Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အခုချိန်မှာ ကျနော်တို့လည်း ငုတ်တုတ်ထိုင်နေကြရတာ”

$
0
0

ဟာသလူရွှင်တော် သရုပ်ဆောင်လူရွှင်တော် အရိုင်းကလက်ရှိ ဗီဒီယိုဈေးကွက်မကောင်းတော့တဲ့အပေါ်မှာ မျိုးစုံသောပြဿနာတွေ ရှိနေတယ်”လို့ ဧရာဝတီကိုဆိုပါတယ်။

“ဗီဒီယိုဈေးကွက် ပျက်သွားတဲ့ ကိစ္စက ကျနော်တို့တွေပြောရတာ အင်မတန်ခက်ပါတယ်။ ကျနော်တို့ တချို့ကိစ္စတွေ တိုင်းပြည်မှာ မတည်ငြိမ်တဲ့အခါ ဒီဟာတွေကတော့ လှုပ်ခက်မှုတွေ အမြဲရှိနေမှာပဲ။ ရုပ်ရှင်တောင် မှ တကယ်တမ်း ပြောကြမယ်ဆိုရင် ရုပ်ရှင်ရုံအနည်းအများပေါ်မူတည် ပြီးတော့မှ မျိုးစုံသောပြဿနာတွေကို ကျနော်တို့တွေ ဖြေရှင်းနေကြရတယ်”

“အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ တာဝန်ရှိတဲ့ ရုပ်ရှင်အစည်းအရုံးက လူကြီးတွေပြန်ကြားရေး ဝန်ကြီးဌာနမှာရှိတဲ့ လူကြီးတွေ အကုန်လုံး ညှိနှိုင်းနေရတယ်။အဲ့လိုမျိုးဟာတွေက ဒီမှာမပြောနဲ့ ဟောလိဝုဒ်တောင် ပြဿနာတက်တယ်။”

” ဗီဒီယိုဆိုတာကလည်း တကယ်တမ်းပြောမယ်ဆိုရင် အရင်တုန်းက ရုပ်ရှင်ရုံတွေ ပြည်သူပိုင်သိမ်းသွားပြီး။ ဒီဘက်နောက်ပိုင်း ဘာတွေညာတွေ ဖြစ်တဲ့အခါကျတော့နိုင်ငံရေးမငြိမ်ဘူး ။ နိုင်ငံရေးမငြိမ်တော့ စီးပွားရေး မငြိမ်ဘူး။တိုင်းပြည်စီးပွားရေးမငြိမ်တဲ့ အခါကျတော့ ဗီဒီယိုလေးကတော့ အသက်ရှုပေါက်လေး ရမလားမသိဘူးဆိုပြီး ရိုက်လိုက်ကြတဲ့ အခါမှာ အတိုင်းအတာတခုထိ အိုကေသွားခဲ့တယ်” လို့ အရိုင်းက ဆိုပါတယ်။

ဆက်လက်ပြီး အရိုင်းက ” ဒါကို ကျနေ်ာတို့တွေက အရမ်းကိုမျှော်မှန်းထားကြတဲ့ အခါကျတော့ထမင်းတော့ စားလို့ရကြ တာပေါ့နော်။ ဖြစ်လာတဲ့အခါကျတော့ မဖြစ်တော့ဘူးဆိုပြီး တို့တွေငိုင်နေလို့လည်း ဒါကြီးကို ပြန်မတ်နိုင် ဖို့တော်တော် ကြိုးစားရမှာ ။ တချို့ကအားရှိသရွေ့ ကျနေ်ာတို့ လုပ်ကြဦးမှာပဲ ဆိုပြီးလုပ်ကြတယ်။ လုပ်တဲ့ သူတွေကိုလည်း အားပေးပါတယ်”

“ရုပ်ရှင်ရုံတွေပြန်များလာလို့ ရုပ်ရှင်ဇာတ်ကားတွေပြန်ရိုက်နေကြရရင်ရော ကျနေ်ာတို့ ရုပ်ရှင် လောကသားတွေ ပြန်အဆင်မပြေနိုင်ဘူးလားလို့စဉ်စားရမယ်။ ဗီဒီယိုရိုက်မှ ကျနော်တို့ လောကသားတွေ အဆင်ပြန်ပြေ ကြတော့မှာလား ဆိုတာကို ပြန်တော့တွက်ကြရမယ်”

“အားလုံးအတွက် ကောင်းအောင် လောကသားတွေ အဆင့်တန်းမြင့်မြင့်နဲ့ ရုပ်ရှင်ဇာတ်ကားတွေ နိုင်ငံတကာကို မထိုးဖောက်နိုင်ရင်တောင် အရှေ့တောင်အာရှလောက်ကို ထိုးဖောက်နိုင်တဲ့ အနေအထားလောက်ကို အိုကေပြီလားဟေ့ ဆိုပြီးဖြစ်ရင် ပိုမကောင်းဘူးလား။ အကုန်လုံးကိုလည်း အဆင်ပြေစေချင်ပါတယ်။ ကျနော်တို့လည်း အဆင်ပြေလားမေးရင် အဆင်မပြေဘူး”လို့ ပြောပါတယ်။

သရုပ်ဆောင်အရိုင်းဟာ အရင်တုန်းကဇာတ်ကားတွေများစွာ ရိုက်ကူးနေရပေမယ့် အခုတော့ တလမှာ တကားတောင်မရိုက်ရဘူးလို့ ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ၁ လ ကိုနှစ်ကား၊ သုံးကား အသာလေးရိုက်ရတယ်။ တလတကားတောင် ရိုက်မှမရိုက်ကြ ရတာ။ ငုတ်တုတ်ထိုင်နေကြတဲ့ သူတွေအများကြီးပဲ။ အခုချိန်မှာ ကျနော်တို့လည်း ငုတ်တုတ်ထိုင်နေကြရတာ။ ကျနော်တို့တွေ အားလုံး စဉ်းစားဖို့က တိုင်းပြည်ရဲ့နိုင်ငံရေးပဲ။ အခုတောင် အမေရိကန်နဲ့ တရုတ်နဲ့စီးပွားရေး ပြဿနာတက်နေတဲ့ အခါကျတော့ နိုင်ငံငယ်တွေကိုလာထိခိုက်တယ်”

“ထိခိုက်တော့ ဒေါ်လာဈေးတွေတက်တယ်။ တက်တာမငြိမ်တဲ့အခါကျတော့ ဘယ်လိုလို့သွားလုပ်လို့ရမှာလဲ။ ဒါတွေကို သွားပြီး အပြစ်ပြောလို့လည်းမရဘူး။ တို့ နိုင်ငံကဆင်းရဲတဲ့ နိုင်ငံဖြစ်တော့ခံရတော့ အများကြီးခံရတယ်။ သိပ်မဆင်းရဲရင် သိပ်မခံရဘူး။ ဆင်းရဲတဲ့ ကောင်ကတော့ ခံရမှာပဲ ။ အဲ့သဘောတော့ရှိတယ်။ ဒါတွေအားလုံးကို စိတ်မကောင်းလည်း ဖြစ်စရာမလိုသလိုဝမ်းလည်း မနည်းကြပါနဲ့။ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်မွေးကြပါ”လို့ အရိုင်းက ပြောပါတယ်။

သရုပ်ဆောင် လူရွှင်တော်အရိုင်းဟာ မကြာခင်ရုံတင်တော့မယ့် ” နာနာဘာဝချစ်သူ “ဇာတ်ကားမှာလည်း ထိုင်းဘာသာပြန်တယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

The post “အခုချိန်မှာ ကျနော်တို့လည်း ငုတ်တုတ်ထိုင်နေကြရတာ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...