Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Alan Turing ရဲ့ဘဝ (သို့မဟုတ်) “The Imitation Game”

$
0
0

ဒီတခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ IMDb Rating (8/10) ရရှိထားပြီး Rotten Tomatoes မှာ Rating ၉၀ ရာခိုင်နှုန်းရရှိထားတဲ့ “The Imitation Game” ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒုတိယ ကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင် ဇာတ်ကားဖြစ်ပြီး “Alan Turing-The Enigma” ဆိုတဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အမေရိကန်ဒေါ်လာ ၁၄ မီလီယံ အကုန်ကျခံရိုက်ကူးခဲ့တာ ဖြစ်ပြီး Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၃ ဒဿမ ၅ မီလီယံ ပြန်လည် ရရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် မင်းသားအနေနဲ့ Benedic Cumberbatch နဲ့ မင်းသမီး Keira Knightley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်နိုင်ငံသား သချာၤပညာရှင် Alan Turing ရဲ့ အိမ်ကို ဖောက်ထွင်း ခံရတာကို ရဲတွေက သွားရောက်စစ်ဆေးတဲ့ အချိန်မှာ Alan က ဘာပစ္စည်းမှ ခိုးခံရခြင်း မရှိတာကြောင့် ရဲတွေကို နောက်တခါ ထပ်မလာပါနဲ့လို့ ပြောလိုက်ပါတယ်။ ဒါကို မသင်္ကာတဲ့ ရဲတွေက ဒုတိယကမ္ဘာစစ်ဖြစ်နေစဉ် Alan Turing ဘယ်ရောက်နေလဲ ဆိုတာကို စတင် စုံစမ်း ပါတော့တယ်။

ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်မှာ Alan Turing ဟာ နာဇီတွေရဲ့ လျှို့ဝှက်စာတွေ ပို့လွှတ်တဲ့ ရေဒီယိုလှိုင်းတွေကို ဖမ်းယူနားထောင်တဲ့ နေရာမှာ အလုပ်လုပ်နေခဲ့ပါတယ်။ ဒီရေဒီယိုလှိုင်းတွေကို ဖမ်းယူတဲ့ စက်ကို Enigma လို့ ခေါ်ပါတယ်။ ဒီစက်ဟာ နာဇီတွေ အချင်းချင်း ပို့လွှတ်တဲ့ လျှို့ဝှက်သတင်းတွေကို ဖမ်းယူနိုင်ပါတယ်။ မနက်တိုင်းပို့လွှတ်တဲ့ သတင်းတွေမှာ ပါဝင်တဲ့ လျှို့ဝှက် ကုဒ်တွေကို ဖမ်းယူပြီး စစ်ပွဲအခြေအနေကို ခန့်မှန်းရတာပါ။

သချာၤပညာရှင် Alan Turing ဟာ ဒီလျှို့ဝှက်ကုဒ်တွေကို ဖော်ထုတ်တဲ့နေရာမှာ အလုပ် လုပ်နေရတာ ဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်က Enigma ထက် ပိုကောင်းတဲ့ လျှို့ဝှက်စာ ဖြည်စက်ကို ထွင်ချင်တာပါ။

ကွန်ပျူတာခေတ်အတွက် ရှေ့ပြေးဖြစ်မယ့် ဒီစက်ကို တီထွင်ရင်း တဖက်က ကမ္ဘာစစ်အတွင်းက အင်္ဂလန်နိုင်ငံကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းရပုံတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Alan Turing ရဲ့ ငယ်ဘဝ၊ လူငယ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို Drama ကျကျ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကားဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

The post Alan Turing ရဲ့ဘဝ (သို့မဟုတ်) “The Imitation Game” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...