သရုပ်ဆောင်တဲ့အခါ အရမ်းတော်ပေမယ့် အော်စကာ မရဖူးတဲ့ မင်းသားတွေ အများကြီး ဟောလိဝုဒ်လောကမှာ ရှိပါတယ်။ဟောလိဝုဒ်မှာရှိတဲ့ သရုပ်ဆောင်အရေအတွက်က များတယ်ဆိုပေမယ့် တနှစ်မှာပေးတဲ့ အော်စကာ အရေအတွက်ကလည်း မနည်းပါဘူး။
သရုပ်ဆောင်တာတွေ အရမ်းကောင်းပြီး ပရိသတ်တွေအရမ်းကြိုက်ကြပေမယ့် ခုထိ အော်စကာမရသေးတဲ့ သရုပ်ဆောင်တွေ ရှိပါသေးတယ်။ ပရိသတ်တွေကတော့ ဒီလိုမင်းသားတွေ အော်စကာမရတာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေ ရှိနေလားဆိုပြီး သံသယဖြစ်နေကြပါတယ်။
အခုချိန်ထိ အော်စကာမရရှိသေးတဲ့ ဟောလိဝုဒ်မင်းသားများကို ဖော်ပြပေးချင်ပါတယ်။
(၁)Johnny Deep
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Johnny Deep ဟာ မင်းသား၊ထုတ်လုပ်သူ၊ဂီတပညာရှင် တယောက်ဖြစ်ပြီး သူဟာ အော်စကာဆုအတွက် ၃ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် တခါမှာ ရရှိခဲ့ခြင်းမရှိပါဘူး။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေ ကိုတော့ ပရိသတ်တွေက အသည်းစွဲကြိုက်ကြပါတယ်။
(၂)Adward Norton
အသက် ၄၈နှစ်ရှိပြီတဲ့ အမေရိကန်မင်းသား Adward Harrison Norton ကတော့ အော်စကာဆန်ကာတင်စာရင်းမှာ အကြိမ်ပေါင်းမြောက်များစွာ ပါရှိခဲ့ပေမယ့် တခါမှ မရရှိသေးပါဘူး။
ဟောလိဝုဒ်ရုပ်ရှင်ဝေဖန်သူတွေကတော့ ဒီမင်းသားရဲ့ သရုပ်ဆောင်မှုဟာ ပီပြင်လွန်းပေမယ့် တခါမှဆုမရတာ ထူးဆန်းလွန်းတယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါ့အပြင်သူဟာ ပရဟိတအလုပ်တွေကို အရမ်းလုပ်တဲ့ မင်းသားတဦးလည်း ဖြစ်ပါတယ်။
(၃) Liam Neeson
၁၉၈၂ ခုနှစ်လောက်ထဲက သရုပ်ဆောင်လုပ်နေတဲ့ ဒီမင်းသားဟာ အခုဆိုရင် အသက် ၆၂ နှစ်ရှိပါပြီ။ သူဟာ ကမ္ဘာကျော်စာရေးဆရာ Victor Hugo ရဲ့ Les Meserable,အပါအဝင် Star Wars,Taken စတဲ့ဇာတ်ကားစတွေနဲ့ ပရိသတ်အားပေးမှုကို ရခဲ့ပေမယ့် အခုချိန်ထိတော့ အော်စကာ မရသေးပါဘူး။
(၄) Brad Pitt
သူကတော့ မြန်မာပရိသတ်တွေလည်း အရမ်းကြိုက်ကြတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။ Golden Globe ဆုကိုတော့ ရဖူးပေမယ့် သရုပ်ဆောင်တွေကို ပေးတဲ့ အော်စကာကို မရသေးပါဘူး။သူ့ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဇာတ်ကား တကားက အော်စကာရဖူးပေမယ့် သူကိုယ်တိုင်တော့ မရသေးပါဘူး။
(၅)Benedict Cumberbatch
အသက် ၄၂ နှစ်ပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံသား ဒီမင်းသားဟာ အနုပညာကျောင်းတွေ တက်ခဲ့ပြီး အနုပညာမာစတာဘွဲ့တွေ ရထားသူပါ။ သူ့ကိုတော့ ပရိသတ်တွေက အနုပညာမှော်ဝင်နေတဲ့ မင်းသားတယောက်လို့တောင် တင်စားထားကြပြီး တကယ်ကို ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်ကောင်းတဲ့ မင်းသားလို့ သတ်မှတ်ထားကြပေမယ့် အော်စကာတော့ တခါမှ ရရှိခဲ့ခြင်းမရှိပါဘူး။
Ref;ranker.com
The post အော်စကာမရဖူးတဲ့ ကမ္ဘာကျော်မင်းသားများ appeared first on ဧရာဝတီ.