Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆူခံချင်လို့ ဆရာတွေဆီကို ဖုန်းဆက်ပြီး အဆူခံတဲ့ ရွှေမှုံရတီ

$
0
0

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် ရွှေမှုံရတီက တခါမှ သရုပ်မဆောင်ဖူးတဲ့ ဓားပြ ကာရိုက်တာကို သရုပ်ဆောင်ရတဲ့အတွက် အသစ်အဆန်းဖြစ်ပြီး ပျော်လည်းပျော်တယ်လို့ ပြောပါတယ်။ မကြာခင် ရုံတင်ပြသမယ့် “ဟီးဟီးဟားဟား” ရှင်ရှင်မှာ ရွှေမှုံရတီက မိန်းကလေး ဓားပြတယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ကိုယ်မရိုက်ဖူးသေးတဲ့ ကာရိုက်တာ ရိုက်ရတော့ ဝမ်းသာတယ်။ ယောကျာ်းလေးပဲ ဓားပြလုပ်တာ။ အခုက မိန်းကလေး ဓားပြလုပ်ရတော့ အသစ်အဆန်းလေးလည်း ဖြစ်တယ် ပျော်လည်း ပျော်တယ်။ အမှတ်တရလည်း ဖြစ်တယ်။ သဲ မရိုက်ဖူးတဲ့ ကာရိုက်တာပေါ့။ ဟာသဖက်ကို သွားထားတယ်။ ကို Kညီနဲ့ ဗရမ်းဗတာတွေ လုပ်ကြတယ်။ သူတို့က ဟာသနဲ့ ပတ်သတ်ရင် တော်ပြီးသားဆိုတော့ ကိုယ်တွေက နောက်က လိုက်လုပ်ရုံပဲ။ သိပ်မပင်ပန်းဘူး” လို့ ရွှေမှုံရတီက ပြောပါတယ်။

“သဲ မင်းသမီး စလုပ်ကတည်းက ကိုယ့်အစ်ကိုတွေလို ဖြစ်နေတော့ ရယ်ရတယ်။ အိုက်တင် ကောင်းတယ်။ ဇာတ်ပို့တွေလည်း ရသင့်ရထိုက်တဲ့ ကာရိုက်တာနဲ့ အကယ်ဒမီ ရပါစေလို့ ပြောချင်တယ်။ အလုပ်လုပ်တဲ့ သက်တမ်းတွေ အသက်အရွယ်တွေ ဘာမှ မကြည့်ဘဲနဲ့ ဇာတ်ကား တကားမှာ အံဝင်ခွင်ကျဖြစ်တဲ့ သူတွေကို အကယ်ဒမီ ရစေချင်တယ်”လို့ ရွှေမှုံရတီက ဆိုပါတယ်။

ရွှေမှုံရတီက သူမကို အမြင်မတော်တာများရှိရင် သူမရဲ့ ဆရာများ ဆုံးမတာနဲ့ ပတ်သက်ပြီး ဆရာတွေ ဆူတာကို သဘောကျတယ်လို့ ဆိုပါတယ်။

“ဆရာ၊ တပည့်တွေဆိုတော့ အမြဲစောင့်ကြည့်ပြီး ဆူနေကြပဲ။ သဲကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ သဲဆရာတွေရဲ့ အဆူကို ခံချင်လို့ တခါတလေ ဖုန်းဆက်ပြီး အဆူခံတာတွေလည်း ရှိတယ်။ ဆရာတွေ ဆုံးမတာ ဆူတာကို သဘောကျပါတယ်။ သဲက အမြဲတမ်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီ ပါဝင်သရုပ်ဆောင်ထားတဲ့ ” အဆိုတော်တွေနေတဲ့ရွာ” ဇာတ်ကားက ပရိသတ် အားပေးမှု ရရှိထားပြီး “ဟီးဟီးဟားဟား” ရုပ်ရှင်ကလည်း ရုံမတင်ခင် ကတည်းက ပရိသတ် စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

“အဆိုတော်တွေနေတဲ့ ရွာ” ရော၊ “ဟီးဟီးဟားဟား” ရော ဇာတ်ကား နှစ်ကားလုံးက အောင်သီရီက ဆိုတော့ သဲ မင်းသမီးဖြစ်အောင် ကူညီပေးခဲ့တဲ့ တိုက်တွေဆိုတော့ နှစ်ကားလုံးကို ရင်ခုန်ပါတယ်။ ပိုက်ဆံတွေလည်း အများကြီး ရကြပါစေ။ ပရိသတ်ကြီးလည်း အားပေးပါဦး” လို့ ရွှေမှုံရတီက ပြောပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီဟာ အသက် ၁၄ နှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး အနုပညာပျိုးခင်းရဲ့ မင်းသမီး တလက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာ ရွှေမှုံရတီက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “သစ္စာနန်းတော်” ဇာတ်ကားမှာ မြင့်မြတ်နဲ့ အတူ ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ“သဲ ဘယ်လောက်အထိ ပွင့်လင်းတယ်ဆိုတာ ပရိသတ် အသိဆုံးပါပဲ”

The post အဆူခံချင်လို့ ဆရာတွေဆီကို ဖုန်းဆက်ပြီး အဆူခံတဲ့ ရွှေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...