Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အနုပညာသမားတွေ အားလုံး မူးယစ်ဆေးဝါး နွံထဲကနေ ရုန်းထွက်သင့်ပြီ”

$
0
0

မကြာသေးခင် ရက်ပိုင်းအတွင်းက အနုပညာရှင်အချို့ မူးယစ်ဆေးဝါး အမှုများနဲ့ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရမှုများ ရှိခဲ့ပါတယ်။ ယခုလို အနုပညာရှင်များကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးခံနေရမှုများအပေါ် ဇာတ်သဘင် အနုပညာရှင် တဦးဖြစ်တဲ့ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက အခုလိုပဲ ဆိုပါတယ်။

“အခုမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေ ဖမ်းဆီးခံနေရတဲ့အပေါ် စိတ်မကောင်းပါဘူး။ ကျနော်တို့ အပေါင်းအသင်းတွေ၊ အနုပညာသမားတွေ အားလုံး ဒီနွံထဲကနေ ရုန်းထွက်သင့်ပါပြီ။ နွံထဲမှာ နစ်နေတဲ့ သူငယ်ချင်းတွေ အားလုံး ရုန်းထွက်ခဲ့ပါတော့”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

မင်းသား ဟန်ဇာမိုးဝင်းအနေနဲ့ မူးယစ်ဆေးဝါးကို စမ်းသပ်ခဲ့ဖူးတဲ့ အခြေအနေရှိသော်လည်း မူးယစ်သားကောင် အဖြစ် အရောက် မခံခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ကျနော်တို့လည်း စမ်းသပ်ခဲ့တဲ့ အခြေအနေတွေ ရှိတယ်။ အပျော်ဆိုတာမျိုး လုပ်ခဲ့ဖူးတာ ရှိတယ်။ မလုပ်ခဲ့ဖူးဘူးလို့ မပြောပါဘူး။ ဒါပေမယ့် ကျနော်တို့မှာ သတိ အမြဲတမ်း ရှိတယ်။ ကိုယ့်ဘဝ ပျက်လောက်တဲ့အထိ ဘယ်အရာမှ မစမ်းသပ်သင့်ဘူးလို့ ကျနော်ထင်တယ်။ ဘဝတွေကို ဝါးမြိုပြီး မိသားစုတွေ ဒုက္ခရောက် ကိုယ့်လည်း နွံထဲနစ်သွားတဲ့ အထိတော့ စွဲလမ်းနှစ်ဖို့ မကောင်းပါဘူး”လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

 

 

“ကိုယ့်ကိုယ်ကိုထက် မူးယစ်ဆေးဝါးက ပိုချစ်စရာများ ကောင်းနေလို့လား။ ကိုယ့်ဘဝကြီးကို အဆုံးရှုံးခံပြီး သူ့ကို ပိုချစ် မလို့လား။ ကျနော်ကတော့ တားတယ်။ မျိုးဆက်သစ် ညီလေးတွေ၊ ညီမလေးတွေလည်း မစမ်းသပ်ပါနဲ့။ ဘဝတွေ ပါသွားမယ်၊ မိသားစုတွေ ပြိုပျက်သွားမယ်။ အလုပ်တွေ ပါသွားမယ်။ ကိုယ်ရဲ့အနာဂတ် အိပ်မက်တွေလည်း ပါသွားနိုင်တာကြောင့် မရူးသွပ်ကြပါနဲ့လို့ ပြောချင်ပါတယ်”လို့ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက ဆိုပါတယ်။

“မဟာရန်ကုန် စံပြသဘင်” မှ မင်းသား ဟန်ဇာမိုးဝင်းက လက်ရှိ တောင်ပြုန်း ပွဲတော်ကြီးမှာ ကပြဖျော်ဖြေနေတာ ဖြစ်ပြီး နယ်မှာကော ရန်ကုန်မှာပါ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ ဇာတ်မင်းသား၊ သဘင်အနုပညာရှင် တဦး ဖြစ်ပါတယ်။ ဇာတ်သဘင်မျိုးရိုးကနေ ဆင်းသက်လာတဲ့ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းကတော့ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့နဲ့ မောင်နှမ တော်စပ်သူလည်း ဖြစ်ပါတယ်။

ယခုလ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ အနုပညာလောကအတွင်း စိတ်ကြွမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုများကို ဖမ်းဆီးမှုများရှိလာခဲ့ပြီး သြဂုတ်လ ၉ရက်နေ့က အဆိုတော် ရွှေထိုက်နဲ့ အမျိုးသားတဦး၊ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ အဆိုတော် ရသ အပါအဝင် အပေါင်းအပါ ၃ ဦး၊ သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းမှာတော့ ဒါရိုက်တာ မိုက်တီးကို သူရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးများနဲ့ အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ“မူးယစ်ဆေးဝါးဆိုတာ အနုပညာကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး”

“မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကတရားခံတွေ မဟုတ်ပါဘူး၊ သားကောင်တွေပါ”

The post “အနုပညာသမားတွေ အားလုံး မူးယစ်ဆေးဝါး နွံထဲကနေ ရုန်းထွက်သင့်ပြီ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်