Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံး မင်းသားအဖြစ် George Clooney ရပ်တည်

$
0
0

ဟောလိဝုဒ်မင်းသားချော George Clooney ဟာ ၂၀၁၈ ခုနှစ်အတွက် Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပါတယ်။

ရုပ်ရှင်စတားနဲ့ ဒါရိုက်တာ Clooney ဟာ ဖျော်ရည်ယမကာကုမ္ပဏီကြီး Diageo နဲ့ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ ၁ ဘီလီယံ ကျော်တန် စာချုပ်နဲ့ သူ့ရဲ့ Casamigos တက်ကွီလာ ကုမ္ပဏီ ရောင်းအားကြောင့် ပြီးခဲ့တဲ့ နှစ်မှာ ဒေါ်လာ ၂၃၉ သန်းရရှိခဲ့ပြီး ဒုတိယနေရာမှာ ရှိနေတဲ့ မင်းသား Dwayne Johnson ရဲ့ဝင်ငွေထက် နှစ်ဆများပြားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ထိပ်ဆုံးမှာရှိနေခဲ့တဲ့ မင်းသား Mark Wahlberg က အခု ၂၀၁၈ ခုနှစ်စာရင်းမှာ အဆင့် ကျသွားခဲ့တာကို တွေ့ရပါတယ်။ Avengers ရုပ်ရှင်စတား မင်းသား Robert Downey Jr. နဲ့ Chris Hemsworth တို့အပြင် ကမ္ဘာကျော် တရုတ်မင်းသားကြီး Jackie Chan တို့ဟာ နံပါတ် ၅ အထိ အစဉ်လိုက်ရပ်တည်နေပါတယ်။

မင်းသား Will Smith၊ ဘောလိဝုဒ် မင်းသားတွေ ဖြစ်ကြတဲ့ Akshay Kumar နဲ့ Salman Khan၊ မင်းသား Adam Sandler နဲ့ Chris Evans တို့ဟာ အဆင့် ၁၀ အထိ အသီးသီး ရပ်တည်နေကြပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အနုပညာဝင်ငွေအများဆုံး မင်းသမီး စာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ မင်းသမီး Scarlett Johansson ဟာ မင်းသား၊ မင်းသမီး စုပေါင်းစာရင်းမှာတော့ နံပါတ် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ ထိပ်တန်း နံပါတ် ၁၀ အတွင်းဝင်တဲ့ တဦးတည်းသော မင်းသမီးလည်း ဖြစ်ပါတယ်။

“Avengers: Infinity War” ရုပ်ရှင်မင်းသမီး ဟာ ဝင်ငွေဒေါ်လာ ၄၀ ဒဿမ ၅ သန်းနဲ့ ၂၀၁၈ ခုနှစ်အတွက် အနုပညာဝင်ငွေအများဆုံး မင်းသမီးနေရာကို Angelina Jolie, Jennifer Aniston နဲ့ Jennifer Lawrence တို့ကို ကျော်တက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့အနုပညာဝင်ငွေအများဆုံးမင်းသားစာရင်း

Forbes list of the world’s best-paid male actors is:

(၁) George Clooney – ဒေါ်လာ ၂၃၉ သန်း

(၂) Dwayne Johnson – ဒေါ်လာ ၁၁၉ သန်း

(၃) Robert Downey Jr – ဒေါ်လာ ၇၉ သန်း

(၄) Chris Hemsworth – ဒေါ်လာ ၆၄ ဒဿမ ၅ သန်း

(၅) Jackie Chan – ဒေါ်လာ ၄၅ ဒဿမ ၅ သန်း

(၆) Will Smith – ဒေါ်လာ ၄၂ သန်း

(၇) Akshay Kumar – ဒေါ်လာ ၄၀ ဒဿမ ၅ သန်း

(၈) Adam Sandler – ဒေါ်လာ ၃၉ ဒဿမ ၅ သန်း $39.5 million

(၉) Chris Evans – ဒေါ်လာ ၃၄ သန်း

(၁၀) Salman Khan – ဒေါ်လာ ၃၃ ဒဿမ ၅ သန်း

Ref:aceshowbiz

The post ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံး မင်းသားအဖြစ် George Clooney ရပ်တည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...