Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အိမ်စည်ရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံကိုယ်စားပြု ဖြစ်ချင်တယ်”

$
0
0

“Miss Golden Land Myanmar 2018” အလှမယ်ရွေးချယ်ပွဲမှာ Winner ဆုကို အလှမယ် ရွှေအိမ်စည်က ဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပိုလန်နိုင်ငံကို သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

“Miss Golden Land Myanmar 2018” ပြိုင်ပွဲကို တိုင်းနဲ့ ပြည်နယ် အသီးသီးက ကိုယ်စားပြုအလှမယ် အယောက် ၂၀ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ရွှေအိမ်စည်ကတော့ ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

“အိမ်စည် Winner ဆုရတာ အရမ်းပျော်တယ်။ အိပ်မက် မက်နေသလို ခံစားရတယ်။ အိမ်စည် မေးခွန်းရ ကံကောင်းသွာတာပါ။ အိမ်စည်နဲ့ အရမ်းကို စပ်ဆက်မိတဲ့ အရာတခုကို မေးလိုက်တဲ့အခါ ကိုယ်က စဉ်းစားစရာ မလိုဘဲ အော်တိုပြောစရာတွေ ထွက်လာခဲ့တာပါ။ အိမ်စည်ရဲ့ အဓိကရည်မှန်းချက် ကနိုင်ငံကိုယ်စားပြု ဖြစ်ချင်တယ်”လို့ အလှမယ် ရွှေအိမ်စည်က ပြောပါတယ်။

ဒီပြိုင်ပွဲကို တိုင်းနဲ့ ပြည်နယ် အသီးသီးက ကိုယ်စားပြုအလှမယ် အယောက် ၂၀ ပါဝင် ယှဉ်ပြိုင်ကြတာဖြစ်ပြီး ရွှေအိမ်စည်ကတော့ ရခိုင်ပြည်နယ်ကိုယ်စားပြု အလှမယ် အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။

အဆိုပါပွဲမှာ “Miss Golden Land Myanmar 2018” Winner ဆုကို အသက် ၁၉ နှစ်အရွယ်၊ ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ် ရွှေအိမ်စည်က ရရှိပိုင်ဆိုင်ခဲ့ပြီး 1st Runner Up ဆုကို ရှမ်းပြည်နယ် ကိုယ်စားပြု အလှမယ် အယ်လီနာဝင်းက ရရှိခဲ့ပါတယ်။ 2nd Runner Up ဆုကိုတော့ ရန်ကုန်ကိုယ်စားပြု အလှမယ် စောနန်းချယ်ရီက ရရှိ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Winner ဆုရှင် အလှမယ် ရွှေအိမ်စည်ကတော့ ၂၀၁၈ ခုနှစ် ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် “Miss Supranational 2018” ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာမှ အလှမယ် အသီးသီးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ရွှေအိမ်စည့်အနေနဲ့ ပြိုင်ပွဲမှာ မေးသွားတဲ့ မေးခွန်းအပေါ် ဖြေဆိုသွားတဲ့ အဖြေနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေက သဘောကျ နေကြပါတယ်။

“အိမ်စည် အဲ့စကားကိုလည်း ပြောတာ မနည်းတော့ဘူး။ အနီးကပ်မှ ပြုတ်ပြုတ်ကျတာ ဆိုတော့ အဲ့စတိတ်စင်ပေါ် ရောက်ပြီး စကားတွေအများကြီး ပြောချင်တယ်။ သွားပြိုင်ရင်လည်း အကောင်းဆုံးဖြစ်အောင် လုပ်မယ်”လို့ ရွှေအိမ်စည်က စာနယ်ဇင်း မီဒီယာများကို ပြောပါတယ်။

အလှမယ် ရွှေအိမ်စည်ဟာ ရခိုင်ဒေသမှာ ကြုံတွေ့နေရတဲ့ ဖြစ်စဉ်များအပါအဝင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ လူဝင်မှု ကြီးကြပ်ရေး အမှုထမ်းများအား အကြမ်းဖက် လှုပ်ရှားသူများ တိုက်ခိုက်တဲ့ အကြောင်းနဲ့ ရခိုင်ဒေသ ပုံရိပ်များကိုလည်း ဗီဒီယိုဖိုင်တခုအဖြစ် မှတ်တမ်းတင်ခဲ့ပါသေးတယ်။

“Miss Grand 2017” ပြိုင်ပွဲကြီး သွားရောက် ယှဉ်ပြိုင်ခါနီးအချိန်မှာ Organization က သရဖူပြန်လည် သိမ်းယူခဲ့ပြီးနောက် အလှမယ်ပြိုင်ပွဲများကို ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ပြောခဲ့ပေမယ့် ခုလို winner ရအောင်ကြိုးစားခဲ့တဲ့ ရွှေအိမ်စည်ကို ပရိသတ်တွေက အံ့သြစေခဲ့ရပါတယ်။ ပြိုင်ပွဲ မပြိုင်ခင်မှာလည်း ခြေထောက်ဒဏ်ရာကြောင့် ပရိသတ်တွေက စိတ်ပူခဲ့ကြပါသေးတယ်။

Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးရဲ့ Grand Final ပွဲကိုတော့ သြဂုတ်လ ၁၄ ရက်နေ့ညက တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ “Miss Golden Land Myanmar 2017” ပွဲမှာတော့ အလှမယ် ရွှန်းလဲ့မင်းနိုင်က Winner ရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“အလှမယ်ပြိုင်ပွဲက အကျိုးမပေးဘူးလားမသိဘူး” လို့ ပြောလာသူ ရွှေအိမ်စည်

“ကိုယ်လိုချင်တဲ့ အတိုင်းအတာ မရောက်သေးရင် Miss ထပ်ပြိုင်ခွင့်ရှိတယ်” ဆိုတဲ့ ရွှေအိမ်စည်

The post “အိမ်စည်ရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံကိုယ်စားပြု ဖြစ်ချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...