစ်နဲ့ပဲ ပရိသတ်ရဲ့ အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။

ဖွေးဖွေးက ဗီဒီယို ရုပ်ရှင်ကားကြီးတွေမှာ ပီပြင်တဲ့ သရုပ်ဆောင်မှု အထူးသဖြင့် မာကျောကျော ဇာတ်ရုပ်များနဲ့ ပိုမိုလိုက်ဖက်ပြီး ပီပြင်မှုရှိတယ်လို့ ပရိသတ်များက မှတ်ချက်ပေးပြီး အားပေးခြင်းကို ခံခဲ့ရသူတဦးပါ။ ဗီဒီယိုခေတ်တွေမှာ မင်းသား အောင်ရဲလင်းနဲ့ ဇာတ်ကားများစွာ အတူရိုက်ကူးခဲ့ရပြီး လိုက်ဖက်ညီတယ်လို့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။

ဖွေးဖွေးက သရုပ်ဆောင် မင်းသမီးတွေထဲမှာ သူများနဲ့မတူတဲ့ အဝတ်အစားဖက်ရှင် ၊ မကြာခဏ ပြောင်းလဲတတ်တဲ့ ဆံပင်ပုံစံ၊ အရောင်များကြောင့် နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ ဖက်ရှင်များကလည်း လူငယ်မိန်းကလေး တွေကြားမှာ အမြဲလိုလို ခေတ်စားပြီး စောင့်ကြည့်ခံရတဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

ဖက်ရှင်နဲ့ နာမည်ကြီးတဲ့ ဖွေးဖွေးက မြန်မာနိုင်ငံရဲ့ နာမည်ကြီး Brand တခုဖြစ်တဲ့ Yangoods ဆိုတဲ့ မြန်မာ့ရှေးခေတ်လက်ရာများကို ဖော်ထုတ် ရောင်းချနေတဲ့ ဖက်ရှင်ဆိုင်နဲ့ ပူးပေါင်းပြီး ဖွေးဖွေး ဒီဇိုင်းအိတ်တွေကို ထုတ်လုပ်ပြီး ရောင်းချနေပါသေးတယ်။ ထူးခြားတဲ့အရောင်နဲ့ ဒီဇိုင်းဆန်း အိတ်တွေကလည်း လူငယ်မိန်းကလေးတွေ အကြိုက်တွေ့ခြင်းခံရပါတယ်။

အဲဒီ မတိုင်ခင်က ဖွေးဖွေးက သူမရဲ့နာမည်ရင်းဖြစ်တဲ့ Shwe Yee Ko Oo အတိုကောက် “Syko” ဆိုတဲ့ နာမည်နဲ့ ခေါင်းစွပ် အကျီ်ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။

ဗီဒီယိုကားတွေရိုက်ကူးနေတဲ့အချိန်မှာ ဗီဒီယိုကားများရိုက်ကူးမှု ရပ်နားလိုက်ပြီလို့ ဖွေးဖွေးက အသိပေး ပြောကြားခဲ့တဲ့အချိန်မှာ သူမရဲ့ ပရိသတ်များက ဖွေးဖွေးရဲ့ အချစ်ရေးနဲ့ သက်ဆိုင်နေတယ်လို့လည်း ထင်မြင်ချက်များပေးခဲ့ကြပါသေးတယ်။

မင်းသားတဦးနဲ့ ချစ်ကြိုက်နေတယ်လို့ သတင်းများထွက်ပေါ်လာပြီး အဲဒီမင်းသားနဲ့လမ်းခွဲတဲ့အချိန်မှာ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခြင်း မပြုတော့တာလို့ ထင်မြင်ချက်များ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမယ့် ဖွေးဖွေးက ရုပ်ရှင်ကားကြီးများ ရိုက်ကူးမှုကိုတော့ ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ကားကြီးတွေကလည်း တကားဆို တကားအောင်မြင်မှု ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဖွေးဖွေးက ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ “လက်ပံ” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရင်း ပထမဆုံး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ၂၀၁၂ ခုနှစ်အတွက် စတင်ရရှိခဲ့ပါတယ်။

အဲဒီနောက် ဒါရိုက်တာဝိုင်းနဲ့ပဲ ရိုက်ကူးခဲ့တဲ့ “ကျမက နှင်းဆီမောင်” ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် အကယ်ဒမီကို ၂၀၁၅ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကို ထပ်မံရရှိခဲ့ပါတယ်။

ဖွေးဖွေးက ဒါရိုက်တာဝိုင်းရဲ့ တပည့်ရင်းလို့ ဆိုလိုရပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီး တိုင်းမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးခဲ့ရပြီး “ကျူးပစ်ရဲ့ ကျေးကျွန်များ” ၊ “သရဲမ ဘီလူးမနဲ့ မိန်းမပျို” ၊ “ရွှေကြာ” နဲ့ အခုနောက်ဆုံးရုံတင်နေတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားကြီးအထိ ပရိသတ်အကြိုက်တွေ့ခြင်း ခံနေရတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

သရုပ်ဆောင် ဖွေးဖွေးက ဆိုရှယ် မီဒီယာတခုဖြစ်တဲ့ Facebook ပေါ်မှာလည်း Followerအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်တဦး ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်အချစ်ဆုံး မင်းသမီးအဖြစ် ရပ်တည်နေတဲ့သူလည်း ဖြစ်နေပါတယ်။

The post အသက် ၃၀ ပြည့်မွေးနေ့ကို ကလေးစောင့်ရှောက်ရေးဂေဟာမှာ ကုသိုလ်ယူခဲ့တဲ့ ဖွေးဖွေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...