Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ အချစ်ရေး သိပ်မပြောချင်ဘူး”

$
0
0

သရုပ်ဆောင်လည်း ဖြစ်သလို၊ အလှမယ် တယောက်လည်း ဖြစ်တဲ့ ထားထက်ထက်က အားကစားနဲ့ ပတ်သက်ပြီးတော့လည်း ထူးချွန်သူ တဦးပါ။ သူမ ပထမဆုံး သရုပ်ဆောင်ထားတဲ့ “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ဇာတ်ကားကို ပရိသတ်တွေလက်ခံပေးကြတဲ့အတွက် ပရိတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ထားထက်ထက်က ဧရာဝတီကို ပြောပါတယ်။

“လတ်တလောမှာတော့ အောက်တိုဘာ ၁ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ရှိတော့ ဂုဏ်ပြု ဇာတ်လမ်းလေး ရိုက်နေပါတယ်။ ထားထက်ရဲ့ “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ဇာတ်ကားလည်း ရုံတင်နေတော့ လက်မှတ်ထိုးတာတွေ လုပ်နေပါတယ်” လို့ ထားထက်ထက်က လတ်တလော အနုပညာ လှုပ်ရှားမှုများအကြောင်း ပြောပါတယ်။

“အဲဒီ ရုပ်ရှင်က ထားထက်ရဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်ဝါလည်း နုသေးတော့ ကိုယ်လည်း ငယ်သေးတယ်။ ဘာဇာတ်ကားမှ မရိုက်သေးတဲ့ အချိန်မှာ ပထမဆုံး ဒီကားကို ရိုက်ခွင့် ရတယ်။ အတွေ့အကြုံအရ အများကြီး လိုအပ်သေးတာကို အကောင်းဆုံး ကြိုးစားထားတဲ့ အပေါ်မှာ ပရိသတ်တွေက သူတို့ လက်ခံတယ်။ သူတို့ သဘောကျတယ်။ ကြိုက်တဲ့ အခန်းတွေရော မကြိုက်တဲ့ အခန်းတွေရော Review ပြန်ရေးပေးထားတာ တွေတွေ့ရတော့ အရမ်းပျော်တယ်” လို့ ထားထက်ထက်က ပြောပါတယ်။

“ဒီကားထဲမှာတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့မလေး တယောက်ပေါ့။ ရိုးရိုးအေးအေး အရမ်းချစ်တတ်တဲ့ မိန်းကလေးတယောက်အနေနဲ့ ပါဝင်ထားပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။

ထားထက်ထက်က အခုချိန်မှာ ချစ်သူတော့ရှိနေပြီး အချစ်ရေးကို အများကြီး မပြောချင်သေးပါဘူးလို့ ဆိုပြီး အနုပညာ လုပ်ငန်းတွေကိုပဲ အကောင်းဆုံး ကြိုးစားလုပ်ကိုင်ချင်ပါတယ်လို့ ပြောပါတယ်။

“ဇာတ်ကားထဲမှာပဲ မဟုတ်ပါဘူး အပြင်မှာလည်း ချစ်တတ်ပါတယ်။ ထားထက်က ကြည့်လိုက်ရင် အရမ်းကို Strong ဖြစ်တယ် ထင်ရတယ်။ အားကစားသမား သန်သန်မာမာကြီးလို့ ထင်ရပေမယ့် ထားထက် နှလုံးသားက အရမ်းနုပါတယ်။ အဲ့လိုနုတော့ ချစ်တတ်တဲ့ထဲမှာ ပါပါတယ်။ ထားထက်က လွတ်လွတ်လပ်လပ် နေချင်တဲ့ သူဆိုတော့ ခြေချုပ်မိမှာလည်း ကြောက်တယ်ပေါ့”

“လက်ရှိတော့ ထားထက်မှာ ချစ်သူရှိတယ်။ အဆင်ပြေပြေလေးနဲ့ နားလည်မှုရှိရှိလေးတော့ ဖြတ်သန်းရတာပေါ့။ ဖူးစာပါရင်လည်း ကိုယ်ကရှောင်လွဲလို့ မရဘူးပေါ့။ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်မပြောချင်ကြဘူး။ ပရိသတ်တွေကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ အဲ့အတွက် အချစ်ရေးကို အများကြီး မပြောချင်ဘူး။ အလုပ်တွေကိုပဲ ကြိုးစားပြီး လုပ်ကိုင်ချင်ပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။

အလှမယ် ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ် တယောက် ဖြစ်ပြီး သူ့အနေနဲ့ ဒီပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို ဝါရင့် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

ထားထက်ထက် ပါဝင်သရုပ်ဆောင်ထားတဲ့ “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင် ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျှက်ရှိပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် လူမင်းရဲ့ တဦးတည်းသော သမီး၊ အဆိုတော် ယုန်လေးရဲ့ ချစ်သူ အဖြစ် ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။

The post “ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ အချစ်ရေး သိပ်မပြောချင်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...