Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အမျိုးသမီးမော်ဒယ် ၅ ဦး

$
0
0

မော်ဒယ်အလုပ်ဟာ စင်မြင့်ပေါ်မှာ ကြွကြွရွရွနဲ့ လျှောက်လှမ်းရတဲ့ အလုပ်ဖြစ်လို့ လွယ်ကူသယောင်ထင်ရပေမယ့် ခန္ဓာကိုယ်အချိုးအစားလှပအောင် အမြဲမပြတ် လေ့ကျင့်ခန်းနဲ့ အစားအသောက်ပိုင်းတွေကို ဂရုစိုက်ရပါတယ်။ ဒါ့အပြင့် အသစ်အသစ်သော Fashion Trend တွေကို မျက်ခြေမပြတ် လေ့လာအကဲခတ် ဆင်မြန်းနေရတဲ့ အလုပ်တခု ဖြစ်တာကြောင့် ထင်သလောက်တော့ ရိုးရှင်း မလွယ်ကူလှပါဘူး။

အခုတခါ ဖော်ပြပေးမှာကတော့ ၂၀၁၈ ခုနှစ်အတွင်း အအောင်မြင်ဆုံးနဲ့ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး အမျိုးသမီးမော်ဒယ် တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Kendall Jenner

အသက် ၁၄ နှစ်အရွယ်တည်းက မော်ဒယ်လောကကို ဝင်ရောက်ခဲ့သူ စူပါမော်ဒယ် Kendall Jenner ကတော့ ၂၀၁၈ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီးမော်ဒယ်စာရင်းမှာ နံပါတ် ၁ နေရာကနေ ရပ်တည်နေပါတယ်။ Street Style အမိုက်စားတွေနဲ့ အမြဲတမ်းလန်းနေတတ်တဲ့ သူမရဲ့ နှစ်စဉ်ဝင်ငွေကတော့ ဒေါ်လာ ၂၂ သန်းခန့်ရှိပါတယ်။

(၂) Chrissy Teigen

Glamour, Elle, Cosmopolitan နဲ့ Esquire အစရှိတဲ့ Lifestyle မဂ္ဂဇင်းတွေရဲ့ ကာဗာတွေကနေတဆင့် လူသိများ အောင်မြင်လာခဲ့တဲ့ Chrissy Teigen ကတော့ လက်ရှိအချိန်မှာ အဆိုတော် John Legend နဲ့ လက်ထပ်ထားပြီး သူမရဲ့နှစ်စဉ်ဝင်ငွေကတော့ ဒေါ်လာ ၁၃ ဒႆမ ၅ သန်းခန့်ပဲ ဖြစ်ပါတယ်။

(၃) Gigi Hadid

မြန်မာပရိသတ်အများစု သိကြတဲ့ စူပါမော်ဒယ် Gigi Hadid ဟာဆိုရင်တော့ မော်ဒယ်လောကကို အသက် ၉ နှစ် ၁၀ နှစ်အရွယ်လောက်တည်းက အခြေချခဲ့သူ ဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း နာမည်ကြီး Brand တော်တော်များများနဲ့ လက်တွဲလုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။ သူမရဲ့ နှစ်စဉ်ဝင်ငွေကတော့ ဒေါ်လာ ၉ ဒႆမ ၅ သန်းခန့်ရှိပါတယ်။

(၄) Liu Wen

Voictoria Secret ရဲ့ မော်ဒယ်တဦးဖြစ်သူ အာရှနွယ်ဖွား အမျိုးသမီးမော်ဒယ်တဦးဖြစ်သူ Liu Wen ဟာဆိုရင်တော့ အသက် ၁၈ နှစ်မှာ မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ နှစ်စဉ်ဝင်ငွေကတော့ ဒေါ်လာ ၆ ဒႆမ ၅ သန်းခန့်ရှိပါတယ်။

(၅) Bella Hadid

စူပါမော်ဒယ် Gigi Hadid ရဲ့ ညီမဖြစ်သူ အသက် ၂၅ နှစ်အရွယ်ရှိ Bella Hadid ဟာဆိုရင်တော့ မော်ဒယ်လောကမှာ အမိုက်စားဖက်ရှင်တွေကြောင့် အောင်မြင်နေသူ တဦးပဲဖြစ်ပြီး သူမရဲ့ နှစ်စဉ်ဝင်ငွေကတော့ ဒေါ်လာ ၆ သန်းခန့်ပဲ ဖြစ်ပါတယ်။

Ref. www.careeraddict.com

The post ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အမျိုးသမီးမော်ဒယ် ၅ ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...