


ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
အခု … ရာသီဥတုကလည်း အေးနေတယ်ဆိုတော့ … ရာသီဥတုနဲ့လည်း လိုက်ဖက်ပြီး … လွယ်ကူလှတဲ့ … ယူနန်ပုံစံ မာလရိလေး ချက်စားကြရအာင် …။
မာလရိဆိုတာ ယူနန်ဘာသာစကား တခုဖြစ်ပြီး … မာကတော့ လျှာကိုထုံစေသော၊ လဆိုတာကတော့ စပ်သောလို့ အဓိပ္ပာယ် ဖော်ဆောင်နိုင်ပြီး ရိကတော့ ငါးဖြစ်ပါတယ်။ ပူစပ်ထုံစေသော ငါးဟင်းလို့ ကောက်ချက်ချနိုင် ပါတယ်။
ထုံဆိုတဲ့ စကားရဲ့ မူရင်းက မြန်မာလို မက်ခမ်သီး၊ တရုတ်လို ၀ှားကျောင်းလို့ ခေါ်တဲ့ ငရုတ်ကောင်း စေ့နဲ့ ဆင်တူတဲ့ အစေ့က ပေးစွမ်းမှာ ဖြစ်ပါတယ် …။ သူ့ရဲ့ အာနိသင်က ချောင်းဆိုး၊ ချွဲကျပ် စတဲ့ လည်ချောင်းနဲ့ ပက်သက်တာတွေ အတွက် ခန္ဓာကိုယ်အတွင်း အပူဓာတ်ကို တိုးပွားစေပါတယ် …။
မာလရိ (သို့) ပူစပ်ထုံစေသော ငါးဟင်းအတွက် လိုအပ်တာတွေ ကတော့ …။
ကကတစ်ငါး (အလတ်အရွယ်) – ၂ ကောင်
မာလာပာင်းအနှစ – ၁ ထုပ်
မာလာခေါက်ဆွဲ – ၁၀ ကျပ်သား
မာလာကော်ကြည်ချောင်း – ၁၀ ကျပ်သား
ကြွက်နားရွက်မှိုခြောက် – ၅ ကျပ်သား
ပဲပြားလိပ်ခြောက် – ၅ ကျပ်သား
စပါးလင် – ၂ ချောင်း
ဝှားကြောင်းစေ့ – ၂ ဇွန်း (ထမင်းစား)
ချင်း+ ကြက်သွန်ဖြူ – အနည်းငယ်
ငါးငံပြာရည် – ၅ ဇွန်း (ထမင်းစား)
ပာင်းခတ်မှုန့် – ၁ ဇွန်း (ထမင်းစား)
သကြား – အနည်းငယ်
ရှာလကာရည – ၃ ဇွန်း (ထမင်းစား)
ရှမ်းနံနံ – ၁ စည်း
ကန်စွန်းရွက – ၁ စည်း
ကောက်ရိုးမှို (သို့) ငွေနှင်းမှို – အနည်းငယ်
ချက်ပြုတ်ပုံ အဆင့်ဆင့်ကတော့ …။
မာလာပာင်းချက်ဖို့ စတင်ပြီဆိုတာနဲ့ မာလာခေါက်ဆွဲချောင်း၊ မာလာကော်ချောင်း၊ ကြက်နားရွက်မှို၊ ပဲပြားလိပ်ခြောက် စတာတွေကို သီးသန့်စီ ရေဝအောင် စိမ်ထားပေးရပါမယ်။
ကကတစ်ငါးကို သန့်စင် ဆေးကြောပြီး ၃ ပိုင်းပိုင်းကာ အရသာအနည်းငယ်နဲ့ နယ်ထားပေးပါ။
ဝှားကျောင်းစေ့ကို မီးအေးအေးနဲ့ အနည်းငယ်လှော်ပြီး မညက်တညက်လေး ထောင်းပါ။ ချင်းနဲ့ ကြက်သွန်ဖြူ ကိုလည်း ထောင်းထားပါ။
စပါးလင် အဖြူရောင်အပိုင်းကို ဓားပြားရိုက်ပြီး ထုံးချည်ထားပါ။ ရှမ်းနံနံကို ၁ လက်မလောက် ဖြတ်ထားပြီး ကန်စွန်းရွက် တွေကိုလည်း သန့်စင်ထားပါ။
ကောက်ရိုးမှို (သို့) ငွေနှင်းမှိုတွေ ကိုလည်း သန့်စင် လှီးဖြတ်ထားပါ။
ပူနေတဲ့ ဒယ်အိုး တလုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့ ချင်းနဲ့ ကြက်သွန်ဖြူ အရောကို ဆီသတ်ပေးပါ။
မွှေးလာရင် ထောင်းထားတဲ့ ဝှားကျောင်းစေ့၊ စပါးလင်ဓားပြားရိုက်တို့ ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးရင် အရသာနယ်ထားတဲ့ ကကတစ်ငါးကို ထည့်ပေါင်း ဆီသတ်ပြီး ဖြည်းညင်းစွာ မွှေပေးပါ။
ဒန်အိုးကြီးကြီး တလုံးထဲကို ဆီသတ်ထားတဲ့ အရောကို ပြောင်းရွှေ့ပြီး ရေတ၀က်ခန့် ထည့်ပါ။ ငါးငံပြာရည်၊ ပာင်းခတ်မှုန့်၊ ရှာလကာရည်တို့နဲ့ အရသာသွင်းပြီး တပွက်ဆူအောင် တည်ပါ။ မှိုခြောက်၊ ပဲပြားလိပ်ခြောက် တို့ကိုလည်း ထည့်ပြီး … ငါးအသား အနည်းငယ် တင်းလာအောင် … တည်ထားပါ။
မာလာခေါက်ဆွဲချောင်းနဲ့ မာလာ ကော်ချောင်းတို့ကို ထည့်ပါ။ လိုအပ်ပါက ရေအနည်းငယ် ဖြည့်စွက်ပြီး ပာင်းရည်ကျနေအောင် မီးအေးအေးမှာ အပူပေးထားပါ။
နောက်ဆုံး အရသာ မြည်းစမ်းပြီးမှ မှို၊ ကန်စွန်းရွက်၊ ရှမ်းနံနံတို့ ပေါင်းထည့်ပြီး ချက်ချင်း သုံးဆောင်ပါ။
The post ပူစပ်ထုံ အရသာ ပေးမယ့် မာလရိငါးဟင်း appeared first on ဧရာဝတီ.