Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သားဂျက်ချေက အဖေကိုကြည့်ပြီး လမ်းမှားဆိုတာ မရှိစေရဘူး”

$
0
0

မကြာသေးခင်က သားတယောက်ရဲ့ ဖခင်ဖြစ်လာခဲ့တဲ့ အဆိုတော်ဖော်ကာက သူရဲ့ ၄ ခွေမြောက် တကိုယ်တော်ခွေကို မကြာခင်မှာဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

“ကျနော်က အခွေခဏ ခဏ ထုတ်တဲ့အထဲမှာလည်း မပါဘူး။ ထုတ်လည်း မထုတ်နိုင်ပါဘူး။ ကိုယ်သေချာနားထောင်ပြီးတော့မှ မရိုးဘူးဆိုရင် ထုတ်ချင်တာ။ သီချင်းပုံစံကလည်း ကွာမှာပေါ့လေ ။ ကြာတာတော့ကြာပါတယ်။ ကျနော့်ပုံစံ အရ ဆိုရင် ၄ နှစ် ၁ ခွေသွားခဲ့တာ အခုဆို ၄ ခွေမြောက်ပေါ့။ ဒါပေမယ့် ဒီတခေါက်ကတော့ ၅ နှစ်ကြာသွားတယ်။ ဒီအခွေ လုပ်ရတာလေ တော်တော်ကြီးကို ကျေနပ်တယ်။ အားရပါးရကြီးကို ဘယ်လိုပြောရမှန်း မသိဘူး။ သီချင်းနားထောင်ကြည့်ရင်တော့ ကျနော့်အမျိုးတွေ သိမှာပါ” လို့ အဆိုတော် ဖော်ကာ (Wanted) က ဧရာဝတီကို ပြောကြားပါတယ်။

Wanted အဖွဲ့ရဲ့ “စိတ်နဲ့လူ”တေးစီးရီးကို သြဂုတ်လ ၁၈ ရက်နေ့မှာ The Sun Music Production ကနေ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ဖော်ကာ(Wanted)ရဲ့ စတုတ္ထမြောက် တကိုယ်တော် တေးစီးလည်းဖြစ်ပြီး သီချင်း ၁၁ ပုဒ်ပါဝင်ပါတယ်။

“စိတ်နဲ့လူ”အတွက် ဖန်တီးထားမှုအပိုင်းနဲ့ ပတ်သက်လို့လည်း ဖော်ကာက အခုလို ပြောပြပါတယ်။ “တီးတာသွင်းတာကတော့ တခြားအခွေတွေတုန်းကလိုပါပဲ။ ရက်ပေါင်း ၂၀ ၊ ၃၀တော့ ကြာတာပေါ့။ အခွေစတည် ကတည်းကဆို ရပ်ကွက်စကားနဲ့ပြောရင် ၅ နှစ်ပေါ့။ Music ပုံစံကတော့ ဘယ်တော့မှ မပြောင်းပါဘူး။ ရောခ့်ခေါင်းစဉ်အောက်မှာပါပဲ။ အသက်အရွယ်အရ၊ ခေတ်ကာလ အရ ပြောင်းလဲလာတာလောက်ပဲ ရှိမှာပါ”

“စာသား ၊အကြောင်းအရာကတော့ တော်တော်ကြီး ပြောင်းသွားမယ် ထင်ပါတယ်။ ရှေ့အခွေမှာက အချစ်သီချင်း ပိုများခဲ့တာပေါ့နော်။ တခွေလုံးမှာ အချစ်သီချင်းက ၈ ပုဒ်လောက် ပါခဲ့တာ။ ဒီအခွေမှာတော့ အချစ်သီချင်းက သုံးပုဒ်ခွဲလောက်ပဲပါတော့တယ်။ သီချင်းတွေနားထောင်ကြည့်ရင်တော့ ကျနော်ဘယ်လိုကြိုးစားလဲ။ စေတနာ ဘယ်လိုထားလဲ ဆိုတာ ပရိသတ်မြင်နိုင်မယ်လို့ ကျနော်မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။

သြဂုတ်လ ၃ ရက်နေ့က ဇနီးဖြစ်သူက သားဦးမွေးဖွားခဲ့လို့ ကလေးအဖေဖြစ်သွားတဲ့ ဖော်ကာက မိသားစုခံစားမှုနဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။

“ကျနော်က သြဂုတ်လ ၂ ရက်နေ့မွေးတာ။ သားကိုတော့ သြဂုတ်လ ၃ရက်နေ့မှာ မွေးတယ်။ မိသားစုလေးဖြစ်သွားတော့ ပျော်တာပေါ့နော်။ ကျနော်က ဒါလေးကို မက်မောတာကိုး ။ပြီးတော့ အထိတ်တလန့်ကြီးမျိုးလည်း မဖြစ်ပါဘူး။ ဒါတွေက ကြိုတွေးပြီး သား။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျနော့်အစ်ကိုကြီးကို ပြောဖူးတယ်။ မိန်းမယူရင် ကောင်းမလားလို့လေ အမျိုးသမီးနဲ့လည်းကြိုက်နေတာဆိုတော့ ကျနော်ကယူချင်ပြီ ဆိုတော့လေ”

“လူဆိုတာ လူတွေသွားတဲ့အတိုင်း သွားရမှာလေ။ ဖြစ်နိုင်ရင် ကျနော်က သူများကို ဒုက္ခမပေးချင်ဘူး။ ဒီအခွေထဲက သီချင်း တွေထဲမှာတောင်ပါတယ်။ “ရေစက်”သီချင်းတို့၊ ဘာတို့ ထဲမှာပေါ့။ ဘေးနားကလူရဲ့ အပြုံးပဲမြင်ချင်တယ်လို့။ဘေးနားကလူက စိတ်ညစ်နေတာတို့၊ အလိုမကျတာတို့ ဖြစ်နေရင် ကျနော့်အတွက် အရမ်းဒုက္ခရောက်တယ်။ မိန်းမနဲ့ကလေးများရလာရင် ပိုပြီးပူရမလားဆိုပြီးတော့ လူပျိုကြီးလုပ်ချင်စိတ်ပေါ့။ နည်းနညး ခေါင်းရှောင်ချင် တဲ့စိတ်လည်း ဝင်ခဲ့ဖူးတယ်။ ဒါပေမယ့် စဉ်းစားပြီး ဒီလိုပဲလုပ်ရမှာပဲ လေနော်” လို့ ဆိုပါတယ်။

ကလေးနာမည်ကိုတော့သေချာမပေးရသေးဘဲ အိမ်မှာခေါ်တဲ့နာမည်”ဂျက်ချေ”လို့ ချစ်စနိုးခေါ်ဖြစ်နေပြီး အဲဒီနာမည်အကြောင်းလည်း ဖော်ကာက အခုလိုပြောပါတယ်။

“သောကြာသားဆိုတော့ “ဟိန်း” ပါအောင်ပေးမယ်လို့တော့ စဉ်းစားထားတယ်။ ခုတော့ အိမ်မှာခေါ်တဲ့နာမည်ပဲရှိတယ်။ ဂျက်ရှည်တဲ့။ ကျနော်တို့ ရခိုင်လိုလည်း ပါအောင်ပေါ့။ သားချေတို့၊ မောင်ချေတို့ ခေါ်တာကိုး။ ဂျက် ဆိုတာလေယာဉ်ပျံဂျက်ပေါ့။ ဖော်ကာထက် နည်းနည်း ပိုခေတ်မီတဲ့ ဂျက်ပေါ့”လို့ ဆိုပါတယ်။

သားအတွက် ဘယ်လိုအဖေမျိုးဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ဖော်ကာက သူရဲ့ ခံစားချက်ကိုအခုလိုဆိုပါတယ်။

“ကျနော်ကတော်တော် အအိပ်မက်တာလေ။ ခုတော့လည်းသိတဲ့အတိုင်းပဲ။ ကျနော်က သူ့ကို အဝေးမထားချင်ဘူး။ အိပ်တော့လည်း အလယ်မှာသိပ်တာသူ့ကို ။ဘယ်ရမလဲ။ ဒီတော့ သူက “အင့်” ဆိုရင် ဆေးရုံက ဆရာမတွေကတောင် ချီးကျူး တယ်။ ကလေးအသံ ကြားတာနဲ့ သူ့အဖေရောက်လာတာပဲတဲ့။ ကျနော်က အအိပ်မက်ပေမယ့် အအိပ်ဆတ်တော့ နိုးရော။ ဒါပေမယ့် တော်တော်ပျော်ပါတယ်။ ဘယ်လိုလဲတော့မသိဘူး”

“ကျနော် ဘာမှ မယုတ်မာထားဘူး။ ဒါကြောင့် သူကျနော့်ကိုကြည့်လိုက်လို့ သူ့အတွက် လမ်းမှားဆိုတာဘာမှ မရှိစေရဘူး။ အဲဒါတော့ ကျနော်တာဝန်ယူတယ်။ သူကျနော့်ကို အားကျလို့၊ ကျနော့်အတိုင်းလိုက်လုပ်လို့ ခွေးဖြစ်စရာ ဘာမှမရှိဘူး။ အဲဒါတော့ ယုံကြည်တယ်။ သူ့အတွက် ကြိုးစားပေးချင်လို့ ပိုလုပ်တဲ့ဟာပဲရှိမယ်။ ကျနော် အခုလုပ်နေတဲ့ ဟာကို လမ်းဖယ်သွားတာမျိုး လုံးဝမရှိပါဘူး။ ကျနော်က ဒီအတိုင်းပါပဲ” လို့ ဖော်ကာက ဧရာဝတီကို ပြောပြပါတယ်။

The post “သားဂျက်ချေက အဖေကိုကြည့်ပြီး လမ်းမှားဆိုတာ မရှိစေရဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...