Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ညိုမင်းလွင်မွေးနေ့အတွက် ဘုရားဆင်းတုတော် လှူဒါန်းပေးတဲ့ စန္ဒာလွင်

$
0
0

ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့က စမ်းချောင်းမြို့နယ်၊ကျွန်းတောဓမ္မာရုံမှာကျင်းပခဲ့တဲ့ ဝါစိမ်းနီလာဘမုနိ ဦးရွှေအိုး ဘုရားဆင်းတုတော်မြတ်များနဲ့ မဟာပဋ္ဌာန်းကျမ်းတော်ကြီးများ မဟာဒုတ်မဲဖောက်လှုဒါန်းပွဲမှာ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ဇနီး စန္ဒာလွင်(ညကျောင်း ရုပ်ရှင် ထုတ်လုပ်ရေး)တို့ မိသားစုက ဘုရားဆင်းတုတော်နဲ့ မဟာပဋ္ဌာန်းကျမ်းတော်ကြီးများကို ကိုယ်တိုင်ပါဝင် လှုဒါန်းခဲ့ကြပါတယ်။

“အခုလှူဖြစ်တာက ညီမလေးတယောက် သွားလှူတာတွေ့ပြီး လှူချင်စိတ်ဖြစ်လို့ သွားလှူဖြစ်တာပါ။ ဒီလက ကျမရဲ့မွေးလဖြစ်လို့ ကျမတို့ မိသားစုက ပဋ္ဌာန်း ၅ ကျမ်းတစုံနဲ့ ဘုရား ၁၀ ဆူ လှူဖြစ်ပါတယ်။ ကျမ မိဘနှစ်ပါးကိုလည်း သူတို့ကိုယ်တိုင် လှူရအောင် ပဋ္ဌာန်း ကျမ်းတစုံကို ထပ်လှူပေးပါတယ်။ ဒါပထမဆုံး အကြိမ်ပါ”လို့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ဇနီးဖြစ်သူ မစန္ဒာလွင်က ဧရာဝတီကို ပြောပါတယ်။

အခုလို ဘုရားဆင်းတုနဲ့ မဟာပဋ္ဌာန်းကျမ်းတော် အလှုပွဲက လစဉ် ရှိတာကြောင့် နောက်လ ၊ စက်တင်ဘာလ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ မွေးနေ့လအတွက်လည်း ဘုရား ၁၀ ဆူနဲ့ပဋ္ဌာန်းကျမ်း တစုံ ကြိုတင်စာရင်းသွင်း လှုဒါန်းခဲ့ပြီး ခင်ပွန်းဖြစ်သူ ညိုမင်းလွင်ရဲ့ မိဘနှစ်ယောက်ကိုလည်း ပဌာန်းကျမ်းတစုံ လှူဖို့စီစဉ်ပေးမယ်လို့လည်း သိရပါတယ်။

စန္ဒာလွင်ရဲ့ ညကျောင်းထုတ်လုပ်ရေးကနေ မကြာခင် တင်ဆက်မယ့် “အနန္တ”သိပ္ပံရုပ်ရှင်ကားကြီးကို နိုဝင်ဘာလ၊ ထိုင်းနိုင်ငံမှာကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ကမ်းလှမ်းခြင်း ခံရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မပြသခင် ထိုင်းရုပ်ရှင်ပွဲတော်မှာ အရင်ဆုံး သွားရောက်ပြသရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အနေနဲ့ ပထမဆုံး သိပ္ပံဇာတ်ကားကြီးဖြစ်တဲ့ “အနန္တ”ဇာတ်ကားထုတ်ဝေသူအနေနဲ့ ဘယ်လိုစိတ်ဖိစီး၊ ပူပန်မှုတွေများ ရှိနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး မစန္ဒာလွင်က အခုလိုဆိုပါတယ်။

“ထုတ်ဝေသူအနေနဲ့ ဆိုရင်တော့ ဒီဇာတ်ကားအပေါ် ကျေနပ်မှုရှိပါတယ်။ စေတနာ တကယ်ထားပြီး လုပ်နိုင်သလောက် လုပ်ထားတာပါ။ စိတ်ဖိစီးမှုကတော့ ရှိတာပေါ့။ အများကြီး ၊ဘာတွေလို့ပြောဖို့တောင် မပြောနိုင်တော့ဘူး။ ပူပန်မှုကတော့ မရှိဘူး ပြောရမလားပဲ။ ကျမ ယုံကြည်တယ်။ လုပ်နိုင်သလောက် စေတနာထားပြီး တကယ်ကြိုးစား လုပ်ထားတယ်။ အဲဒီစေတနာ အကျိုးပေးမှာပါပဲ”လို့ ဆိုပါတယ်။

ညကျောင်းကနေ ဆက်ထွက်ဖို့ရှိတဲ့ ရုပ်ရှင်များနဲ့ပတ်သက်ပြီးလည်း” နောက်ထပ်က ရိုက်လက်စ ၂ကား ရှိတယ်။ “ဒိုင်နိုဆော”နဲ့ “မနုစာရီ”ရုပ်ရှင်ကားကြီး ၂ ကားပါ။”ဒိုင်နိုဆော”မှာက သမီး ရဲရင့်နှင်းဆီလွင်နဲ့ ပန်တျာနှင်းဆီလွင်တို့နှစ်ယောက်လည်း ပါဝင်သရုပ်ဆောင်ထားတယ်။ မထက်ထက်မိုးဦး သမီးလေးလည်း ပါတယ်။ နောက်ထပ်လည်း စဉ်းစားထားတာတော့ ရှိပါသေးတယ်။ ကိုညို လုပ်ချင်တာလေးပါ”လို့ ပြောပါတယ်။

သမီးတွေကလည်း ဖခင် ညိုမင်းလွင်နဲ့ ဇာတ်ကား ရိုက်ဖြစ်တဲ့အပေါ် သမီးလေးတွေရဲ့ အနုပညာနဲ့ပတ်သက်ပြီးလည်း သူ့ရဲ့ဆန္ဒကိုလည်း မေးကြည့်တဲ့အခါမှာ အခုလိုဆိုပါတယ်။

“သမီးတွေ ဝါသနာပါရင် ပေးလုပ်မှာပါ။ အခုတော့ အခြေခံကောင်းတွေ ရအောင်ပဲ အတတ်နိုင်ဆုံး သင်ပေးနေပါတယ်”လို့ ညကျောင်း ထုတ်လုပ်သူ မစန္ဒာလွင်က ဧရာဝတီကို ပြောပါတယ်။

The post ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ညိုမင်းလွင်မွေးနေ့အတွက် ဘုရားဆင်းတုတော် လှူဒါန်းပေးတဲ့ စန္ဒာလွင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...