Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကာဗွန်ဒိုင်အောက်ဆိုဒ် သရဲကားကြည့်ပြီး ငယ်သံပါအောင် အော်ခဲ့တဲ့” စိုးမိုးကြည်

$
0
0

ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဇာတ်ကားမှာ မင်းသားအလင်းရောင်ရဲ့ အမေနေရာကနေ သရုပ်ဆောင်ထားတဲ့ စိုးမိုးကြည်က ဒီကားကို ပြန်လည်ကြည့်ရှုပြီးတဲ့နောက် ကြောက်လို့ငယ်သံပါအောင်အော်ခဲ့တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ကာဗွန်ဒိုင်အောက်ဆိုက်ကို ကျမတို့ရိုက်တုန်းကတော့ ကြောက်ပါ့မလားပေါ့။ အပြင်မှာလည်း တခါမှအခြောက်မခံဖူးဘူး။ ကိုယ့်ကိုလာခြောက်ရင်တော့ ဒီလိုတော့ဖြစ်မှာပဲဆိုပြီး ကားလေးသွားကြည့်တယ်။ ရုပ်ရှင်ထဲက သရဲမ တွေ့တော့အော်လိုက် တာ ကျမရဲ့အာသီးတောင် သူများတွေ့ရနိုင်တယ်။ ငယ်သံပါအောင်အော်ခဲ့တယ်”

“အပြင်မှာတော့ သရဲအခြောက်မခံဖူးဘူး။ ဇာတ်ကားထဲမှာတော့ အခြောက်ခံဖူးသွားပြီ။ ကိုယ်တိုင်သရဲ အခြောက်ခံရရင် ပိုတောင်ဆိုးဦးမယ်။ ကျမတို့နယ်ဘက်တွေသွားရင်လည်း သူများတွေခြောက်ခံရဖူးတယ်ဆိုတာကို ကြားဖူးတယ်။ ကိုယ်တိုင်တော့ အခြောက်မခံဖူးဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

ပါဝင်တဲ့ဇာတ်ဝင်ခန်းတိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ စိုးမိုးကြည်က ဗီဒီယိုမရိုက်ရတော့တဲ့အခါ စိတ်မကောင်းဖြစ်မိပြီး ဗီဒီယိုဈေးကွက်ကို မပျောက်စေဘဲ၊ ဗီဒီယိုဈေးကွက်ပြန်ရှိစေချင်တယ်လို့ ဆိုပါတယ်။

“ဗီဒီယိုကို မပျောက်ပျက်စေချင်ဘူး။ ဗီဒီယိုရှိနေမှအဆင်ပြေမှာပေါ့။ တချို့မရိုက်ရတဲ့သူတွေလည်းရှိတယ်။ အဲ့အတွက် ကိုယ်လည်း စိတ်မကောင်းဘူး။ ကိုယ်ရောရိုက်ရလားဆို ကိုယ်လည်း အဲ့လောက်မဟုတ်ပါဘူး။ ဗီဒီယိုတွေလည်း ပြန်ပေါ်လာမယ်။ ဇာတ်လမ်းတွဲတွေလည်းရှိမယ်။ ဇာတ်ကားကြီးတွေလည်း ရှိနေမယ်ဆိုပိုကောင်းတာပေါ့”

“တိုးသထက် တိုးလာမယ်ဆိုရင် အနုပညာရှင်တွေအတွက် အကုန်အဆင်ပြေမှာပေါ့နော်။ ဗီဒီယိုမရိုက်ရတဲ့အခါကျတော့ စိတ်ကတော့မကောင်းဘူးပေါ့။ သိပ်စည်းလုံးမှုမရှိတော့ဘူး။ ခေတ်ကာလအရ သိပ်ဆက်စပ်မှု မရှိတော့ဘူးပေါ့” လို့ ဆိုပါတယ်။

ဆက်လက်ပြီး စိုးမိုးကြည်က “အရင်တုန်းက ကျမတို့ဆိုရင် ဟိုဘက်ရှုတင်ကူးလိုက်၊ ဒီဘက်ရှုတင်ကူးလိုက်နဲ့။ ရှုတင်တွေကလည်း တနေရာတည်းမှာ ငါးဖွဲ့ခြောက်ဖွဲ့လောက်စုံတယ်။ အဲ့ဒီတော့ ပျော်စရာကောင်းတယ်။ အခုက နောက်လာတဲ့ အသစ်လေးတွေကလည်း သူ့နေရာနဲ့ သူဆိုတော့ နွေးထွေးမှုလေးတွေသိပ်မရှိတော့ဘူး’’ လို့ပြောပါတယ်။

စိုးမိုးကြည်က လတ်တလောမှာတော့ “ကြီးမြတ်သောမာတာ” ဇာတ်ကားကို ဒါရိုက်တာဇဗ္မူထွန်းသက်လွင်နဲ့ ရိုက်ကူးနေပြီး “အထက်တန်းစား” ဇာတ်ကားကိုလည်း ဒါရိုက်တာနေပိုင်နဲ့ ရိုက်ကူးနေပြီး ဇာတ်လမ်းတွဲများကိုလည်း လက်ခံရိုက်ကူး နေတယ်လို့ သိရပါတယ်။

The post “ကာဗွန်ဒိုင်အောက်ဆိုဒ် သရဲကားကြည့်ပြီး ငယ်သံပါအောင် အော်ခဲ့တဲ့” စိုးမိုးကြည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...