Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းနစ်စံချိန်ဝင်သွားတဲ့ Despacito သီချင်း

$
0
0

အဆိုတော် ဂျက်စတင်ဘီဘာဟာ Luis Fonsi, Daddy Yankee တို့နဲ့အတူ သီဆိုထားတဲ့ သူ့ရဲ့ Despacito (Remix) သီချင်းဟာ ကမ္ဘာတဝန်း Streaming ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းစံချိန်ကို ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်တင်ဂီတသံစဉ်နဲ့ ရေးသားစပ်ဆိုထားတဲ့ အဲဒီသီချင်းဟာ ဂျက်စတင်ဘီဘာအနေနဲ့ ပထမဆုံးအကြိမ် စပိန်ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ဖြန့်ချိခဲ့ချိန်ကစလို့ အကြိမ်ပေါင်း ၅ ဘီလီယံနီးပါး Streaming ကြည့်ရှုနားထောင်ခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ အဆိုတော် ဘီဘာရဲ့ Sorry သီချင်းတင်ထားခဲ့တဲ့ အကြိမ်ရေ ၄ ဒဿမ ၃ ဘီလီယံစံချိန်ကို ကျော်တက်နိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

အခုနှစ် မေလကစလို့ ဂရင်းနစ်စံချိန်တင်မှတ်တမ်းစာအုပ်မှာ ပူးတွဲအဆိုရှင်တွေအဖြစ် အသိမှတ်ပြုခံရမှာဖြစ်ပေမယ့် ဖော်ပြခံရမယ့်အထဲမှာ တခြား Pop အဆိုတော်တွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ အဆိုတော် Ed Sheeran ရဲ့ “Shape of You” သီချင်းဟာလည်း အရောင်းရဆုံးဒစ်ဂျစ်တယ်စာရင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာတဝန်းမှာ ယူနစ်ပေါင်း ၂၆ သန်း ရောင်းချခဲ့ရပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီသီချင်းဟာ Spotify မှာ နားထောင်မှုအကြိမ်အရေအတွက် ၁ ဒဿမ ၆၅ ဘီလီယံနဲ့ အများဆုံး စံချိန်တင် ထားပါတယ်။ သူ့ရဲ့ တတိယမြောက်စတူဒီယိုအယ်လ်ဘမ် “÷ (Divide)” ဟာလည်း ကမ္ဘာ့ရောင်းအား အကောင်းဆုံး အယ်လ်ဘမ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

အဆိုတော် Ed ရဲ့ မိတ်ဆွေ အဆိုတော် Taylor Swift က သူ့ရဲ့ “Look What You Made Me Do” ဂီတဗီဒီယို ဟာ ၂၄ နာရီအတွင်း လူကြည့်နှုန်းအများဆုံး ဂီတဗီဒီယိုအဖြစ် မှတ်တမ်းတင်ခံရပြီး လွှင့်တင်အပြီး တရက်အတွင်းမှာ ကြည့်ရှုတဲ့ အကြိမ် ၄၃ သန်းရှိခဲ့ပါတယ်။ ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ Maroon 5 ကတော့ Youtube မှာ လူကြည့်အများဆုံးအဖွဲ့ဂီတ ချန်နယ်အဖြစ် ရပ်တည်နေပါတယ်။

ဒါတင်မကသေးပါဘူး။ ဂရင်းနစ်စံချိန်မှတ်တမ်းအရာရှိတွေဟာ လူမှုကွန်ရယ်မီဒီယာတွေကိုလည်း ကြည့်ရှု မှတ်တမ်း တင်နေခဲ့ပါတယ်။ အဆိုတော် Selena Gomez ဟာ Instagram အကောင့်မှာ Follower သန်း ၁၂၀ နဲ့ အများဆုံးအဖြစ် ရပ်တည်နေပြီး လက်ရှိမှာ အဖွဲ့လိုက်အနုပညာလှုပ်ရှားမှုမရှိတဲ့ One Direction ကတော့ ဂီတအဖွဲ့တခုအတွက် Follower အများဆုံးအဖြစ် ၁၇ ဒဿမ ၃ သန်းနဲ့ ရပ်တည်နေပါတယ်။

အဆိုတော် ကယ်တီပယ်ရီကတော့ Twitter မှာ Follower သန်း ၁၀၀ နဲ့ အများဆုံးအကောင့်ပိုင်ရှင် ဖြစ်ပါတယ်။ ဒါ့အပြင် Kpop စတားတွေဖြစ်တဲ့ Bangtan Boys လို့ခေါ်တဲ့ BTS အဖွဲ့ဟာ One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်ကို ကျော်တက်ပြီး Twitter မှာ retweet အများဆုံး ဖြစ်ပါတယ်။ Twitter ပို့စ်တခုမှာ ပျှမ်းမျှ Retweet အကြိမ်ရေ ၃ သိန်းရှိပါတယ်။

Ref: aceshowbiz

The post ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းနစ်စံချိန်ဝင်သွားတဲ့ Despacito သီချင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...