Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ သရုပ်ဆောင်ရွေးပွဲမှာ ဒိုင်တယောက်အနေနဲ့ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ပါဝင်ဖြစ်ခဲ့တာပါ”

$
0
0

“ခ သုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်ရွေးချယ်ပွဲကို သြဂုတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမမှာ ပြုလုပ်ကျင်းပခဲ့ရာ အဆိုပါပွဲမှာ Beauty Blogger နေခြည်ဦးက ဒိုင်တဦးအနေနဲ့ ပါဝင်ခဲ့တဲ့အပေါ်မှာ ဝေဖန်မှုများစွာရှိခဲ့ပါတယ်။

အဲ့ဒီ သရုပ်ဆောင်သစ်ရွေးချယ်ပွဲမှာတော့ နေခြည်ဦးက ဝါရင့်သရုပ်ဆောင်များရဲ့ ကမ်းလှမ်းမှုကြောင့် ပါဝင်ခဲ့တာဖြစ်ပြီး ဒိုင်တဦးအနေနဲ့ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ပါဝင်ဖြစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ့်ကိုယ်ကိုလည်းဒိုင်တယောက်အနေနဲ့ သတ်မှတ်မထားဘူး။ နေခြည်ကြိုက်ရတဲ့ သရုပ်ဆောင်တွေရဲ့ ဘေးနားကနေ ကူညီတဲ့အဆင့်ပဲ သတ်မှတ်ထားပါတယ်။ ပြီးတော့ ကိုယ်နဲ့အတူတူ သရုပ်ဆောင်ရမယ့် သရုပ်ဆောင်ကိုရွေးချယ်တာလည်း ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားပါတယ်။ ကိုယ်တိုင်လည်း သရုပ်ဆောင်သစ်တယောက်ပါပဲ”

“ ဒါပေမဲ့ ဒိုင်တွေလုပ်တဲ့ အကဲဖြတ်မှုတွေ သူတို့ရဲ့ သူတို့ပေးတဲ့ Comment တွေက တန်ဖိုးဖြတ်လို့မရပါဘူး။ အဲဒါကြောင့် သူတို့ပေးတဲ့ Comment တွေကို ဂရုတစိုက်နဲ့ လိုက်မှတ်နေတာပါ” လို့နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ အဆိုပါသရုပ်ဆောင်သစ်များကို အလှအပပိုင်းဆိုင်ရာ Public Relation ပိုင်းများကို အကဲဖြတ်ပေးရတာဖြစ်ပြီး ရွေးချယ်မယ့်သရုပ်ဆောင်အသစ်များနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ခ သုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရိုက်ဖို့အတွက် ကမ်းလှမ်းထားတာ ကြာပါပြီ။ သေချာသွားတာကတော့ မကြာသေးပါဘူး။ အဲဒီကားအတွက် သရုပ်ဆောင်ရွေးချယ်ပွဲမှာ ဒိုင်အဖြစ်ပါဝင်ပေးပါဆိုပြီး မခိုင်လေးက နေခြည့်ကို ကမ်းလှမ်းတယ်။ ဒါပေမယ့် နေခြည်အနေနဲ့ အနုပညာပိုင်းမှာကျတော့ သရုပ်ဆောင်ပိုင်းကို ဘယ်လိုမှ အကဲဖြတ်လို့ မရဘူး။

“ဒီကားထဲမှာ ပါမယ့်သရုပ်ဆောင်တွေက ဝိုင်းပြီးတော့ အကဲဖြတ်ကြမယ်။ နေခြည်ကလည်း အလှအပပိုင်းဆိုင်ရာ၊ Public Relation ပိုင်းတွေမှာ မေးပေးရင် အဆင်ပြေမယ်ပေါ့။ ဒိုင်တယောက်အနေနဲ့မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ပါဝင်ဖြစ်တာပါ” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ လတ်တလောမှာ သူမရဲ့အချစ်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်ခံနေရပြီး သူမရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီးတော့လည်း မိဘချမ်းသာတဲ့အတွက် အခုလိုအောင်မြင်မှုရရှိနိုင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုများလည်း ရှိနေခဲ့ပါတယ်။

“နေခြည့်ကို Rich Kid လို့ပြောရအောင် နေခြည်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်အလုပ်ကို လုပ်နေတဲ့သူတယောက်ကို Rich Kid ပါလို့ပြောတော့ ဘာပြောလို့ပြောရမှန်းမသိတော့ဘူး။ တကယ်လို့ ဘာအလုပ်မှ လည်းမလုပ်ဘူး။ ပိုက်ဆံအိတ်တွေကိုင်ပြတယ်။ ဒေါက်ဖိနပ်တွေစီးပြတယ်။ အဲဒီလိုမျိုးဆို အပြောခံနိုင်သေးတယ်။ အခုဟာက ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတော့ ကိုယ့်ဘာသာကိုယ်နေနိုင်တာကို Rich Kid လို့ပြောတော့ စိတ်တော့ မဆိုးပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့လဲလို့ပြန်မေးချင်တယ်။ မိဘချမ်းသာတာက ချမ်းသာတာပဲလေ” လို့ နေခြည်ဦးက ပြောပါတယ်။

သူမရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ Beauty By Naychi ဆိုတဲ့ Blogger အလုပ်ကို လုပ်ကိုင်ပြီး ရုပ်ရှင်၊ ကြေငြာများ ရိုက်ကူးကာ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေတာဟာ မိဘက ချမ်းသာတာနဲ့ မသက်ဆိုင်ကြောင်း ထင်မိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင့် သူမရဲ့အချစ်ရေးနဲ့ ပတ်သက်တဲ့ဝေဖန်မှုကိုလည်း အခုလိုပဲပြောပြခဲ့ပါသေးတယ်။

“သူနဲ့စတွေ့တာကတော့ သူက Boss ပေါ့။ နေခြည်က Client ဖြစ်သွားတာပေါ့။ သူရဲ့ဆိုင်ဖွင့်ပွဲမှာ နေခြည်တို့ တွေ့တယ်။ အဲဒီအချိန်က နေခြည်က ရည်းစားရှိတာပေါ့နော်။ ပြီးတော့ နေခြည်တို့ကြိုက်သွားတယ်။ အဲဒီမှာ စပြီးတော့ ဂယက်ကစတာ တွေ့ဆုံမှုမှာ တခြားလူတွေလည်း ပါဝင်ပတ်သက်နေတာ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတော့ ကာယကံရှင်တွေက အသိဆုံးပါ” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ Beauty By Naychi ဆိုတဲ့နာမည်နဲ့ Blogger နာမည်ဖြင့် Blogger အလုပ်ကိုစတင်ခဲ့ပြီး လူအများကချစ်ခင်ရတဲ့ Blogger တဦးဖြစ်လာပြီးတဲ့နောက်မှာတော့ သရုပ်ဆောင်တဦးအနေနဲ့ “ရန်သူ”၊ “နှလုံးသားကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထားပါတယ်။

The post “ သရုပ်ဆောင်ရွေးပွဲမှာ ဒိုင်တယောက်အနေနဲ့ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ပါဝင်ဖြစ်ခဲ့တာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...