Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသားကြီး အမီတာဘဂျမ်းနဲ့ မင်းသား ဂျက်ကီချန်းတို့ ပါဝင်တဲ့ ‘Aankhen 2 ‘ရုပ်ရှင်

$
0
0

ဘောလိဝုဒ်ရုပ်ရှင်လောကမှာ ၂၀၀၂ ခုနှစ်တုန်းက အထူးအောင်မြင်ခဲ့တဲ့ ‘Aankhen’ ရုပ်ရှင်ဟာ အခုတော့ နောက်ဆက်တွဲ ရုပ်ရှင်တခု ထပ်မံထွက်ရှိလာတော့မှာဖြစ်ပြီး ပထမဆုံးရုပ်ရှင်လိုပဲ အောင်မြင်မှုရရှိအောင် ရုပ်ရှင်ဖန်တီးသူတွေဟာ မျှော်မှန်းချက်ကြီးကြီးမားမားထားရှိကြတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ VipulAmrutlal Shah ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ရဲ့ အသစ်ဇာတ်လမ်းကို ဒါရိုက်တာ Anees Bazmee ကဆက်လက်ရိုက်ကူးမှာဖြစ်ပြီး မင်းသားကြီး အမီတာဘဂျမ်းကပဲ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည်ပါဝင်လာ ဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးထွက်ရှိလာတဲ့ သတင်းတွေအရ “Aankhen 2” ရုပ်ရှင်မှာ ဟောလိဝုဒ်အက်ရှင် အကျော်အမော်၊ တရုတ်မင်းသား ဂျက်ကီချန်းလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့သိရပါတယ်။ သတင်းရင်းမြစ်တခုက “အမီတာ ဘဂျမ်းဟာ ဇာတ်ညွှန်းကိုသဘောကျခဲ့ပြီးတော့ အဲဒီရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ခေါင်းညိတ်ခဲ့ပါတယ်”

“ဒါရိုက်တာ Anees ကလည်း ပြင်ဆင်မှုတွေစတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးရေးစတင်မှာဖြစ်ပါတယ်။ အဖွဲ့ကတော့ ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ဖြန့်ချိနိုင်ဖို့ ရည်မှန်းချက်ထား ထားပါတယ်” လို့Mumbai Mirror သတင်းစာကို ပြောကြား ခဲ့ပါတယ်။

မင်းသားကြီး ဘဂျမ်းအပြင် ကောလာဟလသတင်းတွေအရ အဲဒီရုပ်ရှင်မှာ “Raabta” ရုပ်ရှင်မင်းသား Sushant Singh Rajput နဲ့ “Sanju” ရုပ်ရှင်မင်းသား Vicky Kaushal. တို့လည်း ပါဝင်လာကြမယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုက “ဒီတကြိမ်မှာတော့ တရုတ်နိုင်ငံသားတယောက် ပိုင်ဆိုင်တဲ့ ကာစီနို တခုအကြောင်း ရိုက်ကူးမယ့် ဇာတ်လမ်းဖြစ်ပြီးတော့ ထုတ်လုပ်သူတွေက ဂျက်ကီချန်းကိုလည်း ပါဝင်စေဖို့ စဉ်းစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အစောပိုင်းမှာ ရုပ်ရှင်ကို ဆက်လက်ရိုက်ကူးမယ်လို့ ကြေညာခဲ့တဲ့ ဒါရိုက်တာ Bazmee က “ဒီရုပ်ရှင် ကို ရိုက်ကူးဖို့ အကြီးမားဆုံး စိတ်ခွန်အားကတော့ ကျနော့်ဘဝမှာ တခါမှာ မရိုက်ကူးဖူးတဲ့ အမီတာဘဂျမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါဟာ ကျနော့်အိပ်မက်ဖြစ်ပါတယ်။ ပြီးတော့ Anil Kapoor, Arshad Warsiနဲ့ Arjun Rampal တို့လည်း ပါဝင်ကြဦးမှာပါ။ သရုပ်ဆောင်တွေ အများကြီးနဲ့ တကယ့်ရုပ်ရှင်ကြီး တခုဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Akshay Kumar, Paresh Rawal, Arjun Rampal နဲ့ Sushmita Sen တို့ပါဝင်ထားတဲ့ Aankhen ရုပ်ရှင်အကြောင်းကတော့ ဘဏ်တခုကို ဓားပြတိုက်ဖို့ အမီတာဘဂျမ်းက လေ့ကျင့်ပေး ထားတဲ့ လူ ၃ ဦးရဲ့ အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။

Ref:tribune

The post မင်းသားကြီး အမီတာဘဂျမ်းနဲ့ မင်းသား ဂျက်ကီချန်းတို့ ပါဝင်တဲ့ ‘Aankhen 2 ‘ ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...