Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဘယ်ဇာတ်ကား အမျိုးအစားရိုက်ရိုက် အရည်အသွေးကောင်းဖို့က အရေးကြီးတယ်”

$
0
0

မြန်မာ့ရုပ်ရှင်လောကရဲ့ ဗီဒီယိုဈေးကွက်ပျက်ပြီးနောက်ပိုင်းမှာ တပတ်ကို တကားနှုန်း အထက် ရုပ်ရှင်ကားကြီးများ ပြသလျက် ရှိပါတယ်။ ဒီလိုမျိုး ပြသနေတဲ့အပေါ်ကို လူငယ်မျိုးဆက်သစ် ဒါရိုက်တာ တဦးဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက အခုလိုဆိုပါတယ်။

“အခုက တပတ်ကို ၁ ကား မကဘူး။ ထင်တယ်။ ရုပ်ရှင်ထွက်တာ တအားများတယ်။ များတာကတော့ ပရိသတ်အတွက် ရွေးချယ်စရာ အများကြီးဖြစ်သွားတာပေါ့။ ကိုယ်တိုင် ပရိသတ်တယောက်အနေနဲ့လည်း အများကြီးကျေနပ်တယ်။ ကိုယ်က ရုပ်ရှင်ကြိုက်တဲ့သူ ဖြစ်တော့ ရုံတွေမှာ တပတ်တိုင်း တပတ်တိုင်း အသစ်တင်ကြတယ်”

“ဒါပေမယ့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ပရိသတ်တွေ မျှော်လင့်နေတဲ့ နည်းပညာ ကွာလတီပိုင်း ဆိုင်ရာရော အနုပညာ ပိုင်းဆိုင်ရာရော ပြည့်တဲ့ကားလေးတွေ ပေါ်ထွက်လာဖို့အများကြီး မျှော်လင့်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီလိုကားမျိုးတွေ ရိုက်နိုင်အောင် ကြိုးစားနေပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဧရာဝတီကို ပြောပါတယ်။

ပရိသတ်တွေအနေနဲ့ကလည်း ဇာတ်လမ်း အမျိုးအစားပေါ် မူတည်ပြီး အကြိုက် ကွဲပြားတာတွေရှိပြီး ဟာသကြိုက်တဲ့ ပရိသတ်တွေရှိသလို ဒါရိုက်တာအသစ်တွေ ရိုက်တဲ့ ဇာတ်ကားတွေကို အားပေးတဲ့ပရိသတ်ကလည်း သက်သက်ရှိနေတယ်လို့ ဆိုပါတယ်။

“ပရိသတ်ကတော့ ဇာတ်လမ်းအမျိုးအစားပေါ်မူတည်ပြီးတော့ အကြိုက်ကကွဲပါတယ်။ ဟာသကြိုက်တဲ့ ပရိသတ်ကလည်း ဟာသကြည့်သလို၊ ဒီဘက်ခေတ်မှာဆိုရင် အသစ်တွေရိုက်တာကို အားပေးတဲ့ ပရိသတ်က သက်သက်ရှိတယ်ဆိုတော့ သူ့ပရိသတ်နဲ့သူ သွားနေတဲ့အတွက်တော့ ပြဿနာတော့ အကြီးကြီး မရှိလောက်ပါဘူး။ ဒါပေမယ့် ဘယ်လို အမျိုးအစားပဲ ရိုက်ရိုက် အရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေ ဖြစ်ဖို့က အရေးကြီးပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။

ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ “ည” ရုပ်ရှင်ဇာတ်ကား ပြသပြီးနောက်မှာတော့ ယခင်လမှာ “သူစိမ်းအိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး ၊ ထွန်းအိန္ဒြာဗို ၊ ဖွေးဖွေး ၊ လင်းဇာနည်ဇော်နှင့် တခြားသရုပ်ဆောင်အသစ်များနဲ့ ရိုက်ကူးထားပြီး နောက်နှစ်ထဲမှာ ရုံတင်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

“အဓိကကတော့ အသစ်တွေအဟောင်းတွေထက်စာရင် ကျနော်ကတော့ ဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေရဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်တွေကို ရွေးလိုက်တာပါ။ “ည” တုန်းက သရုပ်ဆောင်အသစ်တွေနဲ့ လိုက်ဖက်တယ်။ “သူစိမ်းအိမ်” မှာကျတော့ ဝါရင့် သရုပ်ဆောင်တွေနဲ့ လိုက်ဖက်တဲ့အတွက် ရိုက်ဖြစ်တာပါ။ ရိုက်ကူးတဲ့အခါမှာတော့ အသစ်တွေ အဟောင်းတွေ မဟုတ်ဘဲ အဆင်ပြေပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုပါတယ်။

မကြာခင်မှာလည်း စာရေးဆရာမဂျူးရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ “ လရိပ်အောက်ဘက် မိုင်ဝေး” ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးရန် သရုပ်ဆောင်အသစ်များကို သင်ကြားပေးနေပြီး သရုပ်ဆောင် အသစ်များကိုတော့ ယခုနှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ရိုက်ဖြစ်ခဲ့ရင် တရားဝင် မိတ်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – “တကယ်ကြိုးစားကြတဲ့ အသစ်တွေကိုလည်း အသိအမှတ် ပြုစေချင်တယ်”

“ပေါကား မဟုတ်ကြောင်း ဖန်တီးမှုနဲ့ပဲ သက်သေပြဖို့ လိုတယ်”ဆိုတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး

The post “ဘယ်ဇာတ်ကား အမျိုးအစားရိုက်ရိုက် အရည်အသွေးကောင်းဖို့က အရေးကြီးတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...