Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဧရာဝတီ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၂)

$
0
0

ဧရာဝတီသတင်းဌာန၏ ၂၅ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး အနုပညာရှင်များဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဟာသ သရုပ်ဆောင် အရိုင်း၊ အကယ်ဒမီ ဗေလုဝတို့ရဲ့ ဆုတောင်းစကားသံများကို စုစည်း ဖော်ပြ လိုက်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ဧရာဝတီသတင်းဌာန မှန်ကန်သော သတင်းများနဲ့အတူ စာနယ်ဇင်း ကျင့်ဝတ်တွေနဲ့အညီ ရှေ့ဆက်ပြီး ချီတက်နိုင်ပါစေ။ နှစ်ပေါင်းရာထောင်မက တည်တံ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အရိုင်း

ဧရာဝတီဆိုတာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဘဲဗျ။ ဧရာဝတီကို ကျနေ်ာတို့ရဲ့ အသက်သွေးကြောလို့ သတ်မှတ်သလိုပဲ ဧရာဝတီကလည်း ကျနော်တို့ရဲ့ အသက်သွေးကြော ပီသပါစေလို့ ဆုတောင်းပါတယ်။

ဗေလုဝ

“ဧရာဝတီသတင်းဌာနက ကျနေ်ာတို့လူထုကြားထဲမှာ ၂၅နှစ်ဆိုတဲ့ ကာလကြီးတခုကို ဖြတ်လာပြီးတဲ့ အခါမှာ ဒီလောက်ထိ တည်တံ့ခိုင်မြဲတယ်ဆိုတာ သူ့အရည်အသွေးကောင်းလို့ ကွာလတီကောင်းလို့ လေ့လာမှုကောင်းလို့ သူ့ရဲ့ကြိုးစားမှုကောင်းလို့” လို့ပဲ ယူဆပါတယ်။ ဒီထက်မက ဖွံ့ဖြိုးတိုးတက်ပါစေ။ လူထုအတွက် အမြဲတမ်း ရပ်တည်ပေးပါစေလို့ ဆုတောင်းပါတယ်။

မီဒီယာဆိုတဲ့ စတုတ္ထ မဏ္ဍိုင်ကြီးကတော့ မလွဲမသေ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ်ရှိနေရမှာပဲ။ တိုင်းပြည် တပြည်မှာ မီဒီယာ မရှိလို့ မဖြစ်ပါဘူး။ မီဒီယာ ရှိကို ရှိရမယ်။ မီဒီယာဟာ ပြည်သူ့ရဲ့ မျက်စိအဖွင့်ပေးတဲ့ ကြေးမုံပြင်ပဲ။ အဲ့လိုပဲ ယူဆပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစတင်ပြီး ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် မြန်မာနိုင်ငံအရှေ့တောင် အာရှရေးရာသတင်း၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာအာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည် ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ဧရာဝတီ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၁)

The post ဧရာဝတီ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၂) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...